Monday, August 12, 2013

တောင်ကိုရီးယားနှင့် အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မည်

Photo: တောင်ကိုရီးယားနှင့် အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မည်
Monday, August 12, 2013

နှစ်စဉ်ကျင်းပမြဲဖြစ်သော စစ်ရေးလေ့ကျင့်မှုများအား ယခုလနှောင်းပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှ ကြေညာသွားခဲ့ကြောင်း သြဂုတ် ၁၁ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ ယခုကဲ့သို့ စစ်ရေးလေ့ကျင့်ခြင်းကို မြောက်ကိုးရီးယားနိုင်ငံမှ ရှုံ့ချပြော ဆိုလေ့ရှိသည်။

တောင်ကိုးရီးယား “အမေရိကန် ပူးပေါင်းတပ်ဖွဲ့များဌာန (CFC) အနေဖြင့် Ulchi Freedom Guardian ခေါ်သော စစ်ရေးလေ့ကျင့်မှုများအား ယခုလ ၁၉ ရက် မှ ၃၀ ရက်အထိ ပြုလုပ်သွားမည်ဟု CFC ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

“Ulchi Freedom Guardian ဆိုတဲ့ စစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ်နှစ်နိုင်ငံတပ်တွေ အဆင်သင့်ဖြစ်နေ ဖို့အတွက် ထိန်းသိမ်းတဲ့နေရာမှာ အရေးပါတဲ့စစ်ရေး လေ့ကျင့်မှုတစ်ရပ်ဖြစ်ပါတယ်” ဟု တောင်ကိုရီးယား နိုင်ငံတွင် တပ်ဆွဲထားသည့် အမေရိကန်စစ်သား ၂၈,၅၀၀ အား ကွပ်ကဲနေသည့် ဗိုလ်ချုပ် James Thur man က ပြောကြားသွားသည်။

တောင်ကိုရီးယားနိုင်ငံတွင် တပ်စွဲထားသည့် စစ်အင်အား ၃၀၀၀၀ ခန့်နှင့် နိုင်ငံရပ်ခြားမှာတပ်စွဲထားသည့် စစ်အင်အား ၃၀၀၀ ခန့်တို့မှာ ယခုပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြမည်ဖြစ်သည်။ တောင်ကို ရီးယားနိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၅၀၀၀၀ ခန့်လည်း ပါဝင်မည်ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုအများစုမှာ ကွန်ပျူတာဖြင့်ဖန်တီးထားသည့် လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ပြီး၊ တပ်ဖွဲ့ ၀င်အများစုမှာ ၎င်းတို့၏ ပုံမှန်အခြေစိုက်စခန်းများတွင် ဆက်လက်တပ်စွဲနေမည်ဖြစ်သည်။

အဆိုပါကြေညာချက်မှာ တောင်နှင့်မြောက်နှစ်နိုင်ငံ ဖက်စပ်လုပ်ကိုင်နေသည့် စက်မှုဇုန်တစ်ခုအားပြန် လည်ဖွင့်လှစ်နိုင်ရေးအတွက် ဗုဒ္ဓဟူးနေ့၌ကျင်းပမည့် တွေဆုံမှုမတိုင်မီ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Mizzima News
နှစ်စဉ်ကျင်းပမြဲဖြစ်သော စစ်ရေးလေ့ကျင့်မှုများအား ယခုလနှောင်းပိုင်းတွင် ပြုလုပ် သွားမည်ဖြစ် သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှ ကြေညာသွားခဲ့ကြောင်း သြဂုတ် ၁၁ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။ ယခုကဲ့သို့ စစ်ရေးလေ့ ကျင့်ခြင်းကို မြောက် ကိုးရီးယားနိုင်ငံမှ ရှုံ့ချပြော ဆိုလေ့ရှိသည်။

တောင်ကိုးရီးယား “အမေရိကန် ပူးပေါင်းတပ်ဖွဲ့များဌာန (CFC) အနေဖြင့် Ulchi Freedom Guardian ခေါ်သော စစ်ရေးလေ့ကျင့်မှုများအား ယခုလ ၁၉ ရက် မှ ၃၀ ရက်အထိ ပြုလုပ်သွားမည်ဟု CFC ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

“Ulchi Freedom Guardian ဆိုတဲ့ စစ်ရေးလေ့ကျင့်မှုဟာ မဟာမိတ်နှစ်နိုင်ငံတပ်တွေ အဆင် သင့်ဖြစ်နေ ဖို့အတွက် ထိန်းသိမ်းတဲ့နေရာမှာ အရေးပါတဲ့စစ်ရေး လေ့ကျင့်မှုတစ်ရပ်ဖြစ်ပါတယ်” ဟု တောင်ကိုရီးယား နိုင်ငံတွင် တပ်ဆွဲထားသည့် အမေရိကန်စစ်သား ၂၈,၅၀၀ အား ကွပ်ကဲနေသည့် ဗိုလ်ချုပ် James Thur man က ပြောကြားသွားသည်။

တောင်ကိုရီးယားနိုင်ငံတွင် တပ်စွဲထားသည့် စစ်အင်အား ၃၀၀၀၀ ခန့်နှင့် နိုင်ငံရပ်ခြားမှာတပ်စွဲထားသည့် စစ်အင်အား ၃၀၀၀ ခန့်တို့မှာ ယခုပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြမည်ဖြစ်သည်။ တောင်ကို ရီးယားနိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၅၀၀၀၀ ခန့်လည်း ပါဝင်မည်ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုအများစုမှာ ကွန်ပျူတာဖြင့်ဖန်တီးထားသည့် လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ပြီး၊ တပ်ဖွဲ့ ၀င်အများစုမှာ ၎င်းတို့၏ ပုံမှန်အခြေစိုက်စခန်းများတွင် ဆက်လက်တပ်စွဲနေမည်ဖြစ်သည်။

အဆိုပါကြေညာချက်မှာ တောင်နှင့်မြောက်နှစ်နိုင်ငံ ဖက်စပ်လုပ်ကိုင်နေသည့် စက်မှုဇုန်တစ်ခုအားပြန် လည်ဖွင့်လှစ်နိုင်ရေးအတွက် ဗုဒ္ဓဟူးနေ့၌ကျင်းပမည့် တွေဆုံမှုမတိုင်မီ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Mizzima News

0 comments:

Post a Comment