Friday, August 2, 2013

ဆေးလိပ်သောက်ခြင်းသည် ကြော်ငြာကြောင့်ဟုဆို


Photo: ဆေးလိပ်သောက်ခြင်းသည် ကြော်ငြာကြောင့်ဟုဆို
Friday, Augest 02, 2013

အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး သုတေသန ဌာန ပညာရှင်များ၏ အဆိုအရ လူငယ်များ ဆေးလိပ်သောက်ခြင်းသည် စတိုးဆိုင်များတွင် မြင်တွေ့ရသည့် ဆေးလိပ် ကြော်ငြာများ၏ လွှမ်းမိုးမှုကို ခံရသောကြောင့် ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ ရှန်တာဒူဘေး ဦးဆောင်သည့် အဖွဲ့ တစ်ဖွဲ့သည် ၂၀၁၁ ခုနှစ် ကတည်းက လူငယ်များ ဆေးလိပ်သောက်ခြင်းကို လေ့လာ သုတေသန
 ပြုလုပ်ခဲ့ရာတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား အများစုသည် ဆေးလိပ် ကြော်ငြာများကို ကြည့်ပြီး အားကျကာ စမ်းသပ် သောက်သုံးရာက ဆေးလိပ် သောက်တတ်သွားခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် လေ့လာချက်အရ အလယ်တန်း ကျောင်းသား ၈၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် အထက်တန်း ကျောင်းသား ၈၇ ရာခိုင်နှုန်းတို့သည် မိမိတို့ ဆေးလိပ်သောက်ခြင်းမှာ စတိုးဆိုင်များရှိ ကြော်ငြာများ ကြောင့်ဟု ဝန်ခံကြပြီး၊ အလယ်တန်း ကျောင်းသား ၄၈ ရာခိုင်နှုန်းနှင့် အထက်တန်း
 ကျောင်းသား ၅၄ ရာခိုင်နှုန်းသည် မဂ္ဂဇင်းနှင့် ဂျာနယ် ဆေးလိပ် ကြော်ငြာ
များကြောင့် ဖြစ်သည်ဟု ဝန်ခံကြကြောင်း UPI သတင်းတွင် ဖော်ပြထား
သည်။

The Voice Weekly
အမေရိကန်ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး သုတေသန ဌာန ပညာရှင်များ၏ အဆိုအရ လူငယ်များ ဆေးလိပ်သောက်ခြင်းသည် စတိုးဆိုင်များတွင် မြင်တွေ့ရသည့် ဆေးလိပ် ကြော်ငြာ များ၏ လွှမ်းမိုးမှုကို ခံရသောကြောင့် ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ ရှန်တာဒူဘေး ဦးဆောင်သည့် အဖွဲ့ တစ်ဖွဲ့သည် ၂၀၁၁ ခုနှစ် ကတည်းက လူငယ်များ ဆေးလိပ်သောက်ခြင်းကို လေ့လာ သုတေသနပုလုပ်ခဲ့ရာတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား အများစုသည် ဆေးလိပ် ကြော်ငြာများကို ကြည့်ပြီး အားကျကာ စမ်းသပ် သောက်သုံးရာက ဆေးလိပ် သောက်တတ်သွားခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် လေ့လာချက်အရ အလယ်တန်း ကျောင်းသား ၈၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် အထက်တန်း ကျောင်းသား ၈၇ ရာခိုင်နှုန်းတို့သည် မိမိတို့ ဆေးလိပ်သောက်ခြင်းမှာ စတိုးဆိုင်များရှိ ကြော်ငြာများ ကြောင့်ဟု ဝန်ခံကြပြီး၊ အလယ်တန်း ကျောင်းသား ၄၈ ရာခိုင်နှုန်းနှင့် အထက်တန်းကျာင်းသား ၅၄ ရာခိုင်နှုန်း သည် မဂ္ဂဇင်းနှင့် ဂျာနယ် ဆေးလိပ် ကြော်ငြာများကြောင့် ဖြစ်သည်ဟု ဝန်ခံကြကြောင်း UPI သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

0 comments:

Post a Comment