Sunday, June 30, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား- မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင် ရွက်ရေး ပူးတွဲ ကော်မရှင်၏ ရုရှား နိုင်ငံဘက်မှ ဥက္ကဋ္ဌ Mr. Alexander Fomin နှင့်တွေ့ဆုံ




နေပြည်တော် ဇွန် ၂၇

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၆ ရက် ညနေပိုင်းတွင် မော်စကိုမြို့၊ လီနင်ဂရက် ဘူတာ အရေးကြီး ပုဂ္ဂိုလ် ဧည့်ခန်းဆောင်၌ ရုရှား- မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲ ကော်မရှင်၏ ရုရှားနိုင်ငံ ဘက်မှ ဥက္ကဋ္ဌ Mr. Alexander Fomin နှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ တပ်မတော် အရာရှိကြီးများ၊ ရုရှား ဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး နေဝင်းတို့ တက်ရောက် ကြပြီး ရုရှားနိုင်ငံမှ ပူးတွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။



ယင်းသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေးကြသည်။

တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ပူးတွဲ ကော်မရှင် ဥက္ကဋ္ဌအား အမှတ်တရ လက်ဆောင် ပေးအပ်သည်။

ဆက်လက်ပြီး ပူးတွဲ ကော်မရှင် ဥက္ကဋ္ဌ Mr. Alexander Fomin မှ ရုရှားနိုင်ငံ နိုင်ငံတကာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဌာနမှ ရုရှား- မြန်မာ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင် ရွက်မှုကို အောင်မြင် ခိုင်မာစွာ ဆောင်ရွက် နိုင်သည့် နှစ် (၆ဝ)ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် မြန်မာ့ တပ်မတော်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ ဂုဏ်ထူးဆောင် လက်မှတ်နှင့် အမှတ် တရ တံဆိပ်အား ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment