မြဝတီမြို့ လမ်းမအထက်အမြင့်
ကိုးပေခန့်ထိတက်ကာ နှစ်ရက်တိတိ နေရာ ယူခဲ့သောရေ များ ပြန်ကျပြီး နောက်
အိမ်များသည် ယခင်ပုံစံမျိုး မဟုတ်တော့၊ နုန်းများ တင်ကျန်ခဲ့ပြီး
လမ်းများလည်း ပျက်စီးခဲ့သည်၊ ထို့ပြင် အဆောက်အအုံတချို့လည်း ပြိုကျခဲ့ သည်။
မြို့ပေါ်ရပ်ကွက် ကတ္တရာလမ်း များပေါ် တင်ကျန်ခဲ့သော နုန်းများကို အစိုးရ
မဟုတ်သောအဖွဲ့အစည်းများ၊ နယ်ခြား စောင့်တပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ
ပူးပေါင်းကာ သန့်ရှင်း ရေး လုပ်ဆောင်ကြသည်။ သောင်ရင်း မြစ်ရေ တက်ပါက
နှစ်စဉ်ရေကြီးမှုကြုံ ရလေ့ရ ရှိသောကြောင့် ရေကြီးမူကို ယဉ်ပါးနေပြီဖြစ်သော
မြဝတီမြို့ခံတို့ အ တွက် ယခုနှစ် ရေကြီးမှုမှာမူ အထိတ် တလန့်
ဖြစ်စေခဲ့လေသည်။
မြဝတီမြို့တွင်
ဇူလိုင် ၂၈ ရက်နေ့ မှစ၍ ရေစကြီးခဲ့ပြီး ဇူလိုင် ၃၁ ရက် ညမှသာ
ရေစကျကြောင်း၊ မြဝတီတွင် ရေတက်ရေကျ နှစ်စဉ်ဖြစ်သော်လည်း ယခုနှစ်တွင်မူ
သတ်မှတ်ထားသည့် အမြင့်ထက် ၁၅ ပေကျော်မြင့်တက်သွား ခဲ့ကြောင်း
ကိုကျော်ကျော်က ပြောသည်။ အလားတူ မွန်ပြည်နယ်တွင်လည်း ဇူလိုင် ၂၈ ရက်မှစ၍
ဘီးလင်း၊ ကျိုက် မရောနှင့် ရေးမြို့နယ်တို့တွင် ရေကြီး မူများ
ဖြစ်ပေါ်ခဲ့ပြီး ၃ဝရက်နေ့ ညနေ ပိုင်းမှစ၍ တဖြည်းဖြည်းပြန်ကျနေ ကြောင်း
ဘီးလင်းဒေသခံတစ်ဦး ဖြစ် သည့် ကိုကျော်မျိုးမင်းက ပြောသည်။
”ကျေးရွာအုပ်စု
၅၅ စုမှာ ၂ဝ လောက်ခံရတယ်၊ အချို့ရွာတွေဆို တစ် ရွာလုံးမြုပ်တယ်”ဟု
ကိုကျော်မျိုးမင်း က ပြောသည်။ ကရင်ပြည်နယ်တွင်ရေလွှမ်းမိုးမှု ကြောင့်
လူသုံးဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးနေသည်။ အိမ်ထောင်စု ၆၇၃၃ စု
မှလူပေါင်း ၃၃၄ဝ၉ ဦးရေ ဘေးကြုံတွေ့ခဲ့ရပြီး၊ မွန်ပြည်နယ်တွင်
လူတစ်ဦးသေဆုံးခဲ့ကာ အိမ်ထောင်စု ၁ဝ၅ဝ စုမှ လူပေါင်း ၄၆၈ဝ ဦးရေဘေး
ကြုံတွေ့ခဲ့ရသည်။ ရေဘေးကြုံတွေ့နေရသူများ အ တွက် ကရင်ပြည်နယ်တွင် ကယ်ဆယ်
ရေး စခန်း ၇၉ ခု၊ မွန်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ်
ကာကူညီပေးလျက်ရှိပြီး ဘီးလင်းနှင့်ရေး မြို့နယ်တို့တွင်
မြစ်ရေပြန်လည်ကျဆင်း သွားသဖြင့် ရေဘေးသင့် သူများသည် ၎င်းတို့ နေအိမ်များသို့
ပြန်လည်ရောက်ရှိ သွားပြီဟု နိုင်ငံတော်သတင်းထုတ်ပြန် ရေး အဖွဲ့က
ထုတ်ပြန်ခဲ့သည်။
ရေကြီးသည်ဟုဆိုရာတွင်
မိုးရေ ချိန်များ၍ မြစ်ရေတက်ကာ ရေကြီး သည်ဟု အကြမ်းဖျင်းဆိုနိုင်သော်လည်း
သစ်တောများပြုန်းတီးလာမှု၊ မြစ်ကော လာမှုများကလည်း ချန်ထား၍ မရသော
အကြောင်းတရားများ ဖြစ်သည်။ လေးနှစ်လျှင်တစ်ကြိမ်ခန့် ရေကြီး လေ့ရှိသော
