Friday, August 2, 2013

တောင်ငူ ကျောက်ကြမ်းဈေး ကျပ် ၅၀၀၀ ခန့် ဈေးကျ


Photo: တောင်ငူ ကျောက်ကြမ်းဈေး ကျပ် ၅၀၀၀ ခန့် ဈေးကျ
Friday, Augest 02, 2013

မိုးရာသီတွင် လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ရန်ကုန်နှင့် နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ်နားထား၍ တောင်ငူမြို့နယ် ၄ မိုင် ကျောက်ထုတ် လုပ်ငန်းများ၏ ကျောက်ကြမ်း ဈေးနှုန်းသည် တစ်ကျင်းလျှင် ကျပ် ၅၀၀၀ ခန့် ဈေးကျဆင်းခဲ့ကြောင်း တောင်ငူမြို့နယ် ကျောက်လုပ်ငန်းရှင်များက သြဂုတ်လ ၁ ရက်နေ့တွင် ပြောကြားသည်။

ဆောက်လုပ်ရေး လုပ်ငန်းများ ကောင်းမွန်သော နွေကာလတွင် ကျပ် ၅၅,၀၀၀ အထိ ဈေးရရှိသော ချီပင်ကျောက် ငါးမူးတစ်ကျင်းသည် သြဂုတ်လတွင် ၄၉,၀၀၀ ကျပ်၊ ၁ ထ ၂ ကျောက်တစ်ကျင်း ၄၂,၀၀၀ မှ ၃၇,၀၀၀ကျပ်၊ ၄ ထ ၆ တစ်ကျင်း ၃၄,၀၀၀ မှ ၂၉,၀၀၀ ကျပ်၊ ၆ ထ ၉တစ်ကျင်း ၃၃,၀၀၀ မှ ၂၈,၀၀၀ ကျပ်ခန့်အထိ ဈေးကျဆင်းခဲ့ကြောင်း တောင်ငူမြို့ ၄ မိုင် ကျောက်လုပ်ငန်းခွင်မှ သံလွင် ကျောက်ထုတ် လုပ်ငန်းပိုင်ရှင် ဦးထွန်းသူရိန်က ပြောကြားသည်။

“မိုးတွင်းမှာ ကျောက်ဈေးကျပေမယ့် လုပ်ငန်းက ရပ်လို့မရဘူး။ ကိုယ့်ကို မှီခိုနေတဲ့ လုပ်သားတွေကလည်း ရှိသေးတယ်။ မိုးတွင်းဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမားက မျှစားနေရတဲ့ သဘောပါပဲ” ဟု တောင်ငူမြို့နယ် သပြေလှကျေးရွာနေ အတွေ့အကြုံနှစ် ၂၀ ခန့်ရှိ အသက် ၅၅ နှစ်အရွယ်ရှိ ဝါရင့်ကျောက် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မိုးကာလတွင် ဆောက်လုပ်ရေး လုပ်ငန်းအများစု လုပ်ငန်း ရပ်ဆိုင်းလေ့ရှိပြီး
 ကျောက်ဈေး ကျဆင်းမှုသည် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် များစွာအကျိုးသက်ရောက်မှု မရှိကြောင်း မန္တလေးမြို့ခံ ဆောက်လုပ်ရေး
လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ကျော်မျိုးက သုံးသပ်ပြောကြားသည်။

တောင်ငူမြို့ ဒိုးသောင်ကျေးရွာအုပ်စု ကွင်းအမှတ် ၄၈၀ မြွေတော်ကွင်း
 ရေချိုးချောင်း ကျေးရွာနှင့် ညောင်ပင်လှကျေးရွာ၊ သပြေလှကျေးရွာ အနီးတစ်ဝိုက် မင်းဝံတောင်တန်း တစ်လျှောက်တွင် ကျောက်လုပ်ငန်း လုပ်ကိုင်သူဦးရေ ၁၀၀ ကျော်ရှိပြီး ကျောက်ခွဲစက် ၈၀ ခန့်ရှိရာ အဆိုပါ
 ကျောင်းလုပ်ငန်းကို အမှီပြု လုပ်ကိုင်သူ လုပ်သားတစ်ထောင်ခန့် ရှိကြောင်း၊ အဆိုပါ ကျောက်လုပ်ငန်းများမှ တစ်ရက်လျှင် ကျောက်ကျင်းပေါင်း ၃၀၀၀ ကျော်ကို နေပြည်တော်၊ ရန်ကုန်မြို့ကြီးများရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်များသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း ကျောက်ထုတ်လုပ်ငန်းရှင်များက တညီတညွှတ်တည်း ပြောကြားသည်။

