Friday, August 9, 2013

လီဗာပူးလ်နောက်ခံလူ အဂ္ဂါကို ဘာစီလိုနာ ကမ်းလှမ်း

Photo: လီဗာပူးလ်နောက်ခံလူ အဂ္ဂါကို ဘာစီလိုနာ ကမ်းလှမ်း
Friday, August 9, 2013

ဗဟိုနောက်ခံ ကစားသမား တစ်ဦးကို ရှာဖွေနေသော ဘာစီလိုနာသည် ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကို ဦးစွာ ချဉ်းကပ်ခဲ့သော်လည်း ချယ်လ်ဆီးက ငြင်းပယ်ခဲ့သည့်နောက် ဒိန်းမတ် လက်ရွေးစင် အဂ္ဂါထံ ပစ်မှတ် ပြောင်းလာခြင်း ဖြစ်သည်။

ဘာစီလိုနာ အသင်းသည် လီဗာပူးလ် နောက်ခံလူ ဒန်နီရယ်လ် အဂ္ဂါကို ပေါင်စတာလင် (၁၇)သန်းတန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ် ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဗဟိုနောက်ခံ ကစားသမား တစ်ဦးကို ရှာဖွေနေသော ဘာစီလိုနာသည် ချယ်လ်ဆီးနောက်ခံ လူ ဒေးဗစ်လုဇ်ကို ဦးစွာ ချဉ်းကပ်ခဲ့သော်လည်း ချယ်လ်ဆီးက ငြင်းပယ် ခဲ့သည့်နောက် ဒိန်းမတ် လက်ရွေးစင် အဂ္ဂါထံ ပစ်မှတ် ပြောင်းလာခြင်း ဖြစ် သည်။ 

ဘာစီလိုနာသည် အသက်(၃၅)နှစ်ရှိ အသင်းခေါင်းဆောင် ကားလက်စ်ပူယိုးလ် နေရာကို ရေရှည် အစားထိုးရန်အတွက် ကစားသမားသစ် တစ်ဦးကို အလိုရှိနေရာ အဆိုပါ အင်္ဂလန်ကလပ် နှစ်သင်းမှ ခံစစ်မှူး နှစ်ဦးအနက် တစ်ဦးဦးကို ဝယ်ယူနိုင်ရန် ဆန္ဒရှိနေသည်။

ဘာစီလိုနာ၏ ခံစစ်မှူး ပစ်မှတ်များတွင် မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီနှင့် ဘိုရပ်ရှား ဒေါ့တ်မန်၏ မတ်စ်ဟမ်မဲလ်တို့သည်လည်း လျာထားစာရင်း၌ ပါဝင်နေကြသည်။ အဂ္ဂါသည် ခြေစွမ်း ကောင်းမွန်သော်လည်း ဒဏ်ရာ ပြဿနာ မှတ်တမ်းများ ရှိခဲ့သူ ဖြစ်သည်။ စပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာ အနေဖြင့် ပေါင် စတာလင် (၁၇)သန်းတန် ကမ်းလှမ်းမှုက အန်းဖီးလ်ကလပ်အတွက် စိတ်ဝင်စားလောက်စရာ ဆွဲဆောင်မှု ဖြစ်လာမည်ဟု မျှော်လင့်နေသည်။

သို့သော်လည်း လီဗာပူးလ်သည် အဂ္ဂါအတွက် အနည်းဆုံး ပေါင်စတာလင် သန်း(၂၀)မျှ ဈေးခေါ်ဖွယ် ရှိနေသည်။ အခြားပြဿနာ တစ်ခုမှာ လီဗာပူးလ်၏ သက်တော်ရှည် ခံစစ်မှူးကြီး ဂျင်မီကာရေဂါ အနားယူသွားသည့်နောက် မန်နေဂျာ ဘရန်ဒန် ရော့ဂျာ အနေဖြင့် အထိုင်ကျပြီးသား ခံစစ်သမား အချို့ကို ဆက်လက် ထိန်းသိမ်းရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ လီဗာပူးလ်၏ အခြားခံစစ်မှူး တစ်ဦးဖြစ်သည့် မာတင်စကာတယ်လ်ကိုလည်း အီတလီကလပ် နာပိုလီက ချိတ်ဆက်လျှက်ရှိသည်။

