ပဲခူးတိုင်းဒေသကြီး၊
တောင်ငူခရိုင်၊ တောင်ငူနည်းပညာ တက္ကသိုလ် ကျောင်းသားများ စုပေါင်းဖွဲ့
စည်း ထားသော အနှိုင်းမဲ့မေတ္တာ သွေးလှူရှင်အသင်းက တောင်ငူမြို့
ပြည်သူ့ဆေးရုံကြီးရှိ လူနာများအတွက် သြဂုတ်လ ၈ ရက်နေ့တွင် ရှစ်လေးလုံး
ငွေရတု အထိမ်းအမှတ် သွေးအိတ်ပေါင်း ၂၄ အိတ်ကို သွားရောက်
လှူဒါန်းခဲ့ကြောင်း အဆိုပါသွေးလှူရှင်အသင်းမှ စုံစမ်းသိရှိရသည်။
ကျောင်းသားများ၏ သွေးမြေကျခဲ့သည့် ဒီမိုကရေစီ အရေးတော်ပုံကို
အောက်မေ့ သတိရစေ ရန်နှင့် တောင်ငူတွင် ယခုလတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့်
တက်ရောက် ကုသနေသည့် ကလေးငယ် များပြားလာသဖြင့် ယခုကဲ့သို့ လှူဒါန်းရခြင်း
ဖြစ်ကြောင်း အနှိုင်း မဲ့မေတ္တာ သွေးလှူရှင် အသင်း အတွင်းရေးမှူး
ကိုဇေယျာလှိုင်က ပြောကြားသည်။
တောင်ငူ နည်းပညာတက္ကသိုလ်
အနှိုင်းမဲ့မေတ္တာ သွေးလှူရှင်အသင်းကို ယခုနှစ် ဇွန်လက
စတင်ဖွဲ့စည်း ခဲ့ကြောင်း အသင်းဝင် ကျောင်းသားကျောင်းသူ ၁၀၀၀
ကျော်ခန့်ရှိပြီး နှစ်လတာ ကာလ အတွင်း သွေး ပုလင်းပေါင်း အလုံးရေ ၃၀၀ ကျော်
လှူဒါန်းပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ စုံစမ်းသိရှိရသည်။
အနှိုင်းမဲ့မေတ္တာ သွေးလှူရှင်အသင်းသည် လက်ရှိတွင် တောင်ငူ၊ ဆွာ၊
ရေတာရှည်မြို့နယ်နှင့် အုတ်တွင်း မြို့နယ်များရှိ
ပြည်သူ့ဆေးရုံကြီးများနှင့် ပုဂ္ဂလိကဆေးရုံကြီးများကို မြို့နယ်လူမှူရေး
အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ လိုအပ်သောသွေးကို နေ့စဉ်လှူဒါန်းပေးလျက်
ရှိကြောင်း အဆိုပါ သွေးလှူရှင်အသင်းထံမှ စုံစမ်းသိရှိရသည်။
The Voice
ပဲခူးတိုင်းဒေသကြီး၊
တောင်ငူခရိုင်၊ တောင်ငူနည်းပညာ တက္ကသိုလ် ကျောင်းသားများ စုပေါင်းဖွဲ့
စည်း ထားသော အနှိုင်းမဲ့မေတ္တာ သွေးလှူရှင်အသင်းက တောင်ငူမြို့
ပြည်သူ့ဆေးရုံကြီးရှိ လူနာများအတွက် သြဂုတ်လ ၈ ရက်နေ့တွင် ရှစ်လေးလုံး
ငွေရတု အထိမ်းအမှတ် သွေးအိတ်ပေါင်း ၂၄ အိတ်ကို သွားရောက်
လှူဒါန်းခဲ့ကြောင်း အဆိုပါသွေးလှူရှင်အသင်းမှ စုံစမ်းသိရှိရသည်။
ကျောင်းသားများ၏ သွေးမြေကျခဲ့သည့် ဒီမိုကရေစီ အရေးတော်ပုံကို အောက်မေ့ သတိရစေ ရန်နှင့် တောင်ငူတွင် ယခုလတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် တက်ရောက် ကုသနေသည့် ကလေးငယ် များပြားလာသဖြင့် ယခုကဲ့သို့ လှူဒါန်းရခြင်း ဖြစ်ကြောင်း အနှိုင်း မဲ့မေတ္တာ သွေးလှူရှင် အသင်း အတွင်းရေးမှူး ကိုဇေယျာလှိုင်က ပြောကြားသည်။
တောင်ငူ နည်းပညာတက္ကသိုလ် အနှိုင်းမဲ့မေတ္တာ သွေးလှူရှင်အသင်းကို ယခုနှစ် ဇွန်လက စတင်ဖွဲ့စည်း ခဲ့ကြောင်း အသင်းဝင် ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော်ခန့်ရှိပြီး နှစ်လတာ ကာလ အတွင်း သွေး ပုလင်းပေါင်း အလုံးရေ ၃၀၀ ကျော် လှူဒါန်းပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ စုံစမ်းသိရှိရသည်။
အနှိုင်းမဲ့မေတ္တာ သွေးလှူရှင်အသင်းသည် လက်ရှိတွင် တောင်ငူ၊ ဆွာ၊ ရေတာရှည်မြို့နယ်နှင့် အုတ်တွင်း မြို့နယ်များရှိ ပြည်သူ့ဆေးရုံကြီးများနှင့် ပုဂ္ဂလိကဆေးရုံကြီးများကို မြို့နယ်လူမှူရေး အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍ လိုအပ်သောသွေးကို နေ့စဉ်လှူဒါန်းပေးလျက် ရှိကြောင်း အဆိုပါ သွေးလှူရှင်အသင်းထံမှ စုံစမ်းသိရှိရသည်။

0 comments:
Post a Comment