Thursday, September 19, 2013

ဘဏ္ဍာရေး ရှင်းတမ်းထုတ်ပြန်ရာတွင် မန်ယူအသင်း စံချိန်တင် လုပ်ငန်းလည်ပတ်ငွေရခဲ့

မန်ယူမှာ ၂၀၁၃ ဇွန်လအထိ တစ်နှစ်တာ ဘဏ္ဍာရေးရှင်းတမ်းထုတ်ပြန်ရာတွင် အသင်းသမိုင်း တစ်လျှောက်လုပ်ငန်းလည်ပတ်ငွေ ပေါင် ၃၆၃.၂သန်းထိ ရရှိခဲ့ပြီး ယမန်နှစ်ကထက် ၁၃.၄ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ မန်ယူသည် စပွန်ဆာစာချုပ်များမှ ပေါင် ၉၀.၉သန်း ရရှိခဲ့ပြီး အမှုဆောင်ချုပ် ၀ုဒ်ဝက်လက်ထက်တွင် ၄၄.၁ရာခိုင်နှုန်း များပြားလာခဲ့ခြင်းဖြစ်သည်။


မန်ယူသည် အသင်း၏ စီးပွားရေးဆိုင်ရာဝင်ငွေ ၂၉.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ပေါင် ၁၅၂.၅သန်း ရရှိခဲ့ကာ အသင်း၏ကြွေးကျန်မှာလည်း ၃၈၉.၂သန်းထိ ကျဆင်းလာပြီဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း မန်ယူ၏ လစာငွေ ပေးချေမှုမှာ ပေါင် ၁၈၀.၅သန်း ကုန်ကျခဲ့ပြီး လက်မှတ်ရောင်းချငွေ တိုးများလာခြင်းကြောင့် အသင်း၏ အမြတ်ငွေမှာလည်း ၁၄၆သန်းထိ ရှိခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment