အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ မြန်မာသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (MIT) ကို မန္တလေးမြို့ တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင် ဖွင့်လှစ်နိုင်ရန်အတွက် ဆွေးနွေးလျက် ရှိသည်ဟု သိရသည်။ ဇွန်လ ၅ ရက်က အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီး၏အကြံပေးပုဂ္ဂိုလ် Mr.S.Rama do rai ဦးဆောင်သည့် TaskForce Teamနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။ ဆွေးနွေးပွဲတွင် MIT တက္ကသိုလ် ဖွင့်လှစ်နိုင် ရေးအတွက် ပြင်ဆင်ထားမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ လိုအပ်ချက်များ၊ သင်ရိုးညွှန်း တမ်းများ ပြင်ဆင်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ များကို ဆွေးနွေး ခဲ့သည်ဟု သိရသည်။
ကိုဟိန်း
Yatanarpon
0 comments:
Post a Comment