ဘီးလင်းမြို့တွင် ယခုနှစ် ရေကြီးမှုသည် ယခင်နှစ်များထက်ပိုဆိုးခဲ့ သည်။
ယခင်နှစ်များကမိုးများ၍ ဘီး လင်းမြစ်ရေ တက်သော်လည်း မြစ်သည်
မိုးရေကိုဆွဲဆင်းနိုင်သည့်အခြေအနေရှိ ခဲ့၍ ယခုနှစ်လောက်မဆိုးခဲ့ပေ။ သို့
သော် မြစ်အထက် ရွှေတူးလုပ်ငန်းများ ကြောင့်
မြစ်သည်ကောလာပြီးသောင်ထွန်းသွားသောကြောင့် ယခင်ကကဲ့သို့
မိုးရေကိုဆွဲဆင်းနိုင်သည့် အင်အားမရှိ တော့၊ ထိုအခါ ဆိုးရွားသော မြစ်ရေကြီး
မှုကို မြို့ခံများ ခံစားကြရသည်။
”မဲတို၊
ညောင်တွဲလဲ ၊ဘင်ဘန်း၊ ကွီးထောလော်လို နေရာတွေမှာ ရွှေတူး နေ ကြတော့
မြစ်က တဖြည်းဖြည်းကော လာတယ်”ဟု ဘီးလင်းမြို့ခံ ကိုကျော်မျိုး မင်းက
ပြောသည်။မြစ်ရေကြီးမှုကြောင့် ဘီးလင်းမြို့ နယ်အတွင်းရှိ ကျေးရွာများတွင်
စိုက် ဧကတစ်သိန်းကျော်ရှိသည့်အနက် စိုက် ဧက ၅ဝဝဝ ကျော်ရေမြုပ်နေ ဆဲပင်ဖြစ်
ကြောင်း သိရသည်။ ထို့ပြင် ကယ်ဆယ် ရေးစခန်းများတွင်
လူနှစ်ထောင်ကျော်ခန့်ကျန်ရှိနေဆဲဖြစ်သည်ဟု သိရသည်။
လက်ရှိတွင်
ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဦးစီးဌာနသည် သက်ဆိုင်ရာ
တိုင်းဒေသကြီးအစိုးရအဖွဲ့များထံသို့ ကူညီကယ်ဆယ်ရေးပစ္စည်း များပေးပို့လျက်
ရှိပြီး ကရင်ပြည်နယ်ရှိ အိမ်ထောင်စုသုံးထောင်အတွက် ဆန်၊ စောင်၊ ဒန်အိုး
အပါအဝင်ကယ်ဆယ် ရေး ပစ္စည်းရှစ်မျိုးကိုပေးအပ်ပြီး ဖြစ် ကြောင်း
အဆိုပါဌာနညွှန်ကြားရေးမှူး ချုပ် ဦးအောင်ခိုင်က ပြောသည်။
”မွန်ဒေသမှာ
ခေါက်ဆွဲခြောက် ထောက်ပံ့ပေးထားတယ်။ တနင်္သာရီ တိုင်းကိုလည်း ထောက်ပံ့မှုတွေ
လုပ်ဖို့ ပြင်ဆင်နေပြီ”ဟု ၎င်းက ဆိုသည်။သို့သော်ဖြစ်ပြီးမှ ကူညီကယ်ဆယ်
ရေးလုပ်ခြင်းထက် ကြိုတင်ပြင်ဆင်မှုများ လုပ်ခြင်းက ပိုဖြစ်သင့်ကြောင်း
မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းမှ ဖွဲ့စည်း ထားသော သဘာဝဘေးအန္တရာယ်လျော့
ပါးရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ ”ရေမှတ်တွေ ဘယ်လောက်ထိ
တက်ခဲ့တယ်ဆိုတဲ့ Record တွေရှိခဲ့ဖူး တာမို့လို့ရေမဝင်နိုင်အောင် တာဖို့၊
လမ်း ဖောက်၊ လမ်းမြှင့်တာတွေ ကြိုလုပ်ထား သင့်တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင်
နှစ်စဉ်ရေကြီးသည်ကိုသိထားသည့်အတွက် ကယ်ဆယ်ရေး စခန်းများ
ကြိုတင်ဆောက်လုပ်ထားခြင်း မျိုးကိုလည်း လုပ်ဆောင်ထားသင့်သည် ဟု ၎င်းက
ပြောသည်။ရေကြီးမှ ဟိုဇရပ်ပြေး၊ ဒီဘုန်းကြီး ကျောင်းပြေးဖြစ်နေမယ့်အစား
ရေမကြီး ခင်ကတည်းက ရေဘေးဒုက္ခသည်စခန်း တွေ ကြိုဆောက်ထားတော့ ပိုအဆင်
