Tuesday, August 13, 2013

သုံးလသား အရွယ် ကလေးငယ် တစ်ဦး ခန္ဓာကိုယ် အတွင်း အလိုအလျောက် မီးတောက် လောင်သည့် ဝေဒနာ ခံစားခဲ့ရ


သုံးလသား အရွယ် ကလေးငယ် တစ်ဦး ခန္ဓာကိုယ် အတွင်း အလိုအလျောက် မီးတောက် လောင်သည့် ဝေဒနာ ခံစားခဲ့ရ
ချန်နိုင်း သြဂုတ် ၁၂
အိန်္ဒိယနိုင်ငံ တမီးလ်နာဒူ ပြည်နယ် ချန်နိုင်းမြို့တွင် ရာဟုလာအမည်ရှိ သုံးလသားကလေးငယ် တစ်ဦးသည် ခန္ဓာကိုယ်အတွင်း အလိုအလျောက် မီးတောက်လောင်သည့် ဝေဒနာကို ခံစားခဲ့ရ ပြီးနောက် ကိုယ်ခန္ဓာ လောင်ကျွမ်းမှု ဝေဒနာကို ခံစား ခဲ့ရကြောင်း သိရသည်။
သို့သော် ယခုအခါတွင် ၎င်း၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း  ကီလ်ပေါက်ခ် ဆေး ပညာ ကောလိပ် ဆေးရုံ(KMCH)မှ ဆရာဝန် များက သြဂုတ် ၁၀ ရက်တွင် ပြောကြား ခဲ့သည်။
အဆိုပါ ကလေးငယ်သည် ခန္ဓာကိုယ် အတွင်း မီးတောက်လောင်သည့် ဝေဒနာကို သီတင်းပတ် လေး ပတ်ကြာ ခံစားခဲ့ရပြီး ခန္ဓာကိုယ် ပေါ်တွင် မီးလောင်ဒဏ်ရာများပါ ခံစားခဲ့ရကြောင်း ရာဟုလာ၏ မိခင်ဖြစ် သူက ပြောကြားခဲ့သည်။
ထို့ကြောင့် ၎င်းကလေးငယ်အား KMCH ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကလေးငယ်၏ ၀မ်းဗိုက်နှင့် ရင်ဘတ်ပိုင်းတွင် ခံစားနေရသော မီးလောင်ဒဏ်ရာကဲ့သို့ ဒဏ်ရာများကို ဆရာဝန်များက ကုသ ပေး ခဲ့ပြီး နောက်တွင် ၎င်း၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိတော့ပေ။ သို့သော် ၎င်းအားစောင့်ကြည့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်ပြီး အခြေအနေကောင်းမွန်လာပါက သီတင်း ပတ် နှစ်ပတ်အတွင်း ဆေးရုံမှ ဆင်းရဖွယ် ရှိကြောင်း KMCH ဆေးရုံရှိ Pediatrics ဌာနမှ အကြီးအကဲ အာနာ ရာယနာ ဘာဘူက IANS သတင်း ဌာနသို့ သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Myawady

0 comments:

Post a Comment