Thursday, July 18, 2013

ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဆောင်ရွက်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဆိုသည့် ကတိအတိုင်း ဆောင်ရွက်ရန် သမ္မတဦးသိန်းစိန်အား ပြင်သစ်သမ္မတ တိုက်တွန်း

utheinsein-july18

ပြင်သစ်သမ္မတ နန်းတော်သို့ ဇူလိုင် ၁၇ ရက်က ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ပြင်သစ်သမ္မတ ဖရန်ကို့စ်ဟိုလန်ဒေးက ကြိုဆိုနှုတ်ဆက်စဉ် (Photo:AFP)
သမ္မတဦးသိန်းစိန်နှင့် ပြင်သစ်သမ္မတ ဖရန်ကို့စ်ဟိုလန်ဒေးတို့ ဇူလိုင် ၁၇ ရက်က ပါရီမြို့၌ တွေ့ဆုံရာ တွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဆောင်ရွက်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်
ပြင်သစ်သမ္မတနန်းတော် Elysee ၌ ၄၅ မိနစ်ကြာ တွေ့ဆုံမှု တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ရန် ပြင်သစ်သမ္မတက တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပြင်သစ်သမ္မတက မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများအား ချွင်းချက်မရှိဘဲ ဆောလျင်စွာ လွှတ်ပေးရန် သမ္မတ ဦးသိန်းစိန်အား တိုက် တွန်းပြော ကြား ခဲ့သည်။
မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဥရောပနိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန်အတွက် ဇူလိုင် ၁၄ ရက်က တရားဝင် ပြည်ပခရီးစဉ်ကို စတင်ထွက်ခွာခဲ့သည့် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ယခုနှစ်မကုန်မီ လွှတ်ပေး ည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင် လန်ဒန်မြို့၊ Chatham House ပညာရှင်များ အဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိချိန်မှ စတင်ပြီး ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များနှင့် တိုက်ခိုက်မှုများ အဆုံးသတ်ရေးကိုလည်း မကြာမီ လုပ်ဆောင်နိုင် မည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားထားသည်။ သို့သော် လက်ရှိအစိုးရ အနေဖြင့် စကားလုံးများထက် လက်တွေ့လုပ်ဆောင်မှုများ ပြုလုပ်ရန် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ က တောင်း ဆို ထားသည်။
  
ကြက်ခြေနီအဖွဲ့ အရာရှိများ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုခွင့် ရရှိခြင်း သည်လည်း တိုးတက်မှုတစ်ခုဖြစ်ကြောင်း Elysee Palace မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြော ကြား သည်။
utheinsein2-july18
သမ္မတ ဦးသိန်းစိန်နှင့် ပြင်သစ်သမ္မတ ဖရန်ကို့စ်ဟိုလန်ဒေးတို့ ဇူလိုင် ၁၇ ရက်က ပါရီမြို့ Elysee Palace ၌ တွေ့ဆုံစဉ် (Photo:AFP)
သို့သော် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် လူမှုရေး ပဋိပက္ခများနှင့် ပတ်သက်၍ ပြင်သစ်အစိုးရက စိုးရိမ်နေဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။
မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန် အား ဖိအားပေးရန် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့နှင့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ပူးတွဲလက်မှတ် ရေးထိုးထားသည့် စာတစ်စောင်ကို သမ္မတ ဟိုလန်ဒေး ထံ ပေး ပို့ထားကြောင်း သိရသည်။
ပြင်သစ်အစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး သဘောတူစာချုပ်များ ထပ်မံရေး ထိုးရန် ဆွေးနွေးနေ သည့် ကုမ္ပဏီများဖြစ်သည့် Vinci Bouygues၊ Total၊ Orange တို့၏ အကျိုးစီးပွားကိုသာ မကြည့်ရန် အဆိုပါစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အကြား ကုန်သွယ်မှု ပမာဏသည် အသင့်အတင့်သာ ရှိနေပြီး သံတမန် ရင်းမြစ် တစ်ခု၏ ပြောကြားချက်အရ တစ်နှစ်လျှင် ဒေါ်လာ ၂၃ သန်းခန့်ရှိကြောင်း သိရသည်။
ပြင်သစ်ပြည်ပ ကုန်သွယ်ရေးဝန်ကြီး နီကိုးဘရစ်သည် ဇူလိုင်လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် စီစဉ်ထားပြီး ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၀န်ကြီး ပါစကယ်ကန်ဖင်ကလည်း မတ်လအတွင်း က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
Ref:AFP

0 comments:

Post a Comment