ပြေတာပေါ့”ဟု ၎င်းက ပြောသည်။ အဆိုပါအစီအစဉ်သည်
ပြည်သူများပါပူးပေါင်းလုပ်ဆောင်ရမည့် အစီ အစဉ်ဖြစ်ကြောင်း၊ သို့သော်နေရာဒေသ
တစ်ခုတွင် ဆင်းရဲသူများလည်း ရှိနိုင်၍ အစိုးရက လုပ်ပေးနိုင်သည့်အတိုင်း အ
တာရှိသလို ရပ်ကွက်၊ လမ်း၊ မြို့နယ် အ လိုက်လည်း ပူးပေါင်းဆောင်ရွက်သင့်
ကြောင်း ၎င်းက ပြောသည်။
အစိုးရသည်သဘာဝဘေးအန္တရာယ်
ဖြစ်လာသောအခါ ကယ်ဆယ်ရေး လုပ်ငန်းလုပ်ခြင်း၊ စားနပ်ရိက္ခာ ပေး
ပို့ခြင်းတို့အတွက် အထူးသီးသန့် ရန်ပုံ ငွေဖယ် ကာ ဆောင်ရွက်လေ့ရှိကြောင်း၊
သို့သော် ကြိုတင်ပြင်ဆင်မှုများအတွက် သုံးသည့်ဘတ်ဂျက်မရှိကြောင်း UNDP မှ
သဘာဝဘေးအန္တရယ် လျှော့ချရေး အစီအစဉ် တာဝန်ခံ ဒေါ်လတ်လတ် အေးက ပြောသည်။
”မြို့တွေ စတည်ကတည်းက ဒီနေ ရာ ရေကြီးနိုင်တယ်၊ အဲဒီအတွက် စမ်း
သပ်မူ၊ကာကွယ်မူတွေလုပ်ဖို့ DRR (သဘာဝဘေးအန္တရာယ်လျှော့ချရေး)အတွက်သုံးတဲ့
ဘတ်ဂျက်မရှိဘူး” ဟု ဒေါ်လတ်လတ်အေးက ပြောသည်။ အမှန်တကယ်ကြုံတွေ့ရင်ဆိုင်ရ
သည့် ပြည်သူများကလည်း စားဝတ်နေ ရေးအတွက် လုပ်ဆောင်နေရသဖြင့်
သဘာဝဘေးအန္တရာယ်ကို
ထည့်သွင်း စဉ်းစားမှု
မရှိဘဲ ကြုံသလိုရှင်းနေကြရ သည့် အနေအထား ဖြစ်နေကြောင်း ဒေါ်လတ်လတ်အေးက
ဆိုသည်။ ”ဒါလည်းဆင်းရဲမှု အခြေအနေ ကြောင့်ပါ”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင်မြန်မာနိုင်ငံ၏ သဘာ ဝဘေးအန္တရာယ် လျှော့ချရေးကဏ္ဍများ အတွက် နော်ဝေ၊
ဂျပန်၊ ဥရောပသမဂ္ဂ တို့မှ အဓိကကူညီလျက်ရှိပြီး UNDP ကလည်း မြန်မာနိုင်ငံ
သဘာဝဘေး အန္တရာယ် လျှော့ချရေးအတွက် ကန် ဒေါ်လာ ရှစ်သန်းဖြင့် လျာထား ဆောင်
ရွက်သွားမည်ဟု သိရသည်။ စီမံကိန်းကာလမှာ ၂ဝ၁၃ – ၂ဝ၁၅ ဖြစ်ပြီး လက်ရှိတွင်
ဘတ်ဂျက် တစ်သန်းဖြင့် လုပ်ငန်းများစတင်ဆောင် ရွက်နေပြီ ဖြစ်သည်။
”အဓိကကတော့
DRR ကို အမျိုး သားအဆင့်အနေနဲ့ ဖော်ဆောင်ရာမှာ ဒေသတစ်ခုချင်းအလိုက်
လက်တွေ့ကျ တဲ့ အစီအမံတွေလုပ်နိုင်ဖို့ပေါ့”ဟု ဒေါ် လတ်လတ်အေးက ပြောသည်။
လက်ရှိတွင် သဘာဝဘေးအန္တရာယ် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်
ဆုံးရှုံးမှုများ လျော့ပါးရေးအတွက် စီမံ ခန့်ခွဲမှုလုပ်ငန်းများကို
စနစ်တကျလုပ် ဆောင်ရန် ရည်ရွယ်၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။
အဆိုပါဥပဒေအရ
အန္တရာယ်ကြို တင် ကာကွယ်ရေးနှင့် ပြင်ဆင်ရေးလုပ်
ငန်းများကိုအမျိုးသားကော်မတီဖွဲ့စည်းကာ လူမှုအဖွဲ့အစည်းများ၊ အစိုးရ
မဟုတ်သော အခြားအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊
