Wednesday, June 12, 2013

ဝမ်းတွင်း၌ ပဋိပက္ခဖြစ်ပွားသည့်သတင်း မမှန်ဟုဆို

Tuesday, June 11, 2013

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာ ၌ ပဋိပက္ခဖြစ်ပွားမှုကြောင့် ဘာသာခြားများ၏ အိုးအိမ်များ ဖျက်ဆီးခံရသည် ဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း ဝမ်းတွင်းမြို့ ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

မန္တလေးမြို့ပေါ်တွင် ဇွန်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက... ဝမ်းတွင်းမြို့နယ် လိန်ပင်ကျေးရွာ၌ ဘာသာခြားများ၏ အိုးအိမ်များ ဖျက်ဆီးခံနေရသည် ဟူသော ကောလာဟလသတင်းများ ဖြစ်ပေါ်ခဲ့၍ The Voice က ဝမ်းတွင်းမြို့ ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အထက်ပါ အတိုင်း ပြန်လည်ဖြေဆိုခြင်း ဖြစ်သည်။

ဝမ်းတွင်းမြို့နယ်အတွင်း အလုပ်သမား၊ လယ်သမား အရေးဆောင်ရွက်နေသူ ဦးလှငွေကလည်း "ဒီကနေ့ နေ့လယ် ကျွန်တော်ကိုယ်တိုင် အလုပ်ကိစ္စတစ်ခုနဲ့ လိန်ပင်မှာ ရှိပါတယ်။ ဘာမှမဖြစ်ပါဘူး" ဟု The Voice သို့ ပြောကြားသည်။

ဝမ်းတွင်းမြို့နှင့် ခုနစ်မိုင်ခန့် ကွာဝေးသော မိတ္ထီလာမြို့တွင် မတ်လ ၂၀ ရက် နေ့မှစတင်ဖြစ်ပွားသော ပဋိပက္ခကြောင့် လူ ၄၀ ကျော်သေဆုံးခဲ့ပြီး အိမ်ခြေ ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ ရကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြသည်။

The Voice Weekly

0 comments:

Post a Comment