Friday, August 9, 2013

အသေခံဗုံးခွဲမှု တစ်ခုဖြစ်ပွား ထိပ်တန်း ရဲအရာရှိ တစ်ဦး အပါအဝင် ၃၁ ဦးသေဆုံး

အစ္စလာမ်မာဘတ် သြဂုတ် ၈
ပါကစ္စတန် အနောက်တောင်ပိုင်း ကွက်တာမြို့တွင် သြဂုတ် ၈ရက် ညနေပိုင်းက အသေခံ ဗုံးခွဲမှု တစ်ခု ဖြစ်ပွား ခဲ့ရာထိပ်တန်း ရဲအရာရှိ တစ်ဦး အပါအဝင် ၃၁ဦး သေဆုံးခဲ့ပြီး ၅ဝကျော် ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ဗုံးပေါက် ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၅ဦး သေဆုံးပြီး ကလေးသူငယ်များ အပါအဝင် ပြည်သူ ၆ဦး သေဆုံးကာ ၄င်းတို့အား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲအရာရှိ တစ်ဦးဖြစ်သူ မူဟာ မက် တာရစ်က်က ပြောကြားခဲ့သည်။
ဒေသတွင်း မီဒီယာများ၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့ဒုတိယ ထောက်လှမ်း ရေးမှူးချုပ် ဖေးယဇ် အာမက်ဇွန် ဘယ်လ် အပါအဝင် ထိပ်တန်း ရဲအရာရှိ ၅ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ အသေခံဗုံးခွဲ မှုသည် သြဂုတ် ၈ ရက်နံနက်က အမည်မသိ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော ရဲအရာရှိ တစ်ဦး၏ ဈာပနအား ရဲဌာနချုပ် ရုံးအတွင်းရှိ ဗလီတစ်ခုတွင် ပြုလုပ်စဉ် ဖြစ်ပွား ခဲ့ခြင်း ဖြစ် သည်။ မျက်မြင် သက်သေများ၏ ပြောကြားချက်အရ အသေခံ ဗုံးခွဲသူသည် ရဲတပ်ဖွဲ့ အကြီး အကဲ၏ ယာဉ်တန်း ရောက်ရှိချိန်တွင် လူအုပ်ကြားထဲမှ တိုးဝှေ့၍ ထွက်ခွာပြီးနောက် ရဲအရာ ရှိကြီး၏ ကားအနီးအနားတွင် ဗုံးခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗုံးရှင်းလင်းရေး အဖွဲ့၏ ပြောကြား ချက်အရ အသေခံ ဗုံးခွဲရာတွင် အလေးချိန် ၁ဝ ကီလိုဂရမ် ရှိသော ဖောက်ခွဲရေး ပစ္စည်းများကို အသုံးပြုခဲ့ကြောင်းနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည် ဆိုသည် ကိုမူ မသိရှိရ သေးကြောင်း သိရသည်။

Myawady

0 comments:

Post a Comment