Friday, August 9, 2013

H7N9 ကြက်ဌက်တုတ်ကွေး လူလူချင်း ကူးစက်နိုင်လို့ဆို


တိုင်ပေမြို့က ဘဲအရောင်းဆိုင်တစ်ခု (Credit: AFP) 
တရုတ်နိုင်ငံ ​သိပ္ပံပညာရှင်တွေရဲ့ ​အဆိုအရ ​H7N9 ​အမျိုးအစား ​ကြက်ဌက်တုတ်ကွေး ​ရောဂါသစ်ဟာ ​လူလူချင်းကို ​ကူးစက်နိုင်တယ်လို့ ​ဆိုပါတယ်။
H7N9 ​အမျိုးအစား ​ကြက်ဌက်တုတ်ကွေးရောဂါသစ်ကို ​ဒီနှစ် ​မတ်လတုန်းက ​တရုတ်နိုင်ငံမှာ ​စတင်တွေ့ရှိခဲ့ပြီးနောက်ပိုင်း ​လူပေါင်း ​၁၃၂ ​ယောက် ​ကူးစက်ခံရပြီး ​၃၇ ​ယောက် ​သေဆုံးခဲ့ရပါတယ်။
H7N9 ​ဗိုင်းရပ်စ်အသစ်ဟာ ​H5N1 ​အမျိုးအစားထက် ​လူလူချင်း ​ကူးစက်နိုင်တဲ့ ​သက်သေတွေ ​တွေ့ ခဲ့ရတယ်လို့ ​တရုတ်နိုင်ငံ ​တုတ်ကွေးဆိုင်ရာ ​ကျန်းမာရေး ပညာရှင်တွေ က ​ပြောပါတယ်။
မကြာသေးခင်ကပဲ ​ကြက်ဌက်တုတ်ကွေး ​ရောဂါကူးစက်ခံရတဲ့ ​ဖခင်ဖြစ်သူကို ​ပြုစုခဲ့တဲ့ ​သမီးဖြစ် သူလည်း ​ရောဂါကူးစက်ခံရပြီး ​နှစ်ယောက်စလုံး ​သေဆုံးသွားတဲ့ ​ကိစ္စကို ​ကြည့်ခြင်းအားဖြင့် ​လူလူချင်း ​ကူးစက်နိုင်ငံ ​သက်သေသာဓက ​ရှိပေမယ့် ​ကြက်ဌက်တုတ်ကွေး ​ရောဂါသည်ကို ​ပြုစုသူတိုင်း ​ကူးစက်ခံရမှုတော့ ​နည်းပါးတယ်လို့ ​ပြောပါတယ်။

ခုလောလောဆယ် ​တရုတ်နိုင်ငံမှာ ​ကြက်ဌက်တုတ်ကွေးရောဂါနဲ့ ​ပတ်သက်ပြီး ​ကူးစက် ခံရမှုတွေ ​လျော့ နည်းလာပေမယ့် ​သတိထား ​စောင့်ကြည့်ရတဲ့ ​အနေအထား ​ရှိနေတုန်းပဲလို့ ​သိရပါတယ်။
ရောဂါဖြစ်နှုန်းကျဆင်းတာဟာ ​ကြက်၊ ​ဌက်၊ ​ဘဲ ​အကောင်ပေါင်း ​သန်းနဲ့ချီကို ​အာဏာပိုင်တွေက ​သုတ် သင်လိုက်တဲ့အတွက် ​ဖြစ်တာလား ​ဒါမှမဟုတ် ​ရာသီဥတု ​ပြောင်းလဲလာလို့ ​ရောဂါဖြစ်နှုန်း ​ကျဆင်း သွားတာလားဆိုတာကိုတော့ ​လေ့လာနေတုန်းပဲလို့ ​ဆိုပါတယ်။
ဆောင်းရာသီမှာ ​ကြက်ဌက်တုတ်ကွေးရောဂါရန် ​ပိုပြီး ​စိုးရိမ်ရတယ်လို့လည်း ​ပြောပါတယ်။

0 comments:

Post a Comment