ဩဂုတ် ၁၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်ကတိုက်ကြီးမြို့နယ် အဖျောက် မြို့ ရေပေါ်သောင်ကျေးရွာအုပ်စု အတွက် ချထားပေးသည့် မြို့သစ် ကွက် နေရာ၌ လေပြင်းတိုက်ခတ်ခဲ့ မှုကြောင့် လူနေထိုင်ခြင်းမရှိသေးသည့် ဝါး/သစ်တိုင်၊ သွပ်မိုး၊ ထရံကာဖြင့် ဆောက် လုပ်ထားသော နေအိမ်တဲများ ပြိုကျ ပျက်စီးခဲ့ရကြောင်း သိရသည်။
ထိုသို့နေအိမ်တဲ လေးလုံးပြိုကျပျက် စီးမှုကြောင့်တန်ဖိုးငွေ ကျပ် ၈၅၀၀၀၀ ဆုံးရှုံးခဲ့ရပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါနေရာသို့ တာဝန်ရှိသူများရောက်ရှိပြီး လိုအပ် သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
0 comments:
Post a Comment