ရန်ကုန်မြို့တွင်
ကျင်းပသော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား၌ ဦးမင်းကိုနိုင်
အဖွင့်မိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
မြန်မာနိုင်ငံ၏ အလံအား သုံးမျိုးပြောင်းလဲခဲ့ပြီး သော်လည်း ယခုအချိန်အထိ
ပြည်သူတို့၏ ဘ၀မှာ အပြောင်းအလဲ မရှိသေးကြောင်း ဦးမင်းကိုနိုင်က
ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပသည့် MCC ခန်းမအတွင်း သြဂုတ် ၈ ရက်က
အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
ထို့ပြင် ၈၈ နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားကြသူများ အနေနှင့် အရပ်ဝတ်
ဝတ်ထားသည့် ထောက် လှမ်းရေး များအား အမြဲကြောက်လန့် နေရကြောင်းနှင့်
ထိုသို့သော အခြေအနေသည် ကိုယ့်နိုင်ငံသား အချင်းချင်း မယုံမကြည်နှင့်
သံသယထားနေရသည့် အခြေအနေ ဖြစ်သောကြောင့် လွန်စွာ ၀မ်းနည်းစရာ ကောင်းသည်ဟုလည်း
ထပ်လောင်း ပြောကြားခဲ့သည့် အပြင် ယခုလို လွတ်လပ်စွာ ပြော ဆိုခွင့်
ရနေခြင်းသည် မည်သူကမှသနားသဖြင့် ပေးထားသည့် အခွင့်အရေး မဟုတ်ဘဲ
တိုင်းသူပြည်သား များ၏ အသက်စွန့်၊ ကိုယ်ကျိုးစွန့်ခဲ့မှု များကြောင့်သာ
ရလာခြင်း ဖြစ်ကြောင်းနှင့် ဖိနှိပ်မှုများကို ထပ်မံပြုလုပ်ပါက
မျိုးဆက်သစ်များ အနေနှင့် ထပ်မံတော်လှန်လာမည် ဖြစ်ကြောင်း လည်း ပြောကြား သည်။
ဆက်လက်၍ ဦးမင်းကိုနိုင်က ၈၈ စိတ်ဓာတ် ဆိုသည်မှာ သခင်စိတ်ဓာတ်ဖြစ်ပြီး
ကိုယ့်လူမျိုး အချင်းချင်း ကျွန်ပြုနေခြင်းကို ဆန့်ကျင် တော်လှန်ခဲ့ခြင်း
ဖြစ်သည် ဟုလည်း ပြော ကြားသည်။
ထို့အပြင် ဦးမင်းကိုနိုင်က ''အခုပွဲကို နိုင်ငံရေးပါတီ အသီးသီးက
တက်ကြပါတယ်။ တစ်ချိန်က မယုံကြည်လို့ဘဲဖြစ်ဖြစ် မလိုက်နာ
နိုင်တာကြောင့်ဘဲဖြစ်ဖြစ် အဲဒီလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက ဒီမိုကရေစီ
အတူချီတက်ဖို့ ပြင်ဆင်နေကြပြီလို့ ကြွေးကြော် နေတာတွေကို တွေ့ရပါတယ်။
ကျွန်တော်တို့ ယုံကြည်ချင်ပါတယ်။ အဲဒီ့လူတွေ အနေနဲ့ ဒီမိုကရေစီ
ဘက်တော်သားတွေ ဖြစ်ကြောင်း ဒီထက် ပိုပြီး ပြသပေးဖို့ လိုပါတယ်'' ဟု
ပြောကြားသည်။
EMG
0 comments:
Post a Comment