Tuesday, July 23, 2013

တရုတ်ငလျင်ကြောင့် လူ ၈၉ သေ၊ ၆၀၀ ကျော်ဒဏ်ရာရ



နောက်ဆက်တွဲငလျင်ဒဏ်ကို ကြောက်လို့ ခုလို လမ်းမဘေးမှာပဲ ခိုလှုံနေကြ (Credit: AFP)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Gansu ပြည်နယ်မှာ ပြင်းအားမြှင့် မြေငလျင် နှစ်ခု လှုပ်ခတ်ခဲ့ရာက အနည်းဆုံး လူပေါင်း ၈၉ ယောက်သေဆုံးပြီး ၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ပထမအကြိမ်လှုပ်ခတ်ခဲ့တဲ့ မြေငလျင်က magnitude ၆ ပြင်းအားရှိပြီး နောက်တစ်နာရီအကြာမှာ ပြင်းအား ၅.၆ ရှိတဲ့ မြေငလျင် ထပ်မံ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ နောက်ဆက်တွဲမြေငလျင် အကြိမ် ၄၀၀ နီးပါး လှုပ်ခတ်ခဲ့တယ်လို့ Gansu ပြည်နယ် မြေငလျင်တိုင်းထွာရေး အာဏာပိုင်တွေက ပြောပါတယ်။

Gansu ပြည်နယ်က မြို့နယ် ၇ ခုမှာ မြေငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးတဲ့ဒဏ်ကို ခံနေရတာ ဖြစ်ပြီး ငလျင်လှုပ်ခတ်ခဲ့တာကိုတော့ တခြားပြည်နယ်တွေအထိ ခံစားခဲ့ရတယ်လို့ သိရပါတယ်။

မြေငလျင်ကြောင့် အဆောက်အဦးအလုံးပေါင်း နှစ်သောင်းကျော် ပျက်စီးခဲ့ရတယ်လို့သိရပြီး လူပေါင်း ၁၄ ယောက် ပျောက်ဆုံးနေကြောင်းလည်း သိရပါတယ်။

မြေငလျင်ဒုက္ခသည်တွေကို ကူညီဖို့အတွက် တရုတ်စစ်သား အယောက်ပေါင်း ၅၀၀ နဲ့ ကူညီကယ်ဆယ်ရေးသမား အယောက် ၁၀၀ ကျော်ကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

ABC Radio Australia

0 comments:

Post a Comment