Tuesday, July 23, 2013

တွံတေးမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ



၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏ လယ်တော အိမ်အနီးရှိ ကွမ်းခြံအတွင်းဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူပေး ပါရန် တိုင်တန်းခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူစုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ ပါသည်။


အမှုမှတရားခံဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ
တပ်ဖွဲ့ဝင်များပူပေါင်း၍စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်းကပ်နေထိုင်သော ယခင်ကလယ်ပြဿနာဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူရုံကျေးရွာ၊တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တိုကျေးရွာနေသူများဖြစ်သည့်အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊(ဘ)ဦးချစ်သိန်းင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း (ခ)ထော်ကြီး၊(၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး၎င်းမှလည်းပြစ်မှုကျူးလွန်ရာတွင်အတူ ပါဝင်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန်ခဲ့ကြကြောင်းဝန်ခံထွက်ဆိုကြပြီးအသုံးပြုခဲ့သည့်သက်သေခံဓါးနှင့်ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေများအားအပ်ပေးသဖြင့် သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment