Friday, August 9, 2013

ပေါင် ၅၀၀ ရှိတဲ့ ဘိန်းဖြူတွေကို ထိုင်းရဲဖမ်းမိ

burma drug
ထိုင်း-မြန်မာ နယ်စပ်မှာလည်း တရားမဝင် မူးယစ်ဆေးဝါးတွေကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိပါတယ်။ (Credit: ABC) 
ထိုင်းနိုင်ငံ ​ဘန်ကောက်မြို့မှာ ​ဘိန်းဖြူအလေးချိန် ​ပေါင် ​၅၀၀ ​ဒါမှမဟုတ် ​ကီလိုဂရမ် ​၂၃၀ ​လက်ဝယ် ထားရှိမှုနဲ့ ​လူလေးယောက်ကို ​ထိုင်းရဲတွေက ​ဖမ်းဆီးလိုက်ပါတယ်။

 တာဝန်သိပြည်သူ ​တစ်ဦးရဲ့ ​သတင်းပေးပို့ချက်ကြောင့် ​ဟိုတယ်တစ်ခုမှာ ​တည်းခိုနေတဲ့ ​အသက် ​၃၉ ​နှစ်အရွယ် ​ထိုင်းနိုင်ငံသား ​တစ်ဦးကို ​ထိုင်းရဲတွေ ​ဖမ်းဆီးပြီး ​သူ့ရဲ့ ​ကားကို ​ရှာဖွေတဲ့အခါ ​ပေါင် ​၅၀၀ ​ရှိတဲ့ ​ဘိန်းဖြူအိတ်အလုံး ​၇၀၀ ​ကို ​တွေ့ရှိခဲ့တာ ​ဖြစ်ပါတယ်။
အဲဒီအမှုနဲ့ ​ဆက်နွယ်ပြီး ​အသက် ​၅၃ ​နှစ်နဲ့ ​၄၃ ​နှစ်အရွယ် ​တရုတ်နိုင်ငံသား ​၂ ​ဦးနဲ့ ​အသက် ​၄၃ ​နှစ် အရွယ် ​ထိုင်ဝမ်နိုင်ငံသား ​တစ်ဦးကို ​ထိုင်းနိုင်ငံ ​နိုင်ငံတကာ​လေဆိပ်မှာ ​ဖမ်းဆီးရမိတယ်လို့ ​သိရပါ တယ်။
ဖမ်းဆီးရမိထားတဲ့ ​ဘိန်းဖြူကီလိုဂရမ် ​၂၃၀ ​ရဲ့ ​တန်ဖိုး ​ဘယ်လောက်ရှိနိုင်တယ်ဆိုတာကို ​ရဲတွေက ​မပြောခဲ့ပါဘူး။
လွန်ခဲ့တဲ့ ​ဂျွန်လတုန်းကလည်း ​ထိုင်းရဲတွေ ​ဘိန်းဖြူ ​ကီလိုဂရမ် ​၁၂၅ ​ကီလို ​မီးရှို့ဖျက်ဆီးလိုက် ပြီးနောက် ​တရားမဝင်မှုးယစ်ဆေးဝါးကုန်ကူးမှု ​နှိမ်နင်းရေးတွေ ​ပိုမို ​လုပ်ဆောင်လာနေပါတယ်။
မနေ့တုန်းကပဲ ​မြန်မာနိုင်ငံကနေ ​သယ်ယူလာတဲ့ ​ထိုင်းဘတ်ငွေ ​သန်း ​တစ်ထောင်ကျော်တန်ဖိုးရှိတဲ့ ​မူးယစ်ဆေးဝါးတွေကို ​ထိုင်းနိုင်ငံမြောက်ပိုင်း ​ချင်းရိုင်းခရိုင်အတွင်းမှာ ​ထိုင်းအာဏာပိုင်တွေက ​ဖမ်းဆီး ရမိ ခဲ့တယ်လို့လည်း ​သိရပါတယ်။

ABC Radio

0 comments:

Post a Comment