နိုင်ငံရပ်ခြား ဒေသတွင်းအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်
ဖြစ်သည်။ ရာသီဥတုပြောင်း လဲမှုများကြောင့် သဘာဝ ဘေးအန္တရယ်များဖြစ်ပေါ်နေ သလို
လူတို့ပြုလုပ်သည့်အပြု အမူများ ကြောင့် လည်း ဘေးအန္တရာယ် များပိုမိုဖြစ်
ပေါ်လာနေ သည်။ မြန်မာနိုင်ငံ
မြောက်
ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများ တွင် မိုးဆက်တိုက်ကောင်းနေသဖြင့်
လျှပ်တစ်ပြက်ရေကြီးမှု၊ မြေပြိုမှု၊ ရေ လွှမ်းမှုများ ကြုံတွေ့နေကြရပြီး ကချင်
ပြည်နယ်မြောက် ပိုင်းစွန်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း အနောက်
မြောက် အခြမ်း၊ချင်းပြည်နယ်တောင်ပိုင်း၊ ကရင် ပြည်နယ် မြောက် ပိုင်းနှင့်
တောင်ပိုင်း ဒေသများတွင် မြေပြိုမှုအန္တရာယ် ဖြစ် ပေါ်လာနိုင်သည်ဟု kMyanmar
Climate Change Watch မှဒေါက်တာထွန်းလွင် က သတိပေးထားသည်။
မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၁
တစ်နာရီအချိန်ထုတ်ပြန်ချက် အရ သံလွင်မြစ်ရေသည် နောက်သုံးရက် အတွင်း
ဘားအံမြို့၏ စိုးရိမ်ရေမှတ် အ ထက်တွင်ပင် ဆက်လက်တည်ရှိနိုင်ပြီး
ငဝန်မြစ်ရေသည်လည်း နောက်သုံး ရက်အတွင်း ငါးသိုင်းချောင်းမြို့၏ စိုး
ရိမ်ရေမှတ် အထက်တွင်ပင် ဆက်လက် တည်ရှိနိုင်သည်ဟု သိရသည်။
ဘီးလင်းမြို့တွင်
ရေကျသွားသဖြင့် မြို့ခံအချို့က ၎င်းတို့နေအိမ်များသို့ ပြန် သွားကြသော်လည်း
အချို့ရပ်ကွက် ကျေး ရွာအနိမ့်ပိုင်းများတွင်မူ ရေကျန်နေဆဲ ဖြစ်သည်။
”စမြုပ်တုန်းက နိမ့်တဲ့အိမ်တွေဆို တံစက်မြိတ်အထိ မြုပ်တယ် ၊ မြင့်တဲ့
အိမ်တွေဆို ကြမ်းပြင်ပေါ်အထိရောက် တော့ ကမန်းကတန်းပြေးပဲ၊ တစ်ခါမှ
ဒီလောက်ရေကြီးတာ မကြုံဖူးဘူး”ဟု ကိုကျော်မျိုးမင်းက ဆိုသည်။
ပြုပြင်ပြောင်းလဲရေးများနှင့် အ သွင်ပြောင်း အစိုးရသစ်အတွက် ယခင် က
အဓိကရုဏ်းများ၊ ဆူပူအုံကြွမှုများ၊ ဆန္ဒပြမူများက စိန်ခေါ်မှုဖြစ်ခဲ့သော်
လည်းယခုအခါ သဘာဝဘေးအန္တရာယ် များပါ ပါဝင်လာပြီ ဖြစ်သည်။
မြဝတီမြို့ လမ်းမအထက် အမြင့်
ကိုးပေခန့်ထိတက်ကာ နှစ်ရက်တိတိ နေရာ ယူခဲ့သောရေ များ ပြန်ကျ ပြီး နောက်
အိမ်များသည် ယခင်ပုံစံမျိုး မဟုတ်တော့၊ နုန်းများ တင်ကျန်ခဲ့ပြီး
လမ်းများလည်းပျက်စီး ခဲ့ သည်၊ ထို့ပြင် အဆောက်အအုံတချို့လည်း ပြိုကျခဲ့ သည်။
မြို့ပေါ်ရပ်ကွက် ကတ္တရာလမ်း များပေါ် တင်ကျန်ခဲ့သော နုန်းများကို အစိုးရ
မဟုတ်သောအဖွဲ့အစည်းများ၊ နယ်ခြား စောင့်တပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ
ပူးပေါင်းကာ သန့်ရှင်း ရေး လုပ်ဆောင်ကြသည်။ သောင်ရင်း မြစ်ရေ တက်ပါက
