Wednesday, June 12, 2013

စပိန်နည်းပြ ဒယ်ဘော့စကေးက အသင်း ဂိုးသမား ကားဆီးလက်စ်သည် ၅ လကြာ ပွဲစဉ်များနှင့် ဝေးကွာနေသော်လည်း လာမည့် ဖီဖာ ကမ္ဘာ့တိုက်ကြီးများ ဖလား ပြိုင်ပွဲတွင် အသင်း အတွက် အသင့်ဖြစ်နေမည်ဟု ယုံကြည်နေသည်။
  အဆိုပါ အသက် ၃၂ နှစ် အရွယ်ရှိ ရီးရဲလ် ဂိုးသမားသည် ဇန်န၀ါရီတွင် လက်ဒဏ်ရာကြောင့် ၂ ပတ်ခန့် နားခဲ့ရပြီး နည်းပြ မော်ရင်ဟိုနှင့် အဆင်မပြေ၍ ရာသီကုန်သည်အထိ အသင်းမှာ နေရာပျောက်ခဲ့ ရသူ ဖြစ်သည်။ နည်းပြ ဒယ်ဘော့စကေးက ကားဆီးလက်စ်မှာ စပိန်အသင်းအတွက် အဓိကကျသူ ဖြစ်ကြောင်း၊ သူဟာ အသင်းအတွက် ကစားရန် အမြဲ အသင့်ဖြစ်နေဆဲပင် ဖြစ်ကြောင်း ဆိုသည်။ စပိန် ကွင်းလယ်လူ ဖာဘရီဂတ်စ်သည် ၎င်းတို့ အနေဖြင့် လာမည့် ဖီဖာ ကမ္ဘာ့ တိုက်ကြီးများ ဖလားပြိုင်ပွဲ အတွက် အဓိကထား ပြင်ဆင်နေကြောင်း ပြောဆိုခဲ့သည်။

0 comments:

Post a Comment