Wednesday, August 28, 2013

နယ်စပ် ဂိတ်များ ဖွင့်ပေး ခြင်းကြောင့် အခြေခံ လူတန်းစား များအတွက် အကျိုး ကျေးဇူး ရရှိ

နယ်စပ် ဂိတ်များ ဖွင့်ပေး ခြင်းကြောင့် အခြေခံ လူတန်းစား များအတွက် အကျိုး ကျေးဇူး ရရှိ ……
မြန်မာ- ထိုင်း နယ်စပ်ဂိတ်များ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု ဖွင့်ပေးခြင်းကြောင့် အခြေခံ လူတန်းစား အပေါ်  အဓိကအကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း My- anmar Hotelier Association မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ယဉ်က ပြောသည်။
''မြန်မာ- ထိုင်း နှစ်နိုင်ငံ နယ်စပ်ဂိတ်များ ဖြစ်သည့်  တာချီလိတ်- မယ်ဆိုင်၊  မြဝတီ- မဲဆောက် ၊ ကော့သောင်း- ရနောင်း နှင့် ထီခီး- ဖူနာရွန် နယ်စပ်ဂိတ်များအား အပြည်ပြည်ဆိုင်ရာဂိတ်များ အဖြစ် ပြောင်းလဲသတ်မှတ်၍ ဗီဇာပါရှိသော နိုင်ငံကူးလက်မှတ်၊ ခိုင်လုံသောခရီးသွားလက်မှတ် ပါရှိ သည့်  မြန်မာ၊ ထိုင်း နိုင်ငံသားများနှင့် တတိယ နိုင်ငံသား များအား သြဂုတ် ၂၈ရက် နံနက် ၈ နာရီမှစတင် ၍  မြန်မာနိုင်ငံ ဘက်မှ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာန ပြည်နယ် ဦးစီးဌာနမှူး ဦးထိန်ဝင်းက ပြောသည်။

''ယခုလို နယ်စပ်ဂိတ်တွေက တရားဝင်ဝင်ထွက်ခွင့် ပြုလိုက်တဲ့ အတွက် နိုင်ငံခြားခရီး သွားလာရောက် မှု နှုန်းက ပြီးခဲ့တဲ့ နှစ်ထက် နှစ်ဆမြင့် တက် လာနိုင်သလို အခြေခံ လူတန်းစား တစ်ရပ် အကျိုးရှိမှာပါ။ ဒါကြောင့် Taxi သမားတို့၊ မြင်းလှည်း သမားတို့ စတဲ့သူတွေ ဝင်ငွေ တိုးလာနိုင် တယ်။ ပြည်ပ နိုင်ငံခြား သား ဝင်ရောက်မှုနှုန်းမှာ ဆိုရင် အရင်က တည်းက ထိုင်းက နံပါတ်တစ်ပဲ၊ အခုဆို ပိုပြီးတော့တောင် လာရောက်မှု နှုန်းမြင့် တက်လာ နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ တန်ခိုးကြီး ဘုရားတွေကို နိုင်ငံခြားသား ဝင်ရောက်မှုများ လာနိုင်တဲ့အတွက် သာသနိက အဆောက်အအုံတွေ ဖွံ့ဖြိုး လာနိုင်ပါမယ်'' ဟု  Myanmar  Hotelier Association မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ယဉ်က ပြောသည်။

အဆိုပါ ဂိတ်များမှ ဝင်ရောက်လာသူများအား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် များအပြင်  အခြားမည်သည့် နယ်စပ်ဂိတ်မဆို ပြန်လည်ထွက်ခွာခွင့် ပြုသွား မည်ဖြစ်ကြောင်း၊ သြဂုတ် ၂၆ရက် မြန်မာ-ထိုင်း နယ်စပ်ဂိတ်မှ  ခရီးသွားလုပ်ငန်းစတင်ခြင်း ဆိုင်ရာ အစည်းအဝေး၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ် ဦးစီးဌာနမှူး ဦးထိန်ဝင်း က ပြော ကြားခဲ့သည်။

''ယခုလို နယ်စပ်ဂိတ်တွေ အားလုံးကို ဖွင့်ပြီး တရားဝင် ဝင်ထွက်ခွင့်ပြု တာ ကောင်း ပါ တယ်။ ဒါပေမဲ့ ဟိုတယ်အခန်း တွေ လုံလောက်ဖို့ အတွက်တော့ လိုအပ်ပါတယ်။၂ဝ၁၃ နှစ်ကုန် လောက်ကျရင် ဖွင့်မယ့် ဟိုတယ်တွေနဲ့ ဆိုရင်တော့ အခန်းလုံလောက်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက တခြားနိုင်ငံတွေ နဲ့ နှိုင်းယှဉ်ရင် အခန်းခနှုန်း ထားက အရမ်းမြင့် နေတယ်။  ထိုင်းမှာဆိုရင် ဒေါ်လာ ၅ဝ ဆို 4 Star အဆင့်ရှိတဲ့ ဟိုတယ်မှာ တည်းနိုင်တယ်။ ဂျပန်နိုင်ငံမှာ ဆိုဒေါ်လာ ၁ဝဝဆို ရင် တော်တော် အ ဆင့်မြင့် တဲ့ ဟိုတယ်မှာ တည်းလို့ရတယ်။ မြန်မာနိုင်ငံ မှာဆို နိုင်ငံခြားသား တစ်ယောက် က ဒေါ်လာ ၁၅ဝလောက် ရှိမှ တည်းလို့ရတယ်။ ဟိုတယ် အခန်းခနှုန်းထားပါ ပြည်ပ နိုင်ငံတွေနဲ့ သိပ်မ ကွာဘူး ဆိုရင်တော့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းက ပိုပြီးတော့ တွင်ကျယ်လာနိုင်ပါတယ်''  ဟု Myanmar  Hotelier Association မှ ဒုတိယ ဥက္ကဋ္ဌ ဦးခင်မောင်ယဉ်က သုံးသပ် ပြောကြား သည်။

မြန်မာနိုင်ငံတွင် တရားဝင်ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း ၈၃၄ လုံးနှင့် အခန်းပေါင်း ၃ဝ၄ဝ၁ ခန်း ရှိပြီး  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ် ၂၁လုံး၊ အခန်း ၃၄ဝ၅ခန်း၊ ပြည်ပနှင့် ဖက်စပ် ဟိုတယ်လေးလုံး၊ အခန်း ၄၄၁ခန်း၊ နိုင်ငံပိုင် ဟိုတယ်ခြောက်လုံး၊ အခန်း ၁၉၉ ခန်းနှင့် ပုဂ္ဂလိ ကပိုင် ဟိုတယ် ၈ဝ၃လုံး၊ အခန်း ၂၆၃၅၆ခန်း ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရသည်။

အိချယ်ရီအောင်
မြ၀တီ

0 comments:

Post a Comment