
တိုင်ဖွန်းမုန်တိုင်း Utorသည် တနင်္လာနေ့က ကုန်းတွင်းဝင်ရောက်ခဲ့ပြီးနောက် မုန်တိုင်း၏ အရှိန် အဟုန်ကြောင့် ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်တွင် တိုင်ဖွန်းတိုက်ခတ်မှုကြောင့် ငါးဖမ်းလုပ်သား (၂၃)ဦး ပျောက်ဆုံးနေ အင်အားပြင်း ထန်သော တိုင်ဖွန်းမုန်တိုင်းကြီးတစ်ခု ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းဒေသသို့ ဝင်ရောက် တိုက်ခတ် သွားပြီးနောက် အနည်းဆုံး ငါးဖမ်းလုပ်သား (၂၃)ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင် များက ပြော ကြား ခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း Utorသည် တနင်္လာနေ့က ကုန်းတွင်းဝင်ရောက်ခဲ့ပြီးနောက် မုန်တိုင်း၏ အရှိန်အဟုန်ကြောင့် ဓာတ်အားလိုင်းများ ပြတ်တောက်ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ နိုင်ငံမြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို အာရိုရာဒေသ တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် (၁၀၉)မိုင်နှုန်းမှ (၁၃၀)မိုင်နှုန်းကြား ရှိခဲ့ကြောင်း မိုးလေဝသ ပညာရှင်များက ဆိုသည်။
ဘီကိုလ်ဒေသတွင် ဒေသခံ (၁၀၀၀)ကျော်သည် ကြိုတင်ဆောက်လုပ်ထားသည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများသို့ ရွှေ့ပြောင်းပြီး တစ်ညတာ ဖြတ်သန်းခဲ့ရသည်။ မုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှု သတင်းကို မသိရသေးသော်လည်း ကာတန်ဒူအာနက်စ်မြို့တွင် ပင်လယ်ထဲ ထွက်သွားသည့် ငါးဖမ်းလုပ်သား (၂၃)ဦး ပြန်ရောက်မလာနိုင်ကြောင်း ယင်းတို့၏ မိသားစုများက ပြောကြားခဲ့သည်။ တာဝန်ရှိသူများက ယင်းတို့အနေဖြင့် အနီးဝန်းကျင် ကျွန်းများတွင် လှေဆိုက်ကပ်ကာ ခိုလှုံနေခြင်း မျိုး ဖြစ်နိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုထားသည်။
မုန်တိုင်း စတင်တိုက်ခတ်သည့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပျောက်ဆုံးစာရင်း ပိုမို များပြားသော် လည်း အချို့သော ငါးဖမ်းလုပ်သားများ ဘေးကင်းကင်း ပြန်လာနိုင်ခဲ့ကြသည်။ ဖိလစ်ပိုင် အစိုးရသည် မုန်တိုင်းသက်ရောက်မှု ခံရသော ဧရိယာများတွင် ကျောင်းများ ပိတ်ထားရန် ညွှန်ကြားထားသည်။ မနီလာမြို့တော် အပါအဝင် မြို့အချို့ရှိ လေဆိပ်များတွင် လေယာဉ်ခရီးစဉ် အချို့ကို ဖျက်သိမ်းခဲ့ရသည်။ Utorတိုင်ဖွန်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်သို့ ဝင်ရောက် တိုက်ခတ် မည်ဟု ခန့်မှန်းထားသည့် မုန်တိုင်းအခု (၂၀)ဝန်းကျင်အနက် (၁၂)ခုမြောက် ကြုံရ သည့် မုန်တိုင်း လည်းဖြစ်သည်။
Planet.com.mm
0 comments:
Post a Comment