နှစ် စဉ်ရေကြီးမှုကြုံ ရလေ့ရ ရှိသောကြောင့် ရေကြီးမူကို ယဉ်ပါးနေပြီဖြစ်သော
မြဝတီမြို့ခံတို့ အ တွက် ယခုနှစ် ရေကြီးမှုမှာမူ အထိတ် တလန့်
ဖြစ်စေခဲ့လေသည်။
”၁၉၉၄ မှာ
ရေကြီးမှုဆိုးဆိုးရွားရွား ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနှစ်က အဲဒီ
နှစ်ထက် ပိုဆိုးတယ်” ဟု မြဝတီမြို့ခံ တစ်ဦးဖြစ်သည့် ကိုကျော်ကျော်က ပြောသည်။ ဇူလိုင် ၂၇ မှစ၍ မိုးသည်းထန် စွာရွာ သွန်းခဲ့ပြီး ကရင်ပြည်နယ်၊ မွန်
ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြောက်ပိုင်းတို့တွင် မိုးရေချိန် ၄ ဒသမ ၉
မှ ၆ ဒသမ ၉အထိရွာ သွန်းခဲ့ပြီး ဇူလိုင် ၃၁ ရက်နေ့ထိတိုင် မိုးဆက်တိုက်
ကောင်း ခဲ့သောကြောင့် မြစ်ရေကြီးမှု များဖြစ်ပေါ်ခဲ့သည်။ ကရင်ပြည်နယ်
မြဝတီမြို့တွင် သောင်ရင်းမြစ်ရေသည် ဇူလိုင် ၃ဝ တွင် စိုးရိမ်ရေမှတ် ၄၇၇
စင်တီမီတာအထက် ၉၆၂ စင်တီမီတာ အထိမြင့်တက်ခဲ့ပြီး မြဝတီမြို့ အမှတ် ၁ ၊ ၂ ၊ ၃
၊ ၅ ရပ် ကွက်များတွင်ရေမြုပ်ခဲ့ ကာ အမှတ် ၄ ရပ်ကွက်တွင်လည်း ရေကြီးခဲ့သည်။
ကရင်ပြည်နယ်တွင် မြဝတီ၊ ကော့ကရိတ်၊ ဘားအံ၊ လှိုင်းဘွဲ့၊
ကြာအင်းဆိပ်ကြီးနှင့် ကမမောင်းမြို့ နယ်ခွဲ တို့ တွင် ရေကြီးမှုများ
ဖြစ်ပေါ်ခဲ့ သည်။
မြဝတီမြို့တွင်
ဇူလိုင် ၂၈ ရက်နေ့ မှစ၍ ရေစကြီးခဲ့ပြီး ဇူလိုင် ၃၁ ရက် ညမှသာ
ရေစ ကျကြောင်း ၊ မြဝတီတွင် ရေတက်ရေကျ နှစ်စဉ်ဖြစ်သော်လည်း ယခုနှစ်တွင်မူ
သတ်မှတ်ထားသည့် အမြင့်ထက် ၁၅ ပေကျော်မြင့်တက်သွား ခဲ့ကြောင်း
ကိုကျော်ကျော်က ပြောသည်။ အလားတူ မွန်ပြည်နယ်တွင်လည်း ဇူလိုင် ၂၈ ရက်မှစ၍
ဘီးလင်း၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့တွင် ရေကြီးမူများ
ဖြစ်ပေါ်ခဲ့ပြီး ၃ဝရက်နေ့ ညနေ ပိုင်းမှစ၍ တဖြည်းဖြည်းပြန်ကျနေ ကြောင်း
ဘီးလင်းဒေသခံတစ်ဦး ဖြစ် သည့် ကိုကျော်မျိုးမင်းက ပြောသည်။
”ကျေးရွာအုပ်စု
၅၅ စုမှာ ၂ဝ လောက်ခံရတယ်၊ အချို့ရွာတွေဆို တစ် ရွာလုံးမြုပ်တယ်”ဟု
ကိုကျော်မျိုးမင်းက ပြောသည်။ ကရင်ပြည်နယ်တွင်ရေလွှမ်းမိုးမှု ကြောင့်
လူသုံးဦး သေဆုံးကာ တစ်ဦး ပျောက်ဆုံးနေသည်။ အိမ်ထောင်စု ၆၇၃၃ စု
မှလူပေါင်း ၃၃၄ဝ၉ ဦးရေ ဘေးကြုံတွေ့ခဲ့ရပြီး၊ မွန်ပြည်နယ်တွင်
လူတစ်ဦးသေဆုံးခဲ့ကာ အိမ်ထောင်စု ၁ဝ၅ဝ စုမှ လူပေါင်း ၄၆၈ဝ ဦးရေဘေး
ကြုံတွေ့ခဲ့ရသည်။ ရေဘေးကြုံတွေ့နေရသူများ အ တွက် ကရင်ပြည်နယ်တွင် ကယ်ဆယ်
ရေး စခန်း ၇၉ ခု၊ မွန်ပြည်နယ်တွင် ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ်
ကာကူညီပေးလျက်ရှိပြီး ဘီးလင်းနှင့်ရေး မြို့နယ်တို့တွင်
မြစ်ရေပြန်လည်ကျဆင်း သွားသဖြင့် ရေဘေးသင့် သူများသည် ၎င်းတို့ နေအိမ် များသို့
ပြန်လည်ရောက်ရှိ သွားပြီဟု နိုင်ငံတော်သတင်းထုတ်ပြန် ရေး အဖွဲ့က
ထုတ်ပြန်ခဲ့သည်။
ရေကြီးသည်ဟုဆိုရာတွင်
မိုးရေ ချိန်များ၍ မြစ်ရေတက်ကာ ရေကြီး သည်ဟု အကြမ်းဖျင်း ဆိုနိုင်သော် လည်း
သစ်တောများပြုန်းတီးလာမှု၊ မြစ်ကော လာမှုများကလည်း ချန်ထား၍ မရသော
အကြောင်း တရားများ ဖြစ်သည်။ လေးနှစ်လျှင်တစ်ကြိမ်ခန့် ရေကြီး လေ့ရှိသော
ဘီးလင်းမြို့တွင် ယခုနှစ် ရေကြီး မှုသည် ယခင်နှစ်များထက်ပိုဆိုးခဲ့ သည်။
ယခင်နှစ်များကမိုးများ၍ ဘီး လင်းမြစ်ရေ တက်သော် လည်း မြစ်သည်
မိုးရေကိုဆွဲဆင်းနိုင်သည့်အခြေအနေရှိ ခဲ့၍ ယခုနှစ်လောက်မဆိုးခဲ့ပေ။ သို့
သော် မြစ် အထက် ရွှေတူးလုပ်ငန်းများ ကြောင့်
မြစ်သည်ကောလာပြီးသောင်ထွန်းသွားသောကြောင့် ယခင်က ကဲ့သို့
မိုးရေကိုဆွဲဆင်းနိုင်သည့် အင်အားမရှိ တော့၊ ထိုအခါ ဆိုးရွားသော မြစ်ရေကြီး
မှုကို မြို့ခံများ ခံစားကြရသည်။
”မဲတို၊
ညောင်တွဲလဲ ၊ဘင်ဘန်း၊ ကွီးထောလော်လို နေရာတွေ မှာ ရွှေတူး နေကြတော့
မြစ်က တဖြည်းဖြည်းကော လာတယ်”ဟု ဘီးလင်းမြို့ခံ ကိုကျော်မျိုး မင်းက
ပြောသည်။မြစ်ရေကြီးမှုကြောင့် ဘီးလင်းမြို့ နယ်အတွင်းရှိ ကျေးရွာများတွင်
စိုက် ဧကတစ်သိန်းကျော်ရှိသည့်အနက် စိုက် ဧက ၅ဝဝဝ ကျော်ရေမြုပ်နေ ဆဲပင်ဖြစ်
ကြောင်း သိရသည်။ ထို့ပြင် ကယ်ဆယ် ရေးစခန်းများတွင်
လူနှစ်ထောင်ကျော်ခန့်ကျန်ရှိနေဆဲဖြစ်သည်ဟု သိရသည်။
လက်ရှိတွင်
ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဦးစီးဌာနသည် သက်ဆိုင်ရာ
တိုင်းဒေသကြီး အစိုးရအဖွဲ့များထံသို့ ကူညီကယ်ဆယ်ရေးပစ္စည်း များပေးပို့လျက်
ရှိပြီး ကရင်ပြည်နယ်ရှိ အိမ်ထောင်စု သုံးထောင်အတွက် ဆန်၊ စောင်၊ ဒန်အိုး
အပါအဝင်ကယ်ဆယ် ရေး ပစ္စည်းရှစ်မျိုး ကိုပေး အပ်ပြီး ဖြစ် ကြောင်း
အဆိုပါဌာနညွှန်ကြားရေးမှူး ချုပ် ဦးအောင်ခိုင်က ပြောသည်။
”မွန်ဒေသမှာ
ခေါက်ဆွဲခြောက် ထောက်ပံ့ပေးထားတယ်။ တနင်္သာရီ တိုင်းကိုလည်း ထောက်ပံ့မှုတွေ
လုပ်ဖို့ ပြင်ဆင်နေပြီ”ဟု ၎င်းက ဆိုသည်။သို့သော်ဖြစ်ပြီးမှ ကူညီကယ်ဆယ်
ရေးလုပ်ခြင်းထက် ကြိုတင်ပြင်ဆင်မှုများ လုပ်ခြင်းက ပိုဖြစ်သင့်ကြောင်း
မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်းမှ ဖွဲ့စည်း ထားသော သဘာဝဘေးအန္တရာယ်လျော့
ပါးရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။ ”ရေမှတ်တွေ ဘယ်လောက်ထိ
တက်ခဲ့တယ်ဆိုတဲ့ Record တွေရှိခဲ့ဖူး တာမို့လို့ရေမဝင်နိုင်အောင် တာဖို့၊
