Friday, July 12, 2013

“မရောက်ဖူးသေးသော အရပ်သို့” ••••••••••••••••••••••••••••

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ဆင်ဆရာဖြစ်ခဲ့ဖူးသော ရဟန်းကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အစိရ၀တီမြစ်ကမ်း၌ ဆင်ဆရာတစ်ဦးသည် ဆင်ကိုယဉ်ကျေးအောင် ဆုံးမနေရာ ဆုံးမ၍ မရနိုင် ရှိနေ၏။ ဤတွင် ဆင်ဆရာဖြစ်ခဲ့ဖူးသော ရဟန်းက အခြားရဟန်းများမှတစ်ဆင့် ဆင်ကို ပိုင်နိုင်စွာ ဆုံးမနိုင်မည့်
နည်းကို ပေးလေရာ ဆင်ဆရာသည် ထိုနည်းအတိုင်း လိုက်နာ၍ ဆင်ကို ပိုင်နိုင်စွာ ဆုံးမနိုင်၏။

ဤတွင် ဘုရားရှင်က ထိုရဟန်းကိုခေါ်၍ ရှုတ်ချတော်မူပြီးလျှင်
အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။

ွှဤဆင်ယဉ် မြင်းယဉ်တို့ဖြင့် မရောက်ဖူးသေးသောအရပ်သို့ မရောက်နိုင်သည်သာတည်း။

စက္ခုစသော ဣနြေ္ဒတို့ကို ဆုံးမသဖြင့် လည်းကောင်း၊ မိမိစိတ်ကို ကောင်းစွာဆုံးမသဖြင့် လည်းကောင်း၊ ယဉ်ကျေးပြီးသောသူသည်သာ . .
မရောက်ဖူးသေးသော နိဗ္ဗာန်သို့ မုချရောက်နိုင်၏။

( ဓမ္မပဒ။ နာဂ၀ဂ် )


3 Treasures: Buddha, Dhamma & Sangha
Photo: “မရောက်ဖူးသေးသော အရပ်သို့”
••••••••••••••••••••••••••••
post By Myawady News, on July 12, 2013

ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ဆင်ဆရာဖြစ်ခဲ့ဖူးသော ရဟန်းကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။

အစိရ၀တီမြစ်ကမ်း၌ ဆင်ဆရာတစ်ဦးသည် ဆင်ကိုယဉ်ကျေးအောင် ဆုံးမနေရာ ဆုံးမ၍ မရနိုင် ရှိနေ၏။ ဤတွင် ဆင်ဆရာဖြစ်ခဲ့ဖူးသော ရဟန်းက အခြားရဟန်းများမှတစ်ဆင့် ဆင်ကို ပိုင်နိုင်စွာ ဆုံးမနိုင်မည့်
နည်းကို ပေးလေရာ ဆင်ဆရာသည် ထိုနည်းအတိုင်း လိုက်နာ၍ ဆင်ကို ပိုင်နိုင်စွာ ဆုံးမနိုင်၏။

ဤတွင် ဘုရားရှင်က ထိုရဟန်းကိုခေါ်၍ ရှုတ်ချတော်မူပြီးလျှင်
အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။

ွှဤဆင်ယဉ် မြင်းယဉ်တို့ဖြင့် မရောက်ဖူးသေးသောအရပ်သို့ မရောက်နိုင်သည်သာတည်း။

စက္ခုစသော ဣနြေ္ဒတို့ကို ဆုံးမသဖြင့် လည်းကောင်း၊ မိမိစိတ်ကို ကောင်းစွာဆုံးမသဖြင့် လည်းကောင်း၊ ယဉ်ကျေးပြီးသောသူသည်သာ . .
မရောက်ဖူးသေးသော နိဗ္ဗာန်သို့ မုချရောက်နိုင်၏။

( ဓမ္မပဒ။ နာဂ၀ဂ် )


3 Treasures: Buddha, Dhamma & Sangha

0 comments:

Post a Comment