မိုးတွင်းကာလတွင် ရွှေတိဂုံဘုရား ရင်ပြင်ပေါ်၌ ချော်လဲမှုများအဖြစ်များလာ၍
ချော်မလဲနိုင် သည့် ကော်ဇောများ နေရာအချို့၌ ခင်းကျင်းထား ပြီး
ဖြစ်သော်လည်း ချော်လဲသူများ ဆက်ရှိနေ၍ အရေးပေါ် ပြုစုနိုင်ရန် ဘုရားဝန်ထမ်းများကို ရှေးဦးသူနာပြုနည်း သင်တန်းပေးသွား မည်ဖြစ်ကြောင်း
သင်တန်းပေးမည့် အရိုးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်တူးက The
Voice သို့ ပြောကြားသည်။
ယင်းသို့ သင်တန်းပေးရာတွင် လိုအပ်သည့် စာအုပ်စာတမ်းနှင့် ဗီဒီယိုများလည်း ပေး အပ် မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဘုရားကို လာဖူးတဲ့ ဧည့်သည်တွေ ချော်မလဲအောင် ရင်ပြင် တစ်လျှောက် မှာ
ကော်ဇောတွေ ခင်းပေး ထားတယ်။ အဲဒါ ခင်းထားကတည်းက ချော်လဲတဲ့ သူတွေ တော်တော်
နည်းသွားတယ်” ဟု ရွှေတိဂုံ ဘုရား၏ ဂေါပက ဥက္ကဋ္ဌ ဦးသောင်းညွန့်က ဆိုသည်။
ချော်လဲသူများတွင် အများအားဖြင့် သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး ချော်လဲ
သည့်အခါ လက်ကောက် ဝတ် ၊ လက်ဖျံရိုး၊ တင်ပါးဆုံရိုးနှင့် ဦးခေါင်းတို့ကို
ထိခိုက်နိုင်သောကြောင့် ဘုရားရှိ ဝန်ထမ်းများ က ရှေးဦး သူနာပြုနည်းကို
နားလည်ထားပါက များစွာ အကျိုးရှိနိုင်ကြောင်း ဒေါက်တာ ခင်မောင်တူးက ဆိုသည်။
“ခင်းထားတဲ့ ကော်ဇောက စစနင်းချင်း စူးလို့ မလျှောက်နိုင်ဘူး။ ဘုရားကို
တောက်လျှောက်ပတ်မယ် ဆိုရင်တော့ အဆင်ပြေပေမယ့် တခြား ကွေ့ပြီး သွားရမယ့်
နေရာမျိုးတွေမှာတော့ ကော်ဇော မရှိဘူး” ဟု ဘုရားဖူးသူ တစ်ဦးက The Voice
သို့ ဆိုသည်။
ရွှေတိဂုံစေတီတော် ရင်ပြင်တွင် ကျောက်ပြားများခင်းထား၍ မိုးရာသီတွင် ရေ များဖြင့် ချောနေကြောင်း၊ ချော်လဲသူများကို
မကြာခဏ တွေ့နေရသဖြင့် ပြန်လည် ပြင်ဆင် သင့်ပြီ ဖြစ်ကြောင်း၊ နောက်စေ့ဖြင့်ကျပါက အသက်အန္တရာယ်ပင် စိုးရိမ်ရကြောင်း ဘုရားဖူး များက ပြော ကြားသည်။
ယခု ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရွှေတိဂုံဘုရားသို့ နိုင်ငံခြားဧည့်သည်
ဝင်ရောက်မှုသည် ငါးသောင်းကျော် ရှိခဲ့ရာ မိုးရာသီ အစပိုင်းဖြစ်သည့်
ဇွန်လတွင် နှစ်သောင်း နှစ်ထောင်ကျော်အထိ ကျဆင်းခဲ့သည်။
The Voice
မိုးတွင်းကာလတွင် ရွှေတိဂုံဘုရား ရင်ပြင်ပေါ်၌ ချော်လဲမှုများအဖြစ်များလာ၍ ချော်မလဲနိုင် သည့် ကော်ဇောများ နေရာအချို့၌ ခင်းကျင်းထား ပြီး ဖြစ်သော်လည်း ချော်လဲသူများ ဆက်ရှိနေ၍ အရေးပေါ် ပြုစုနိုင်ရန် ဘုရားဝန်ထမ်းများကို ရှေးဦးသူနာပြုနည်း သင်တန်းပေးသွား မည်ဖြစ်ကြောင်း သင်တန်းပေးမည့် အရိုးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်တူးက The Voice သို့ ပြောကြားသည်။
ယင်းသို့ သင်တန်းပေးရာတွင် လိုအပ်သည့် စာအုပ်စာတမ်းနှင့် ဗီဒီယိုများလည်း ပေး အပ် မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဘုရားကို လာဖူးတဲ့ ဧည့်သည်တွေ ချော်မလဲအောင် ရင်ပြင် တစ်လျှောက် မှာ ကော်ဇောတွေ ခင်းပေး ထားတယ်။ အဲဒါ ခင်းထားကတည်းက ချော်လဲတဲ့ သူတွေ တော်တော် နည်းသွားတယ်” ဟု ရွှေတိဂုံ ဘုရား၏ ဂေါပက ဥက္ကဋ္ဌ ဦးသောင်းညွန့်က ဆိုသည်။
ချော်လဲသူများတွင် အများအားဖြင့် သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး ချော်လဲ သည့်အခါ လက်ကောက် ဝတ် ၊ လက်ဖျံရိုး၊ တင်ပါးဆုံရိုးနှင့် ဦးခေါင်းတို့ကို ထိခိုက်နိုင်သောကြောင့် ဘုရားရှိ ဝန်ထမ်းများ က ရှေးဦး သူနာပြုနည်းကို နားလည်ထားပါက များစွာ အကျိုးရှိနိုင်ကြောင်း ဒေါက်တာ ခင်မောင်တူးက ဆိုသည်။
“ခင်းထားတဲ့ ကော်ဇောက စစနင်းချင်း စူးလို့ မလျှောက်နိုင်ဘူး။ ဘုရားကို တောက်လျှောက်ပတ်မယ် ဆိုရင်တော့ အဆင်ပြေပေမယ့် တခြား ကွေ့ပြီး သွားရမယ့် နေရာမျိုးတွေမှာတော့ ကော်ဇော မရှိဘူး” ဟု ဘုရားဖူးသူ တစ်ဦးက The Voice သို့ ဆိုသည်။
ရွှေတိဂုံစေတီတော် ရင်ပြင်တွင် ကျောက်ပြားများခင်းထား၍ မိုးရာသီတွင် ရေ များဖြင့် ချောနေကြောင်း၊ ချော်လဲသူများကို မကြာခဏ တွေ့နေရသဖြင့် ပြန်လည် ပြင်ဆင် သင့်ပြီ ဖြစ်ကြောင်း၊ နောက်စေ့ဖြင့်ကျပါက အသက်အန္တရာယ်ပင် စိုးရိမ်ရကြောင်း ဘုရားဖူး များက ပြော ကြားသည်။
ယခု ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရွှေတိဂုံဘုရားသို့ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုသည် ငါးသောင်းကျော် ရှိခဲ့ရာ မိုးရာသီ အစပိုင်းဖြစ်သည့် ဇွန်လတွင် နှစ်သောင်း နှစ်ထောင်ကျော်အထိ ကျဆင်းခဲ့သည်။
The Voice
0 comments:
Post a Comment