ဂျပန်မြေပြင် ကာကွယ်ရေးတပ်ဖွဲ့ (ကြည်းတပ်) သည် နှစ်စဉ်ပြုလုပ်နေကျ ဖြစ်သည့် ကျည်စစ် ကျည်မှန်များဖြင့် ပစ်ခတ်လေ့ကျင့်သည့် အကြီးမားဆုံး စစ်ရေး လေ့ကျင့်ခန်း တစ်ရပ်ကို ဂျပန် နိုင်ငံအလယ်ပိုင်း ရှီကူအိုကာ စီရင်စု၊ ဖူဂျီ တောင်ခြေရှိ Hizashi-Fuji လေ့ ကျင့်ရေး စခန်း တွင် သြဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
၎င်းစစ်ရေး လေ့ကျင့်ခန်း
ကို ပြီးခဲ့သောနှစ်က လေ့ကျင့်ခဲ့ သည့်အတိုင်း တိုက်ခိုက်ခံရသော ဂျပန်
ကျွန်းစုများအား ပြန်လည် ထိန်းချုပ်ရေး သဏ္ဌာန်တူ လေ့ကျင့် ခဲ့ကြောင်း၊
လေ့ကျင့် ခန်းတွင် တင့်ကားအစီး ၉ဝ ခန့်နှင့် အခြားစစ်သုံးယာဉ်များ
ပါဝင်ပြီး တင့်ကား တိုက်ဖျက်ရေး ရဟတ်ယာဉ်များလည်း ပါဝင် လေ့ကျင့်ခဲ့ကြောင်း
သိရသည်။
ထို့အပြင် မြေပြင် တပ်ဖွဲ့ဝင်စစ်သည်များ၊ ရေကြောင်းနှင့်
လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များသည် ဝေးလံသော ကျွန်းများကို ပြန်လည်
တိုက်ခိုက်သော ပူးပေါင်း စစ်ရေး လေ့ကျင့်မှုကို ဇာတ်တိုက် လေ့ကျင့်
ခဲ့ကြောင်း သိရသည်။ အဆိုပါ လေ့ကျင့်ခန်းတွင် ဂျပန် လေကြောင်း ကာကွယ်ရေး
တပ်ဖွဲ့(လေတပ်)ရှိ တိုက်လေယာဉ်များ အနေဖြင့် ရာသီဥတု ဆိုးရွားနေသောကြောင့်
ပါဝင်နိုင်ခြင်း မရှိသော်လည်း ပြည်တွင်းလုပ် ပင်မတိုက်ပွဲဝင် တင့်ကား ၁ဝ
စီးဖြင့် မြေမြုပ်မိုင်းများကို ဒုံးကျည်များ အသုံးပြု၍ ပစ်ခတ်ဖျက်ဆီးသည့်
လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနသည်
ကာကွယ် ရေး အစီအမံများကို ပြင်ဆင်သည့် ကြားဖြတ် အစီရင်ခံစာတစ်စောင်
တင်သွင်းထားပြီး ၎င်းအစီရင်ခံစာတွင် ဝေးလံ ခေါင်ဖျားသော ဂျပန်နိုင်ငံ၏
ကျွန်းများကို ကာကွယ်ရေး အတွက် အမျိုးသားရေး စွမ်းရည်ကို တိုးချဲ့
တည်ဆောက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment