စင်ကာပူရှိ မိဘများသည် သားသမီးများအား ငယ်ရွယ်စဉ်မှစပြီး ဘာသာစကားနှစ်မျိုး ပြောတတ်၊ ဆိုတတ်စေရန် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်းယူက အမျိုးသားနေ့ ညစာစားပွဲတွင် တိုက်တွန်းပြောဆိုခဲ့သည်။
စင်ကာပူတွင် ငယ်ရွယ်စဉ်ကစပြီး အင်္ဂလိပ်ဘာသာစကားကို သင်ယူခြင်းမရှိပါက
နိုင်ငံ၏ဘာသာ စကားနှစ်ခု ပူးတွဲသင်ကြားသည့် စနစ်ကြောင့်
အသက်အရွယ်ကြီးလာလျင် အခက်တွေ့လိမ့် မည်ဖြစ် ကြောင်း
အင်္ဂလိပ်နှင့် မိခင်ဘာသာစကား တတ်မြောက်မှုကိုအားပေးသည့် မစ္စတာလီက ပြော သည်။
အသက်နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ် ကလေးတစ်ဦးအား ဘာသာစကားများစွာ
သင်ကြားပေးနိုင် ပြီး ယင်းကဲ့သို့သင်ကြားပေးမှုကြောင့်
ကလေးငယ်၏ သင်ယူမှုဖြစ်စဉ်တွင် ရှုပ်ထွေးမှုများရှိလာမည် မဟုတ်ကြောင်းကို
အမေရိကန်စိတ်ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့သည်ဟု မစ္စတာလီကပြော သည်။
ငယ်ရွယ်စဉ်တွင် ဘာသာ စကားများစွာဖြင့် ထိတွေ့ခဲ့သည့်အတွက်ကြောင့် ကလေးသည်
ဘာသာစကားမျိုးစုံတို့၏ ကွဲပြားသောသဒ္ဒါနှင့် ဝါကျဖွဲ့ထုံးတို့ကို
ခွဲခြားတတ်သည့် အကျင့်ရလာ မည် ဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းကြောင့် နေအိမ်တွင် အင်္ဂလိပ်လိုပြောကြားသည့် အင်္ဂလိပ်စာတတ် မိဘများသည် ၎င်းတို့၏ ကလေးများအား တရုတ်ဘာသာစကားဖြင့် သင်ကြားသည့်
မူကြိုကျောင်းတွင် ထားရှိသင့်ပြီးနေအိမ် တွင် တရုတ်ဘာသာစကားပြောသည့်
မိဘများသည်လည်း ၎င်းတို့၏ ကလေးများအား အင်္ဂလိပ်ဘာသာ စကားဖြင့် သင်ကြားသည့်
မူကြိုကျောင်းတွင် ထားရှိသင့်ကြောင်း မစ္စတာလီက အကြံပြုခဲ့သည်။
ထို့ပြင် ပညာရေးဆိုသည်မှာ ရမှတ်များ ရရှိခြင်းမဟုတ်ဘဲ လူတစ်ဦး၏
အရည်အသွေးကို မြှင့်တင်ပေး သည့် စနစ်တစ်ခုသာဖြစ်သင့်ကြောင်း
မစ္စတာလီကပြောဆိုခဲ့သည်။ စင်ကာပူအစိုးရသည်လည်း နိုင်ငံ တွင်းရှိ
မူကြိုကျောင်းပညာရေးကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နေပြီဖြစ်သည်။
လာမည့် ငါးနှစ်ကျော်တွင် မူကြိုကျောင်းပညာရေး တိုးတက်ကောင်းမွန်စေရန်
စင်ကာပူဒေါ်လာ ၃ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း စင်ကာပူအစိုးရက မကြာသေးမီတွင်
ထုတ်ပြန်ခဲ့သည်။
Source:AFP
The Massenger Journal
0 comments:
Post a Comment