Friday, July 12, 2013

လယ်သမား ၇၀၀၀ အတွက် မက်စ်မြန်မာ ကျပ်သိန်း ၂၅,၀၀၀ ထောက်ပံ့

မြန်မာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော ဦးဇော်ဇော်၏ မက်စ်မြန်မာ ကုမ္ပဏီက ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်ရှိ တောင်သူလယ်သမား ၇၀၀၀ အတွက် မိုးစပါးစိုက်ပျိုးစရိတ် ပံ့ပိုးငွေ ကျပ်သိန်း ၂၅,၀၀၀ ထောက်ပံ့ကူညီ ခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဦးမိုးဝေထံမှ သိရသည်။
...
၂၀၁၃-၁၄ခုနှစ် အတွက် မက်စ်မြန်မာ ကုမ္ပဏီက ရေကြည်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၅၄ အုပ်စုမှ တောင်သူဦးရေ ၄၂၅၀ ဦးအတွက် တစ်ဧကလျှင် ၅၀,၀၀၀ ကျပ်နှုန်းဖြင့် ဧကစုစုပေါင်း ၃၀,၀၀၀အတွက် ကျပ်သိန်းပေါင်း ၁၅,၀၀၀ကို ငွေကြေး ဝန်ဆောင်ခ ၁ ရာခိုင်နှုန်းဖြင့် ပံ့ပိုးပေးခဲ့ သည်ဟု ၄င်းကဆိုသည်။

ကျုံပျော်မြို့နယ် အတွင်းရှိ ကျေးရွာ အုပ်စု ၃၉ အုပ်စုမှ တောင်သူဦးရေ ၂၇၀၀ ကျော်အတွက် တစ်ဧကလျှင် ၅၀,၀၀၀ ကျပ် နှုန်းဖြင့် ဧက ၂၀၀၀၀ အတွက် ကျပ်သိန်း ပေါင်း ၁၀,၀၀၀ အား ငွေကြေးဝန်ဆောင်ခ ၁ ရာခိုင်နှုန်းဖြင့် ပံ့ပိုးကူညီပေးခဲ့ကြောင်း လည်း ၄င်းကဆိုသည်။

မက်စ်မြန်မာ ကုမ္ပဏီသည့် ၂၀၀၉-၂၀၁၀ ခုနှစ်ကတည်းကစပြီး ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဇာတိ ရေကြည်မြို့နယ်ရှိ တောင်သူများကို နှစ်စဉ်စိုက်ပျိုး စရိတ်၊ ရိတ်သိမ်းစရိတ်နှင့် မျိုးသန့်စပါးများ ပံ့ပိုး ကူညီပေးခဲ့သည်။

The Voice Weekly
Photo: လယ်သမား ၇၀၀၀ အတွက် မက်စ်မြန်မာ ကျပ်သိန်း ၂၅,၀၀၀ ထောက်ပံ့

ဇူလိုင်လ ၁၂ ရက် ၂၀၁၃

0 comments:

Post a Comment