လမ်း ဖောက်၊ လမ်းမြှင့်တာတွေ ကြိုလုပ်ထား သင့်တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင်
နှစ်စဉ်ရေကြီးသည်ကိုသိထားသည့်အတွက် ကယ်ဆယ်ရေး စခန်းများ
ကြိုတင်ဆောက်လုပ်ထားခြင်း မျိုးကိုလည်း လုပ်ဆောင်ထားသင့်သည် ဟု ၎င်းက
ပြောသည်။ရေကြီးမှ ဟိုဇရပ်ပြေး၊ ဒီဘုန်းကြီး ကျောင်းပြေးဖြစ်နေမယ့်အစား
ရေမကြီး ခင်ကတည်းက ရေဘေး ဒုက္ခသည် စခန်း တွေ ကြိုဆောက်ထားတော့ ပိုအဆင်
ပြေတာပေါ့”ဟု ၎င်းက ပြောသည်။ အဆိုပါ အစီ အစဉ်သည်
ပြည်သူများပါပူးပေါင်းလုပ်ဆောင်ရမည့် အစီ အစဉ်ဖြစ်ကြောင်း၊ သို့သော်နေရာဒေသ
တစ်ခု တွင် ဆင်းရဲသူများလည်း ရှိနိုင်၍ အစိုးရက လုပ်ပေးနိုင်သည့်အတိုင်း အ
တာရှိသလို ရပ်ကွက်၊ လမ်း၊ မြို့နယ် အ လိုက်လည်း ပူးပေါင်းဆောင်ရွက်သင့်
ကြောင်း ၎င်းက ပြောသည်။
အစိုးရသည်သဘာဝဘေးအန္တရာယ်
ဖြစ်လာသောအခါ ကယ်ဆယ်ရေး လုပ်ငန်းလုပ်ခြင်း၊ စားနပ် ရိက္ခာ ပေး
ပို့ခြင်းတို့အတွက် အထူးသီးသန့် ရန်ပုံ ငွေဖယ် ကာ ဆောင်ရွက်လေ့ရှိကြောင်း၊
သို့သော် ကြိုတင်ပြင်ဆင်မှုများအတွက် သုံးသည့်ဘတ်ဂျက်မရှိကြောင်း UNDP မှ
သဘာဝဘေး အန္တရယ် လျှော့ချရေး အစီအစဉ် တာဝန်ခံ ဒေါ်လတ်လတ် အေးက ပြောသည်။
”မြို့တွေ စတည်ကတည်းက ဒီနေ ရာ ရေကြီးနိုင်တယ်၊ အဲဒီအတွက် စမ်း
သပ်မူ၊ကာကွယ်မူတွေလုပ်ဖို့ DRR (သဘာဝဘေးအန္တရာယ်လျှော့ချရေး)အတွက်သုံးတဲ့
ဘတ်ဂျက်မရှိဘူး” ဟု ဒေါ်လတ်လတ်အေး က ပြောသည်။ အမှန်တကယ်ကြုံတွေ့ရင်ဆိုင်ရ
သည့် ပြည်သူများကလည်း စားဝတ်နေ ရေးအတွက် လုပ်ဆောင်နေရသဖြင့်
သဘာဝဘေးအန္တရာယ်ကိုထည့်သွင်း စဉ်းစားမှု
မရှိဘဲ ကြုံသလိုရှင်းနေကြရ သည့် အနေအထား ဖြစ်နေကြောင်း ဒေါ်လတ်လတ်အေးက
ဆိုသည်။ ”ဒါလည်းဆင်းရဲမှု အခြေ အနေ ကြောင့်ပါ”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင်မြန်မာနိုင်ငံ၏ သဘာ ဝဘေးအန္တရာယ် လျှော့ချရေး ကဏ္ဍများအတွက် နော်ဝေ၊
ဂျပန်၊ ဥရောပသမဂ္ဂ တို့မှ အဓိကကူညီလျက်ရှိပြီး UNDP ကလည်း မြန်မာနိုင်ငံ
သဘာဝဘေး အန္တရာယ် လျှော့ချရေးအတွက် ကန် ဒေါ်လာ ရှစ်သန်းဖြင့် လျာထား ဆောင်ရွက်သွားမည်ဟု သိရသည်။ စီမံကိန်းကာလမှာ ၂ဝ၁၃ – ၂ဝ၁၅ ဖြစ်ပြီး လက်ရှိတွင်
ဘတ်ဂျက် တစ်သန်းဖြင့် လုပ်ငန်းများစတင်ဆောင် ရွက်နေပြီ ဖြစ်သည်။
”အဓိကကတော့
DRR ကို အမျိုး သားအဆင့်အနေနဲ့ ဖော်ဆောင်ရာမှာ ဒေသတစ်ခုချင်းအလိုက်
လက်တွေ့ကျ တဲ့ အစီအမံတွေလုပ်နိုင်ဖို့ပေါ့”ဟု ဒေါ် လတ်လတ်အေးက ပြောသည်။
လက်ရှိတွင် သဘာဝဘေးအန္တရာယ် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်