The Voice Weekly
မိုးရာသီတွင် လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ရန်ကုန်နှင့် နေပြည်တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းအချို့ ရပ်နားထား၍ တောင်ငူမြို့နယ် ၄ မိုင် ကျောက်ထုတ် လုပ်ငန်းများ၏ ကျောက်ကြမ်း ဈေးနှုန်း သည် တစ်ကျင်းလျှင် ကျပ် ၅၀၀၀ ခန့် ဈေးကျဆင်းခဲ့ကြောင်း တောင်ငူမြို့နယ် ကျောက်လုပ်ငန်းရှင် များက သြဂုတ်လ ၁ ရက်နေ့တွင် ပြောကြားသည်။ဆာက်လုပ်ရေး လုပ်ငန်းများ ကောင်းမွန်သော နွေကာလတွင် ကျပ် ၅၅,၀၀၀ အထိ ဈေးရရှိသော ချီပင်ကျောက် ငါးမူးတစ်ကျင်းသည် သြဂုတ်လတွင် ၄၉,၀၀၀ ကျပ်၊ ၁ ထ ၂ ကျောက်တစ်ကျင်း ၄၂,၀၀၀ မှ ၃၇,၀၀၀ကျပ်၊ ၄ ထ ၆ တစ်ကျင်း ၃၄,၀၀၀ မှ ၂၉,၀၀၀ ကျပ်၊ ၆ ထ ၉တစ်ကျင်း ၃၃,၀၀၀ မှ ၂၈,၀၀၀ ကျပ်ခန့်အထိ ဈေးကျဆင်းခဲ့ကြောင်း တောင်ငူမြို့ ၄ မိုင် ကျောက်လုပ်ငန်းခွင်မှ သံလွင် ကျောက်ထုတ် လုပ်ငန်းပိုင်ရှင် ဦးထွန်းသူရိန်က ပြောကြားသည်။

“မိုးတွင်းမှာ ကျောက်ဈေးကျပေမယ့် လုပ်ငန်းက ရပ်လို့မရဘူး။ ကိုယ့်ကို မှီခိုနေတဲ့ လုပ်သားတွေကလည်း ရှိသေးတယ်။ မိုးတွင်းဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမားက မျှစားနေရတဲ့ သဘောပါပဲ” ဟု တောင်ငူမြို့နယ် သပြေလှကျေးရွာနေ အတွေ့အကြုံနှစ် ၂၀ ခန့်ရှိ အသက် ၅၅ နှစ်အရွယ်ရှိ ဝါရင့်ကျောက် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မိုးကာလတွင် ဆောက်လုပ်ရေး လုပ်ငန်းအများစု လုပ်ငန်း ရပ်ဆိုင်းလေ့ရှိပြီး ကျောက်ဈေး ကျဆင်းမှုသည် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် များစွာအကျိုးသက်ရောက်မှု မရှိကြောင်း မန္တလေးမြို့ခံ ဆောက် လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ကျော်မျိုးက သုံးသပ်ပြောကြားသည်။

တောင်ငူမြို့ ဒိုးသောင်ကျေးရွာအုပ်စု ကွင်းအမှတ် ၄၈၀ မြွေတော်ကွင်း ရေချိုးချောင်း ကျေးရွာနှင့် ညောင်ပင်လှကျေးရွာ၊ သပြေလှကျေးရွာ အနီးတစ်ဝိုက် မင်းဝံတောင်တန်း တစ်လျှောက်တွင် ကျောက် လုပ်ငန်း လုပ်ကိုင်သူဦးရေ ၁၀၀ ကျော်ရှိပြီး ကျောက်ခွဲစက် ၈၀ ခန့်ရှိရာ အဆိုပါ ကျောင်းလုပ်ငန်းကို အမှီပြု လုပ်ကိုင်သူ လုပ်သားတစ်ထောင်ခန့် ရှိကြောင်း၊ အဆိုပါ ကျောက်လုပ်ငန်းများမှ တစ်ရက်လျှင် ကျောက် ကျင်းပေါင်း ၃၀၀၀ ကျော်ကို နေပြည်တော်၊ ရန်ကုန်မြို့ကြီးများရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်များသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း ကျောက်ထုတ် လုပ်ငန်းရှင် များက တညီတညွှတ်တည်း ပြောကြားသည်။
The Voice Weekly

0 comments:

Post a Comment