ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာ ဆိပ်ကမ်းတွင် တွေ့ရသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ၊
ဆရာများနှင့် လုံခြုံရေး တပ်ဖွဲ့များသို့ ခြိမ်းခြောက်သည့်စာများ
ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။
ကပ်ထားသည့် စာရွက်တွင် ရေးထားသည်မှာ "၁။ နွားဗိုလ်ကြီး ၂။ နွားရဲသား ၃။
နွားလုံထိန်း ၄။ နွားရခိုင် ၅။ နွားဆရာတို့ ထမင်းဝအောင် စားထားကြ
ပုံ-ရိုဟင်ဂျာ" ဟု ရေးသား ထားကြောင်းလည်း သိရသည်။
သြဂုတ် ၂၃ ရက်တွင်လည်း ညောင်ချောင်းကျေးရွာ အလယ်တန်းကျောင်း သတ္တမတန်း
စာသင်ခန်း၊ စာသင်ပုန်းတွင် "ကုလားအားလုံး ရိုဟင်ဂျာ၊ ရခိုင်သွား" ဟု
စာရေးသား ထားသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးရာ အသက် ၁၄ နှစ်အရွယ်
သတ္တမတန်းကျောင်းသား အန်ဆာအူလာ (ဘ) အဘူချုပ်ကူ က ရေးသားသည်ဟု တွေ့ရှိရကြောင်း
သိရသဖြင့် မိဘ အားခေါ်ပြီး နောက်မလုပ်ရန် ကတိဝန်ခံချုပ်ဖြင့်
သတိပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ စာရေးသားသူ အသက် ၁၄ နှစ်အရွယ် သတ္တမတန်းကျောင်းသား အန်ဆာအူလာ (ဘ)
အဘူချုပ်ကူမှာ ဘူးသီးတောင်မြို့နယ် ဘုရားပြင်ကျေးရွာအုပ်စု
ပြင်လှကျေးရွာ တွင် နေထိုင် သူဖြစ်ကြောင်း သိရသည်။
ယင်းညောင်ချောင်းကျေးရွာ အုပ်စုမှာ ဘူးသီးတောင် မြို့နယ်ထဲမှ ဘင်္ဂါလီ နယ်မြေဖြစ်ကြောင်း သိရသည်။
ခြိမ်းခြောက်စာများ ထွက်ပေါ်လာပြီးနောက် ဒေသခံများ အနေဖြင့်
စိုးရိမ်စိတ်များ ရှိနေပြီး ယင်းခြိမ်းခြောက်စာနှင့် ပတ်သက်၍
စုံစမ်းဖော်ထုတ် အရေးယူရန် လိုအပ်ကြောင်း ဒေသခံ များက ပြော ကြားသည်။
ယင်းခြိမ်းခြောက်စာနှင့် ပတ်သက်၍ "ခြိမ်းခြောက်စာ ရေးထားတာတော့
စာသင်ကျောင်းမှာ လို့ သိရ ပါတယ်။ နောက်ပြီး ညောင်ချောင်းဈေးမှာလို့လည်း
သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ လက်ထောက်မြို့နယ်
ပညာရေးမှူးတို့က ကျေးရွာ ရပ်မိရပ်ဖတွေ တွေ့ ဆုံဆွေးနွေးပြီး
ဘာကြောင့် ကပ်တာလဲ၊ ဘယ်သူ့လုပ်ရပ်လဲ ဆိုတာကို စုံစမ်းဖော်ထုတ် နေပါ တယ်" ဟု
ဘူးသီးတောင် ရဲစခန်းမှူးက သြဂုတ် ၂၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်က
ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment