Thursday, July 11, 2013

ဘော်စတွန်မာရသွန် ဗုံးခွဲမှု သံသယတရားခံကို ပထမဆုံးအကြိမ် တရားရုံးတွင် စစ်ဆေး


ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့တွင် ကျင်းပသော မာရသွန်ပြိုင်ပွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့် သံသယတရားခံ ဇိုခါ ဆာနေ့ဗ်အား အမေရိကန်အချိန် ဇူလိုင် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ (မြန်မာအချိန် ဇူလိုင် ၁၁ ရက်၊ ကြာဿပတေးနေ့ နံနက် ၂ နာရီဝန်းကျင်) တွင် ပထမ ဆုံးအကြိမ် တရားရုံးထုတ် စစ်ဆေးပြီဖြစ်ရာ ၎င်းအား စစ်ဆေးသည့် တရားရုံးရှေ့တွင် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ ကို တွေ့ရသည်။

ယနေ့တရားခွင်တွင် ၎င်းအား စွဲဆိုထားသည့် စွဲချက်ပေါင်း ၃၀ ကို ဆာနေ့ဗ်အား ဖတ်ကြားသိရှိစေမည်ဖြစ်သည်။ ဆာနေ့ဗ်က အဆိုပါ စွဲချက်များအတွက် ၎င်းတွင် အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်ဟု
BBC News က ပြောကြားသည်။

အသက် ၁၉ နှစ်အရွယ် ဆာနေ့ဗ်အား ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ၄ ရက်အကြာ ဧပြီ ၁၉ ရက်တွင် ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။ ဘော်စတွန်မာရသွန် ဗုံးဖောက်ခွဲမှုကို အဓိက စီစဉ်ဆောင်ရွက်သူဖြစ်ကြောင်း ဆာနေ့ဗ်က ထွက်ဆိုထားသည့် ၎င်း၏အကိုဖြစ်သူမှာမူ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း
ဧပြီ ၁၈ ရက်က သေဆုံးခဲ့သည်။

Planet Myanmar Network
Photo: ဘော်စတွန်မာရသွန် ဗုံးခွဲမှု သံသယတရားခံကို ပထမဆုံးအကြိမ် တရားရုံးတွင် စစ်ဆေး
Thursday, 11 July 2013

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်က အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့တွင် ကျင်းပသော မာရသွန်ပြိုင်ပွဲကို ဗုံးခွဲတိုက်ခိုက်ခဲ့သည့် သံသယတရားခံ ဇိုခါ ဆာနေ့ဗ်အား အမေရိကန်အချိန် ဇူလိုင် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့ (မြန်မာအချိန် ဇူလိုင် ၁၁ ရက်၊ ကြာဿပတေးနေ့ နံနက် ၂ နာရီဝန်းကျင်) တွင် ပထမ ဆုံးအကြိမ် တရားရုံးထုတ် စစ်ဆေးပြီဖြစ်ရာ ၎င်းအား စစ်ဆေးသည့် တရားရုံးရှေ့တွင် လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ ကို တွေ့ရသည်။

ယနေ့တရားခွင်တွင် ၎င်းအား စွဲဆိုထားသည့် စွဲချက်ပေါင်း ၃၀ ကို ဆာနေ့ဗ်အား ဖတ်ကြားသိရှိစေမည်ဖြစ်သည်။ ဆာနေ့ဗ်က အဆိုပါ စွဲချက်များအတွက် ၎င်းတွင် အပြစ်မရှိကြောင်း လျှောက်လဲခဲ့သည်ဟု 
BBC News က ပြောကြားသည်။

အသက် ၁၉ နှစ်အရွယ် ဆာနေ့ဗ်အား ဘော်စတွန်မာရသွန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး ၄ ရက်အကြာ ဧပြီ ၁၉ ရက်တွင် ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည်။ ဘော်စတွန်မာရသွန် ဗုံးဖောက်ခွဲမှုကို အဓိက စီစဉ်ဆောင်ရွက်သူဖြစ်ကြောင်း ဆာနေ့ဗ်က ထွက်ဆိုထားသည့် ၎င်း၏အကိုဖြစ်သူမှာမူ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း 
ဧပြီ ၁၈ ရက်က သေဆုံးခဲ့သည်။

Planet Myanmar Network

0 comments:

Post a Comment