Planet Myanmar Network
ဗဟိုနောက်ခံ ကစားသမား တစ်ဦးကို ရှာဖွေနေသော ဘာစီလိုနာသည် ချယ်လ်ဆီးနောက် ခံလူ ဒေးဗစ်လုဇ်ကို ဦးစွာ ချဉ်းကပ်ခဲ့သော်လည်း ချယ်လ်ဆီးက ငြင်းပယ်ခဲ့သည့်နောက် ဒိန်းမတ် လက်ရွေးစင် အဂ္ဂါထံ ပစ်မှတ် ပြောင်းလာခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းသည် လီဗာပူးလ် နောက်ခံလူ ဒန်နီရယ်လ် အဂ္ဂါကို ပေါင်စတာလင် (၁၇)သန်းတန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဗဟိုနောက်ခံ ကစားသမား တစ်ဦး ကို ရှာဖွေနေသော ဘာစီလိုနာသည် ချယ်လ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်ကို ဦးစွာ ချဉ်းကပ် ခဲ့သော်လည်း ချယ်လ်ဆီးက ငြင်းပယ်ခဲ့သည့်နောက် ဒိန်းမတ် လက်ရွေးစင် အဂ္ဂါထံပစ်မှတ် ပြောင်း လာခြင်း ဖြစ်သည်။

ဘာစီလိုနာသည် အသက်(၃၅)နှစ်ရှိ အသင်းခေါင်းဆောင် ကားလက်စ်ပူယိုးလ် နေရာကို ရေရှည် အစားထိုးရန်အတွက် ကစားသမားသစ် တစ်ဦးကို အလိုရှိနေရာ အဆိုပါ အင်္ဂလန်ကလပ် နှစ်သင်းမှ ခံစစ်မှူး နှစ်ဦးအနက် တစ်ဦးဦးကို ဝယ်ယူနိုင်ရန် ဆန္ဒရှိနေသည်။

ဘာစီလိုနာ၏ ခံစစ်မှူး ပစ်မှတ်များတွင် မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့်ကွမ်ပနီနှင့် ဘိုရပ်ရှား ဒေါ့တ်မန်၏ မတ်စ်ဟမ်မဲလ်တို့သည်လည်း လျာထားစာရင်း၌ ပါဝင်နေကြသည်။ အဂ္ဂါသည် ခြေစွမ်း ကောင်းမွန်သော်လည်း ဒဏ်ရာ ပြဿနာ မှတ်တမ်းများ ရှိခဲ့သူ ဖြစ်သည်။ စပိန်လာလီဂါ ချန်ပီယံ ဘာစီလိုနာ အနေဖြင့် ပေါင် စတာလင် (၁၇)သန်းတန် ကမ်းလှမ်းမှုက အန်းဖီးလ်ကလပ်အတွက် စိတ်ဝင်စားလောက်စရာ ဆွဲဆောင်မှု ဖြစ်လာမည်ဟု မျှော်လင့်နေသည်။

သို့သော်လည်း လီဗာပူးလ်သည် အဂ္ဂါအတွက် အနည်းဆုံး ပေါင်စတာလင် သန်း(၂၀)မျှ ဈေးခေါ်ဖွယ် ရှိနေသည်။ အခြားပြဿနာ တစ်ခုမှာ လီဗာပူးလ်၏ သက်တော်ရှည် ခံစစ်မှူးကြီး ဂျင်မီကာရေဂါ အနားယူသွားသည့်နောက် မန်နေဂျာ ဘရန်ဒန် ရော့ဂျာ အနေဖြင့် အထိုင်ကျပြီးသား ခံစစ်သမား အချို့ကို ဆက်လက် ထိန်းသိမ်းရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ လီဗာပူးလ်၏ အခြားခံစစ်မှူး တစ်ဦးဖြစ် သည့် မာတင်စကာတယ်လ်ကိုလည်း အီတလီကလပ် နာပိုလီက ချိတ်ဆက်လျှက်ရှိသည်။

Planet Myanmar Network

0 comments:

Post a Comment