ဆွီဒင်နိုင်ငံသား နှစ်ဦး တီထွင်ခဲ့တာ ဖြစ်ပြီး Hövding လို့အမည်ပေး ထားတဲ့ စက်ဘီးဦးထုပ် ဖြစ်ပါတယ်။
သူ့ရဲ့ အလုပ်လုပ်ပုံက မော်တော်ကားမှာ ပါဝင်တဲ့ လေအိတ်နဲ့ သိပ်မကွာ ပါဘူး။ လည်ပင်မှာကောလန်လို ပတ်ထားရပြီး မမျော်လင့်နဲ့ အရှိန်ကြောင့် လှဲကျတာမျိုးဆိုရင် အလို အလျောက် ကာကွယ်ပေးဖို့ သာမန်ထက် မာကျောသော နိုင်လွန်ဖိုက်ဘာလေအိတ်က ထွက်လာ မှာ ဖြစ်ပါတယ်။ သူက ခေါင်းရော၊ လည်ပင်းကိုပါ ဖုံးအုပ်လိုက်မှာ ဖြစ်ပါတယ်။
စက်ဘီးရဲ့ ရွေ့ ရှားမှု၊ လေတိုက်နှုန်း၊ အစရှိသဖြင့် လှဲကျတဲ့ အခါ ရရှိတဲ့ အချက်အလက်အားလုံးကို တွက်ချက်ပြီး စနစ်တ ကျ ထုတ်လုပ်ထား တာ ဖြစ်ပါတယ်။ ဥပမာ- ဘရိတ်ဆောင့် အုပ်လိုက်လို့ လေအိတ်ထွက် မလာပါဘူး။ တကယ် အက်ဆီး ဒန့်ကြုံလာတဲ့အခါမှာတော့ အလို အလျောက် အချိန်မှီထွက် လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားမှာ ပါဝင်တဲ့ လေအိတ် များမှာ Sensor များထက်ပိုပြီး အာရုံခံနိုင်စွမ်းများ ပါတယ်။
လည်ပတ်လို ပတ်ထားရမယ့် ယင်းလေအိတ်က ၁.၅ ပေါင် ပဲလေးပြီး သာမန် စက်ဘီးဦးထုပ် စောင်းတာနဲ့စာရင် ပိုပေါ့မှာ ဖြစ်ပါတယ်။ နိုင်လွန် ဖိုက်ဘာကို ဟီလီယံဂက်စ် နဲ့ ကော်လန်ထဲမှာ သိပ်ထည့်ထားပါတယ်။ သူ့ကို အလုပ် လုပ်စေဖို့ ဘက်ထရီလည်း ပါဝင်ပါတယ်။ LED မီးလုံးလည်း ပါပြီး လေအိတ်ပွင့်ခါနီးဆိုရင် အသံနဲ့အတူ အချက်ပြမှာ ဖြစ်ပါ တယ်။ သာမန် စက်ဘီးဦးထုပ်စောင်းတာနဲ့ စာရင် စတိုင်ကျပြီး ပေါ့ပါးတဲ့ နည်းပညာလို့ ဆိုပါတယ်။
Hovding ရဲ့ ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၆၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အောက်ပါ လခ့်မှာ အသေးစိတ်ဝင်ရောက် လေ့လာနိုင်
ပါတယ်။
YoYarLay

0 comments:
Post a Comment