Wednesday, August 7, 2013

မှောင်ခိုကူးခံရသည့်ကလေးငယ် မိဘများနှင့် ပြန်တွေ့

မှောင်ခိုကူးခံရသည့်ကလေးငယ် မိဘများနှင့် ပြန်တွေ့
Wednesday, August 7, 2013

ဆရာဝန်တစ်ဦးသည် ၎င်း တာဝန်ယူမွေးဖွားပေးခဲ့သောကလေးငယ်ကို
ရောင်းချခဲ့ကြောင်း တရားစွဲဆိုခံရပြီးနောက် ထိုက လေးငယ်နှင့်မိဘများ
ပြန်လည် တွေ့ဆုံခဲ့ရကြောင်း ဩဂုတ် ၆ရက် တွင် မီဒီယာသတင်းများအရ သိရသည်။

တရုတ်နိုင်ငံ အနောက် မြောက်ဘက်ရှိ ရှန်ဇီးပြည်နယ်တွင် ထိုကလေးငယ်
ကို ဆရာဝန် ရှန်ဆူရှာက တာဝန်ယူမွေးဖွား ပေးခဲ့ပြီး ကလေးငယ်တွင် မွေး ရာပါရောဂါပါလာကြောင်း မိဘများကိုသတင်းပေးပို့ခဲ့ပြီးနောက်ကလေးငယ်
ကို ယင်းအားပေး ရန်ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ရှန်နှင့် တခြားသံသယရှိသူနှစ်ဦးကို ထိန်းသိမ်းထားခဲ့ ကြောင်း သိရသည်။

ထိုကလေးမှာ ယောက်ျား လေးဖြစ်ပြီး ဟီနန်ပြည်နယ်ရှိ လယ်သမားမိသားစု
အိမ်တွင် ရှာ တွေ့ခဲ့ခြင်းဖြစ်ပြီး မိဘများနှင့် ဩဂုတ်၅ရက်တွင် ပြန်လည်တွေ့
ဆုံခဲ့ခြင်းဖြစ်သည်။

''မိခင်ဖြစ်တဲ့ ဒွန် ရှန်ရှန်က သူ့ကလေးကို တွေ့တွေ့ ချင်းပဲ ကျေးဇူးတင်
စကားတောင် မပြောနိုင်ဘဲ ခပ်တင်းတင်းဖက် တွယ်ခဲ့တယ်''ဟု ချိုင်းနားဒေး
လီး သတင်းတွင်ဖော်ပြခဲ့သည်။

ဟီနန်ပြည်နယ်ရဲတစ်ဦး၏ ပြောကြားချက်အရ သမီးသုံးဦးရှိ သောလယ်သမား
တစ်ဦးက ထို ကလေးငယ်ကို ယွမ်၆၀၀၀၀(ဒေါ် လာ၉၈၀၀)ဖြင့် တရား
မဝင်ကလေး မှောင်ခိုသမားထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှန်ဇီပြည်နယ်မှ မိသားစုများ၏ပြောကြားချက်အရ ၎င်းတို့ မွေး ဖွားသောကလေးသည် ကျန်းမာ ရေးမကောင်းသဖြင့် ငွေကုန်ကြေး ကျခံပြီးကုသရမည်ဟု ဆရာဝန် ရှန်ကပြောကာ ကလေးကို ခေါ်သွား
ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ကလေး မှောင်ခိုကုန်သွယ်မှုများသည် အ လွန်ပြင်းထန်
သောပြဿနာတစ်ခု ဖြစ်ပြီး ထိုပြဿနာများမှာ ကလေးတစ်ဦးသာမွေးဖွား
ရမည့် မူဝါဒ ကြောင့်ဖြစ်သည်ဟု အပြစ်တင်ခဲ့ကြသည်။

ကလေးမှောင်ခိုကုန် သွယ်မှုများ ဖြိုခွဲပြီးနောက် ဒီဇင်ဘာတွင် ကလေးငယ် ၈၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး သံသယရှိသူ ၃၅၅ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

