Sunday, August 11, 2013

ပုဂံညောင်ဦးဒေသတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ဒေသဆိုင်ရာ အာဏာပိုင် များ ဆွေးနွေး

V-11-8
ပုဂံဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများကို တာဝန်ရှိသူများမှ တွေ့ ဆုံဆွေးနွေး သည်ကို တွေ့ရစဉ်
သြဂုတ် ၁၀ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှူး ဦးဇော်ဝင်းအောင် သည် ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမတွင်
မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ စားသောက်ဆိုင်များအသင်း၊ မော်တော်ယာဉ်အသင်း၊ မြင်းလှည်းယာဉ် အသင်း၊ စက်ဘီးငှားရမ်းသူများ၊ ဧည့်လမ်းညွှန်များ ပါဝင်သောဒေသခံ လုပ်ငန်းရှင် စုစုပေါင်း ၉၀ ပါဝင်သော ဒေသခံများနှင့် တွေ့ဆုံပြီး ပုဂံဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေများကို တွေ့ ဆုံဆွေးနွေး ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သက်ဆိုင်ရာတာ ၀န်ရှိသူများက ၂၀၁၃ ခုနှစ် အတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံခြား သားများထံမှ ပစ္စည်းလုယက် ခံရမှုများအပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် နယ်မြေခံ သတင်းရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ၀ိုင်းဝန်းဖော်ထုတ်လျက်ရှိပြီး အလားတူဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန် ဆောင်ရွက်ထားရှိသည်များကို တင်ပြခြင်း၊ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့အား ထပ်မံ ဖွဲ့စည်းခဲ့ပြီး ဧပြီ ၁ ရက်မှစ၍ အင်အား ၃၀ စတင်ဖွဲ့စည်းခဲ့ပြီး ယခုအချိန် တွင် လုပ်ငန်း လိုအပ်ချက်အရ အင်အား ၆၄ အထိ တိုးမြှင့်ပေး ထားကြောင်းနှင့် နောင်တွင်လည်း လုပ်ငန်း လိုအပ်ချက် ရှိသည့်အတိုင်း စက်ဘီး၊ မော်တော်ဆိုင်ကယ် စသည့်ကင်းလှည့်ပြီး ခရီးသွားလုပ်ငန်း လုံခြုံရေးများကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေး ခဲ့ သည်။ ယခုဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ခရီးသွားလုပ်ငန်း လုံခြုံမှုရှိရေးနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကာ မွန်းလွှဲ ပိုင်းတွင် အစည်းဝေး ပြီးဆုံးခဲ့ကြောင်း သိရသည်။
Eleven Media Group

0 comments:

Post a Comment