Saturday, August 24, 2013

ဘိုးရင်း ကုမ္ပဏီထုတ် တတိယမြောက် C-17 Globe master လေယာဉ် အိန္ဒိယလေတပ် လက်ခံရရှိ

Photo: ဘိုးရင်း ကုမ္ပဏီထုတ် တတိယမြောက် C-17 Globe master လေယာဉ် အိန္ဒိယလေတပ် လက်ခံရရှိ 
Saturday, August 24, 2013

ဘိုးရင်းကုမ္ပဏီသည်  အိန္ဒိယလေ တပ် (IAF) အတွက်   တတိယမြောက် C-17 Globe master စစ်ဘက်သယ်ယူ ပို့ဆောင်ရေး လေယာဉ်ကို ပေး အပ်ခဲ့ကြောင်း    သြဂုတ် ၂၃ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ ၎င်းလေယာဉ်သည် ဘိုးရင်း ကုမ္ပဏီ၏ Long Beach အကြီးစား လေယာဉ် ထုတ်လုပ်ရေး စက်ရုံမှ သြဂုတ် ၂ဝ ရက်က  အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်းနှင့် လွန်ခဲ့သော နှစ်လအတွင်း ကလည်း C-17 စစ်ဘက် သယ်ယူပို့ဆောင် ရေး လေယာဉ်နှစ်စင်းမှာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဘိုးရင်းကုမ္ပဏီသည် အိန္ဒိယ လေတပ်သို့ ယခုနှစ်အတွင်း အဆိုပါ C-17  လေယာဉ် နောက် ထပ်နှစ်စင်း ထပ်မံ ပို့ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ၂ဝ၁၄ ခုနှစ်တွင် ငါးစင်း ထပ်မံပို့ဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ C-17 ဘက်စုံ သုံး စစ်ဘက်သယ်ယူ ပို့ဆောင်ရေး လေယာဉ် များကို ၁၉၉၁ ခုနှစ်မှစတင်၍ စစ်ဆင်ရေး များတွင် အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ကြီးမားလေးလံသော ကုန်ပစ္စည်းများကို သယ်ဆောင်ကာ  ခရီးအကွာအဝေး များစွာ မောင်းနှင်နိုင်သည့် အပြင် ကြမ်းတမ်းသော ပြေးလမ်းများပေါ်တွင် အတက် အဆင်း ပြုလုပ်နိုင်ကြောင်း သိရသည်။ ဘိုးရင်းကုမ္ပဏီသည် C-17  လေယာဉ် ၂၅၆ စင်းထုတ်လုပ်ထားပြီး အမေရိကန် လေတပ်သို့ ၂၂၂ စင်းနှင့် သြစတြေးလျ၊ ကနေဒါ၊ အိန္ဒိယ၊ ကာတာ၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဗြိတိန်၊ NATOနှင့်  ငြိမ်းချမ်းရေး မိတ်ဖက် အဖွဲ့ဝင်  နိုင်ငံများသို့ ၃၄ စင်းရောင်းချ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြ၀တီ
ဘိုးရင်းကုမ္ပဏီသည်  အိန္ဒိယလေ တပ် (IAF) အတွက်   တတိယမြောက် C-17 Globe master စစ်ဘက် သယ်ယူ ပို့ဆောင်ရေး လေယာဉ်ကို ပေး အပ်ခဲ့ကြောင်း    သြဂုတ် ၂၃ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
၎င်းလေယာဉ်သည် ဘိုးရင်း ကုမ္ပဏီ၏ Long Beach အကြီးစား လေယာဉ် ထုတ်လုပ်ရေး စက်ရုံမှ သြဂုတ် ၂ဝ ရက်က  အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်းနှင့် လွန်ခဲ့သော နှစ်လအတွင်း ကလည်း C-17 စစ်ဘက် သယ်ယူပို့ဆောင် ရေး လေယာဉ်နှစ်စင်းမှာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဘိုးရင်းကုမ္ပဏီသည် အိန္ဒိယ လေတပ်သို့ ယခုနှစ်အတွင်း အဆိုပါ C-17  လေယာဉ် နောက် ထပ်နှစ်စင်း ထပ်မံ ပို့ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ၂ဝ၁၄ ခုနှစ်တွင် ငါးစင်း ထပ်မံပို့ဆောင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

C-17 ဘက်စုံ သုံး စစ်ဘက်သယ်ယူ ပို့ဆောင်ရေး လေယာဉ် များကို ၁၉၉၁ ခုနှစ်မှစတင်၍ စစ်ဆင်ရေး များတွင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကြီးမားလေးလံသော ကုန်ပစ္စည်းများကို သယ်ဆောင်ကာ  ခရီးအကွာ အဝေး များစွာ မောင်းနှင်နိုင်သည့် အပြင် ကြမ်းတမ်းသော ပြေးလမ်းများပေါ်တွင် အတက် အဆင်း ပြုလုပ်နိုင်ကြောင်း သိရသည်။ ဘိုးရင်းကုမ္ပဏီသည် C-17  လေယာဉ် ၂၅၆ စင်းထုတ်လုပ်ထားပြီး အမေရိကန် လေတပ်သို့ ၂၂၂ စင်းနှင့် သြစတြေးလျ၊ ကနေဒါ၊ အိန္ဒိယ၊ ကာတာ၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဗြိတိန်၊ NATOနှင့်  ငြိမ်းချမ်းရေး မိတ်ဖက် အဖွဲ့ဝင်  နိုင်ငံများသို့ ၃၄ စင်းရောင်းချ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment