Tuesday, August 27, 2013

သက်တမ်းလွန် ရော်ဘာပင်များ အစားထိုး စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် အထွက်နှုန်း ကျဆင်း

သက်တမ်းလွန် ရော်ဘာပင်များ အစားထိုး စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် အထွက်နှုန်း ကျဆင်း
မြန်မာနိုင်ငံတွင် ရော်ဘာထွက်ရှိမှုနှုန်းမှာ အာဆီယံ ဒေသအတွင်း၌ အဆင့်ရှစ် နေရာသို့ ရောက် ရှိ နေကြောင်း မြန်မာနိုင်ငံ ရော်ဘာ လုပ်ငန်းရှင်များ အသင်းမှ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။
အဆိုပါ ရော်ဘာထွက်ရှိမှု ကျဆင်းခြင်းမှာ သက်တမ်းလွန် အပင်များကို ယခုအချိန်ထိ ဒေသခံများက လုပ်ကိုင် နေခြင်းတို့ကြောင့် ဖြစ်ပြီး ယင်းအပင်များ၏ သက်တမ်းသည် အနှစ် ၃ဝ မှ ၅ဝ ထိသာ ရော်ဘာ အရည်အသွေး ကောင်းများ ထွက်ရှိသည့် အပင်များဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ဌာနက ဒေသခံတွေကို နိုင်ငံခြားက ပညာရှင်တွေ ခေါ်ယူ ဖိတ်ကြားပြီး စိုက်ပျိုးနည်း နည်းစနစ် များတတ်ကျွမ်းစေရန် အတွက် သင်တန်းတစ်ခု အနေနဲ့ ပို့ချ ပေးပါတယ်။ ဒါပေမဲ့ စိုက်ပျိုးသူတွေက အပင်တွေကိုခုတ်ရမှာ နှမြောကြတယ်။ ဒါကြောင့် အပင်ရဲ့ အရည်အသွေး က ညံ့လာပြီး အထွက်နှုန်း ကလည်း နည်းသွားပါတယ်'' ဟု စိုက်ပျိုးသူများ အသင်းမှ ဦးဝင်းမြင့်က ပြောပြခဲ့သည်။

လက်ရှိတွင် ကမ္ဘာ့အဆင့်မီ ရော်ဘာထွက်ရှိသော နိုင်ငံများမှာ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့ ဖြစ် ပြီး မြန် မာနိုင်ငံ၏ ရော်ဘာ ထွက်ရှိမှုနှုန်း နောက် တွင် အိန္ဒိယနှင့် နီပေါသာ ရှိနေကြောင်း သိရသည်။

ရဲမြတ်
မြ၀တီ

0 comments:

Post a Comment