Friday, August 9, 2013

မန်ယူလက်ထောက် နည်းပြဟောင်း အန်ဇီ အသင်းမှ ထုတ်ပယ်ခံရ

မန်ယူအသင်း နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်၏ လက်ထောက် နည်းပြအဖြစ် တာဝန်ယူခဲ့ ဖူးသော ရီနီမူလန် စတင်းသည် ရုရှား ပရီးမီးယားလိဂ် ကလပ် အန်ဇီအသင်းကို နည်းပြအဖြစ် တာဝန်ယူပြီး ၁၆ ရက် အကြာတွင်ပင် ရာထူးမှ ထုတ်ပယ် ခံလိုက်ရကြောင်း Daily Mail သတင်း စာ၏ ဖော်ပြချက်အရ သိရသည်။

မန်ယူအသင်းတွင် ဖာဂူဆန်၏ နေရာ၌ ဒေးဗစ်မိုရက်စ်ကို အစားထိုး ခန့်အပ်ခဲ့ပြီးနောက် အသင်းနှင့် လမ်းခွဲခဲ့သော မူလန်စတင်းသည် လွန်ခဲ့သော နှစ်ပတ်ကျော်က ရုရှားကလပ် အန်ဇီအသင်းတွင် နည်းပြ ဂုဟစ်ဒင့်စ် နေရာ၌ အစားထိုး ဝင်ရောက်ခဲ့ပြီး နည်းပြအဖြစ် တာဝန်ယူ ခဲ့သော ပထမဆုံး လေး ပွဲ တွင် နိုင်ပွဲ တစ်ပွဲမှ မရရှိခြင်းကြောင့် ရာထူးမှ ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်ကြောင်း Daily Mail သတင်း စာက ဖော်ပြသည်။

မူလန်စတင်းအား ထုတ်ပယ်သည့် သတင်းကို အန်ဇီအသင်း ဥက္ကဋ္ဌ Konstantin Remchukov က Twitter မှတစ်ဆင့် ကြေညာခဲ့ခြင်း ဖြစ်ပြီး အသင်း၏ တစ်နှစ်တာ အသုံးစရိတ်ကိုလည်း ပေါင်သန်း ၁၂၀ မှ သန်း ၅၀ အောက်အထိ လျှော့ချသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

အန်ဇီအသင်းပိုင်ရှင် ရုရှားလူမျိုး ဘီလီယံနာ ဆူလေမန် ကာရီမော့သည် အသင်းရှိ နာမည်ကျော် ကစားသမားများကြား စည်းလုံးမှု ပြိုကွဲနေခြင်းကို စိတ်ရှည် သည်းခံလိုစိတ် ကုန်ဆုံးနေပြီး ၎င်းတို့ နေရာ တွင် ပြည်တွင်းမှ အရည်အသွေးရှိသော လူငယ် ကစားသမားများနှင့် အသင်းကို ပြင်ဆင် ဖွဲ့စည်း လိုနေကြောင်း Daily Mail သတင်းစာက ဖော်ပြထားသည်။

အန်ဇီအသင်းတွင် ဘာစီလိုနာ ကစားသမားဟောင်း အီတူး၊ ဘရာဇီး နာမည်ကျော် ကစား သမား ရော်ဘတ်တို ကားလို့စ်၊ လက်ဆာနာ ဒီယားရား၊ ဆမ်ဘာစသော ကစားသမားများ ပါဝင် ကစားလျက် ရှိသော်လည်း အသင်း ၁၆ သင်း ပါဝင် ကစားလျက်ရှိသော ရုရှား ပရီးမီးယားလိဂ်တွင် အဆင့် ၁၃ နေရာ၌ ရပ်တည်လျက် ရှိသည်။
 The Voice

0 comments:

Post a Comment