ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်
တပ်ဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း သို့
တရားမဝင် ဝင်ရောက် လာသော ရိုဟင်ဂျာ အမည်ခံ မွတ်စလင် ၂၄ ဦး အပါအဝင်
လူပေါင်း ၂၇ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သြဂုတ် ၂၆ ရက် အင်တာနက်
သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါ ဖမ်းဆီးခံရ သူများထဲတွင်
မြန်မာနိုင်ငံ ဟားခါးခရိုင်မှ နျူအာ မက်နှင့် ၎င်း၏ဇနီး မာရီယန် ခါတွန်တို့
ပါဝင်ပြီး ၎င်းတို့အနေဖြင့် ၂ဝ၁၂ ခုနှစ်က အလုပ်အကိုင် ရှာဖွေရန် ဘင်္ဂလားဒေ့ရှ်
နိုင်ငံ ဆတ်ခီရာခရိုင်ရှိ Taluigachha နယ်စပ် ဒေသမှတစ်ဆင့် အိန္ဒိယနိုင်ငံ
အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း တမီးလ်နာဒူး ပြည်နယ်ရှိ စက်ရုံတစ်ရုံ၌
အလုပ်လုပ် နေစဉ်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ်
ချမှတ်ခံခဲ့ရကြောင်း၊ အိန္ဒိယအကျဉ်းထောင်တွင် ထောင်ဒဏ် ၃ လ ကျခံပြီးနောက်
ပြန်လည် လွတ်မြောက် လာခဲ့ပြီး အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့များက သြဂုတ် ၂၃
ရက်တွင် Pakir-danga နယ်စပ်ဒေသ သို့ ခေါ်ဆောင် သွားခဲ့ကြောင်းနှင့် သြဂုတ်
၂၄ ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့
ဝင်ရောက်ရေးဖိအားပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်
နိုင်ငံ ဆာလာခရိုင် ရဲ တပ်ဖွဲ့သည် ၎င်းတို့အား တရားမဝင်နယ်စပ်
ဖြတ်ကျော်မှုဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
မြ၀တီ
0 comments:
Post a Comment