ဆုံးရှုံးမှုများ လျော့ပါးရေးအတွက် စီမံ ခန့်ခွဲမှုလုပ်ငန်းများကို
စနစ်တကျလုပ် ဆောင်ရန် ရည်ရွယ်၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။
အဆိုပါဥပဒေအရ
အန္တရာယ်ကြို တင် ကာကွယ်ရေးနှင့် ပြင်ဆင်ရေးလုပ်
ငန်းများကိုအမျိုးသားကော်မတီ ဖွဲ့စည်းကာ လူမှုအဖွဲ့အစည်းများ၊ အစိုးရ
မဟုတ်သော အခြားအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊
နိုင်ငံရပ်ခြား ဒေသတွင်းအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်
ဖြစ်သည်။ ရာသီဥတုပြောင်း လဲမှုများကြောင့် သဘာဝ ဘေးအန္တရယ်များဖြစ်ပေါ်နေ သလို
လူတို့ပြုလုပ်သည့်အပြု အမူများ ကြောင့် လည်း ဘေးအန္တရာယ် များပိုမိုဖြစ်
ပေါ်လာနေ သည်။ မြန်မာနိုင်ငံ
မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် မိုးဆက်တိုက်ကောင်းနေသဖြင့်
လျှပ် တစ်ပြက်ရေ ကြီးမှု၊ မြေပြိုမှု၊ ရေလွှမ်းမှုများ ကြုံတွေ့နေကြရပြီး ကချင်
ပြည်နယ်မြောက် ပိုင်းစွန်း၊ စစ်ကိုင်း တိုင်း ဒေသကြီးအထက်ပိုင်း အနောက်
မြောက် အခြမ်း၊ချင်းပြည်နယ်တောင်ပိုင်း၊ ကရင် ပြည်နယ် မြောက် ပိုင်းနှင့်
တောင်ပိုင်း ဒေသများတွင် မြေပြိုမှုအန္တရာယ် ဖြစ် ပေါ်လာနိုင်သည်ဟု kMyanmar
Climate Change Watch မှဒေါက်တာထွန်းလွင် က သတိပေးထားသည်။
မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၏ သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၁
တစ်နာရီအချိန် ထုတ်ပြန်ချက် အရ သံလွင်မြစ်ရေသည် နောက်သုံးရက် အတွင်း
ဘားအံမြို့၏ စိုးရိမ်ရေမှတ် အ ထက်တွင်ပင် ဆက်လက်တည်ရှိနိုင်ပြီး
ငဝန်မြစ်ရေသည်လည်း နောက်သုံး ရက်အတွင်း ငါးသိုင်းချောင်း မြို့ ၏ စိုး
ရိမ်ရေမှတ် အထက်တွင်ပင် ဆက်လက် တည်ရှိနိုင်သည်ဟု သိရသည်။
ဘီးလင်းမြို့တွင်
ရေကျသွားသဖြင့် မြို့ခံအချို့က ၎င်းတို့နေအိမ်များသို့ ပြန် သွားကြသော်လည်း
အချို့ ရပ်ကွက် ကျေး ရွာအနိမ့်ပိုင်းများတွင်မူ ရေကျန်နေဆဲ ဖြစ်သည်။
”စမြုပ်တုန်းက နိမ့်တဲ့အိမ်တွေဆို တံစက်မြိတ်အထိ မြုပ်တယ် ၊ မြင့်တဲ့
အိမ်တွေဆို ကြမ်းပြင်ပေါ်အထိရောက် တော့ ကမန်းကတန်းပြေးပဲ၊ တစ်ခါမှ
ဒီလောက်ရေကြီးတာ မကြုံဖူးဘူး”ဟု ကိုကျော်မျိုးမင်းက ဆိုသည်။
ပြုပြင်ပြောင်းလဲရေးများနှင့် အ သွင်ပြောင်း အစိုးရသစ်အတွက် ယခင် က
အဓိကရုဏ်းများ၊ ဆူပူအုံကြွမှုများ၊ ဆန္ဒပြမူများက စိန်ခေါ်မှုဖြစ် ခဲ့သော်
လည်းယခုအခါ သဘာဝဘေးအန္တရာယ် များပါ ပါဝင်လာပြီ ဖြစ်သည်။
Popular Myanmar.com
0 comments:
Post a Comment