Monday, August 12, 2013

အက်ရှင်ကားတွေ မထွက်လာခြင်းအကြောင်း ပြောပြတဲ့ ပြေတီဦး

Photo: အက်ရှင်ကားတွေ မထွက်လာခြင်းအကြောင်း ပြောပြတဲ့ ပြေတီဦး
Monday, August 12, 2013

ပြေတီဦးက 'မိုးတွေရွာ နေစဉ်ခဏ' ဆိုတဲ့ ဇာတ်ကား ကို မိုးဟေကို၊ ဒါရိုက်တာ ညိုမင်းလွင်တို့နဲ့ ရိုက် ကူးနေ ပါတယ်။ 

ရို့မန့်ဇာတ်ကား လေး ဖြစ်ပြီး ဇာတ်ကားအစုံမျှ ရိုက်ကူးဖြစ်ပေမယ့် အက်ရှင် ဇာတ်ကားတွေ သိပ်မတွေ့ ရတော့တဲ့အပေါ်မှာလည်း "ဇာတ်ကားတွေက အစ် ကိုတို့ကတော့ အစုံရိုက်တာ ပါပဲ။ လှည့် ရိုက်နေကြတာပဲ။ ဟာသ၊ ဒရာမာလေးတွေ ရော၊ အက်ရှင်လေးနည်း နည်းပါးပါးပါတာလေးတွေ လည်းရှိတယ်။ ဒါပေမဲ့ အက်ရှင်ကား ကောင်းတွေ ရိုက်ဖို့ဆိုရင် စက်တင် ပစ္စည်း Facility တွေ အများကြီးလိုတယ်။ 

အစ်ကိုတို့တွေ အရင်တုန်း က ဖိုက်တင်တွေ ထိုးနေကြတဲ့ ပုံစံ အတိုင်းတစ်ယောက်နဲ့တစ်ယောက် လက်သီးတွေ ထိုးနေတဲ့ ခေတ်မျိုးက မရှိတော့ဘူးလေ။ တကယ်ဆို စက်တင်ပစ္စည်းတွေ အများကြီးနဲ့ သေ ချာစနစ်တကျ ရိုက်နိုင်မှပဲ ဖိုက်တင်ကားကောင်း ကောင်းဖြစ်နိုင်မှာ အစ်ကိုတို့ဆီမှာက အဲဒီလိုပံ့ပိုးနိုင် အားက တအား နည်းနေတော့ ဖိုက်တင်ကား သီးသန့်ကတော့ မလွယ်ဘူး။ ဒရာမာထဲ မှာ ဖိုက်တင်လေး နည်းနည်းပါးပါး ပါတာမျိုးလောက်ပဲ ရိုက်ရတာ အဆင်ပြေတယ်။

နောင်တစ်ချိန်အတိုင်းတာ တစ်ခုအထိ စောင့်ပြီး သွားရင် တကယ်အဆင့်အတန်းမြင့်တဲ့ကား မျိုးလေးတွေ ပေါ်လာနိုင် ပါတယ်" လို့ ပြောပြပါတယ်။ပြေတီဦးက ဇာတ်ကားတွေ ရိုက်ကူးနေရင်း 'ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း' ရန်ပုံငွေပွဲ စီစဉ်နေမှုနဲ့လည်း ပတ်သက်ပြီး "ပွဲက အခုမှ စစဉ်းစားနေတုန်းပဲရှိသေးတယ်။ ရန်ကုန် မှာက ပွဲတွေ လိုအပ်တာ ထက်ကို များနေပြီ။ မထူးဆန်းတော့ ဘူးလေ။ မန္တလေးကပရိသတ်တွေ ကတော့တအားကြည့်ချင်နေ ကြတယ်။ အကောင်းဆုံးကြိုးစားသွားမှာပါ" လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
ပြေတီဦးက 'မိုးတွေရွာ နေစဉ်ခဏ' ဆိုတဲ့ ဇာတ်ကား ကို မိုးဟေကို၊ ဒါရိုက်တာ ညိုမင်းလွင်တို့နဲ့ ရိုက် ကူးနေ ပါတယ်။

ရို့မန့်ဇာတ်ကား လေး ဖြစ်ပြီး ဇာတ်ကားအစုံမျှ ရိုက်ကူးဖြစ်ပေမယ့် အက်ရှင် ဇာတ်ကားတွေ သိပ်မတွေ့ ရတော့တဲ့အပေါ်မှာလည်း "ဇာတ်ကားတွေက အစ် ကိုတို့ကတော့ အစုံရိုက်တာ ပါပဲ။ လှည့် ရိုက်နေကြ တာပဲ။ ဟာသ၊ ဒရာမာလေးတွေ ရော၊ အက်ရှင်လေးနည်း နည်းပါးပါးပါတာလေးတွေ လည်းရှိတယ်။ ဒါပေမဲ့ အက်ရှင်ကား ကောင်းတွေ ရိုက်ဖို့ဆိုရင် စက်တင် ပစ္စည်း Facility တွေ အများကြီးလိုတယ်။

အစ်ကိုတို့တွေ အရင်တုန်းက ဖိုက်တင်တွေ ထိုးနေကြတဲ့ ပုံစံအတိုင်းတစ်ယောက်နဲ့တစ်ယောက် လက်သီးတွေ ထိုးနေတဲ့ ခေတ်မျိုးက မရှိတော့ဘူးလေ။ တကယ်ဆို စက်တင်ပစ္စည်းတွေ အများကြီးနဲ့ သေ ချာစနစ်တကျ ရိုက်နိုင်မှပဲ ဖိုက်တင်ကားကောင်း ကောင်းဖြစ်နိုင်မှာ အစ်ကိုတို့ဆီမှာက အဲဒီလိုပံ့ပိုးနိုင် အားက တအား နည်းနေတော့ ဖိုက်တင်ကား သီးသန့်ကတော့ မလွယ်ဘူး။ ဒရာမာထဲ မှာ ဖိုက်တင်လေး နည်းနည်းပါးပါး ပါတာမျိုးလောက်ပဲ ရိုက်ရတာ အဆင်ပြေတယ်။

နောင်တစ်ချိန်အတိုင်းတာ တစ်ခုအထိ စောင့်ပြီး သွားရင်တကယ်အဆင့်အတန်းမြင့်တဲ့ကား မျိုးလေးတွေ ပေါ်လာနိုင်ပါတယ်" လို့ ပြောပြပါတယ်။ပြေတီဦးက ဇာတ်ကားတွေ ရိုက်ကူးနေရင်း 'ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း' ရန်ပုံငွေပွဲ စီစဉ်နေမှုနဲ့လည်း ပတ်သက်ပြီး "ပွဲက အခုမှ စစဉ်းစားနေတုန်းပဲရှိသေးတယ်။ ရန်ကုန် မှာက ပွဲတွေ လိုအပ်တာ ထက်ကို များနေပြီ။ မထူးဆန်းတော့ ဘူးလေ။ မန္တလေးကပရိသတ်တွေ ကတော့တအားကြည့်ချင်နေ ကြတယ်။ အကောင်းဆုံး ကြိုးစား သွားမှာပါ" လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်

0 comments:

Post a Comment