နယူးဒေလီ သြဂုတ် ၁၁
အိန်္ဒိယ နိုင်ငံ အရှေ့ပိုင်းမာတာရီ
ကျေးရွာအနီးတွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ရထား တိုက်မိ မှုကြောင့်
ဆင်တစ်ကောင် သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ဆင် ၁၅ ကောင်ခန့် ပါဝင်သော
ဆင်အုပ် တစ်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံးခဲ့သည့် ရွာသို့
လာရောက်၍ ကလဲ့စား ချေသည့် အနေဖြင့် နေအိမ်များကိုဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ
ဆင်အုပ်သည် အနီးအနားရှိ နေအိမ်
များကို ဖျက်ဆီးခဲ့ပြီး စာသင်ကျောင်း၏
အစိတ်အပိုင်းအချို့ကိုလည်း ဖျက်ဆီးခဲ့ကြောင်းနှင့် ဆင်အုပ်ကို ဒေသခံ
များက ဗျောက်အိုးများ အသုံးပြု၍ အုပ်စုခွဲ နိုင်ခဲ့ကြောင်း သိရသည်။
ဆင် ၁၅ ကောင်ခန့် ပါဝင်သော အဆိုပါ
ဆင်အုပ်သည် ၎င်းတို့၏ အပေါင်း အဖော်ဆင် သေဆုံး ခဲ့သည့် နေရာသို့
ရောက်ရှိခဲ့ကြောင်း၊ ဆင်များသည် ယင်းနေရာမှ ရက်ပေါင်းများစွာ ဖယ်ရှားခြင်း
မရှိသည့် အတွက် ရထား ခရီးစဉ်များ ရပ်တန့် ခဲ့ရကြောင်း Times of India တွင်
ဖော်ပြထားသည်။ ဆင်များသည် ၎င်းတို့၏ အပေါင်းအဖော် ဒဏ်ရာရရှိ ခဲ့သည်ဟု ယူဆပြီး
၎င်းကို ကယ်ဆယ်ရန် အတွက် အခင်း ဖြစ်ပွားရာ နေရာသို့ ပြန်လာရန်
ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဆင်တစ်ကောင် သဘာဝ အတိုင်း သေဆုံး ခဲ့ပါက ၎င်း၏
အပေါင်းအဖော် ဆင်များသည် သေဆုံးသည့် ဆင်၏ ခန္ဓာကိုယ်ကို သစ်ကိုင်းများဖြင့်
ဖုံးအုပ်လေ့ ရှိကြောင်း တောရိုင်း တိရစ္ဆာန် ဆိုင်ရာ ကျွမ်းကျင်သူ
ဒီအက်ခ်ဆရီဖက်စ်တာဗာ က Times of India သို့ ပြောကြားခဲ့သည်။
myawady
0 comments:
Post a Comment