အေးချမ်းမွန် Credit To >>Yangon Media Group<< Thanks
Re-posted By ACM 7-8-2013
https://www.facebook.com/excellencemedia
ဆရာဝန်တစ်ဦးသည် ၎င်း တာဝန်ယူမွေးဖွားပေးခဲ့သောကလေးငယ်ကို ရောင်းချခဲ့ကြောင်း တရားစွဲဆို ခံရပြီးနောက် ထိုက လေးငယ်နှင့်မိဘများ ပြန်လည် တွေ့ဆုံခဲ့ရကြောင်း ဩဂုတ် ၆ရက် တွင် မီဒီယာ သတင်းများအရ သိရသည်။

တရုတ်နိုင်ငံ အနောက် မြောက်ဘက်ရှိ ရှန်ဇီးပြည်နယ်တွင် ထိုကလေးငယ်ကို ဆရာဝန် ရှန်ဆူရှာက တာဝန် ယူမွေးဖွား ပေးခဲ့ပြီး ကလေးငယ်တွင် မွေး ရာပါရောဂါပါလာကြောင်း မိဘများကို သတင်းပေး ပို့ခဲ့ပြီးနောက်ကလေးငယ်ကို ယင်းအားပေး ရန်ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ရှန်နှင့် တခြားသံသယရှိသူနှစ်ဦးကို ထိန်းသိမ်းထားခဲ့ ကြောင်း သိရသည်။

ထိုကလေးမှာ ယောက်ျား လေးဖြစ်ပြီး ဟီနန်ပြည်နယ်ရှိ လယ်သမားမိသားစုအိမ်တွင် ရှာ တွေ့ ခဲ့ခြင်းဖြစ်ပြီး မိဘများနှင့် ဩဂုတ်၅ရက်တွင် ပြန်လည်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

''မိခင်ဖြစ်တဲ့ ဒွန် ရှန်ရှန်က သူ့ကလေးကို တွေ့တွေ့ ချင်းပဲ ကျေးဇူးတင်စကားတောင် မပြောနိုင်ဘဲ ခပ်တင်းတင်းဖက် တွယ်ခဲ့တယ်''ဟု ချိုင်းနားဒေးလီး သတင်းတွင်ဖော်ပြခဲ့သည်။

ဟီနန်ပြည်နယ်ရဲတစ်ဦး၏ ပြောကြားချက်အရ သမီးသုံးဦးရှိ သောလယ်သမားတစ်ဦးက ထို ကလေး ငယ်ကို ယွမ်၆၀၀၀၀(ဒေါ် လာ၉၈၀၀)ဖြင့် တရားမဝင်ကလေး မှောင်ခိုသမားထံမှ ဝယ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရှန်ဇီပြည်နယ်မှ မိသားစုများ၏ပြောကြားချက်အရ ၎င်းတို့ မွေး ဖွားသောကလေးသည် ကျန်းမာ ရေးမကောင်းသဖြင့် ငွေကုန်ကြေး ကျခံပြီးကုသရမည်ဟု ဆရာဝန် ရှန်ကပြောကာ ကလေးကို ခေါ်သွားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ကလေး မှောင်ခိုကုန်သွယ်မှုများသည် အ လွန်ပြင်းထန်သောပြဿနာတစ်ခု ဖြစ်ပြီး ထိုပြဿနာများမှာ ကလေးတစ်ဦးသာမွေးဖွားရမည့် မူဝါဒ ကြောင့်ဖြစ်သည်ဟု အပြစ်တင်ခဲ့ကြသည်။

ကလေးမှောင်ခိုကုန် သွယ်မှုများ ဖြိုခွဲပြီးနောက် ဒီဇင်ဘာတွင် ကလေးငယ် ၈၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး သံသယရှိသူ ၃၅၅ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

Yangon Media Group 

0 comments:

Post a Comment