Tuesday, June 25, 2013

ဇာတ်ကားတွေကို ခေတ်နဲ့လိုက်စေချင်ကြောင်း မေကဗျာ

မေကဗျာက ‘နှင်းဆီခရီးသည်’ အငြိမ့်မှာ ပါဝင်ဖျော် ဖြေမှာဖြစ်ပါ တယ်။ ဖျော်ဖြေပွဲအကြောင်း မေးကြည့်ဖြစ် တော့လည်း.. “ဒီမှာကတုန်းက ထီးနဲ့ ယိမ်း တစ်ပုဒ်ရယ်၊ တိုင်းရင်း သားလူမျိုးစုံနဲ့ ယိမ်းရယ် နှစ်ပုဒ်ကတာ။ အခု စင်ကာပူ မှာက ယိမ်းအဖွဲ့ခေါ်လို့မရတဲ့အတွက် တိုင်းရင်းသား သီ ချင်းလေးကို နည်းနည်းပြန်ပြင်ရမယ်။ သီချင်းဆိုဖို့လည်း ပြောပေမယ့် အဲဒီမှာသီချင်းသွားဆိုရင် တအားစဉ်း စားရတယ်။ ကိုယ်က အဆိုတော် မဟုတ်တဲ့အတွက် ကိုယ်ပိုင်သီချင်းလည်း မရှိဘူး” လို့ ပြောပြပါတယ်။


မေကဗျာက လတ်တလောမှာ ‘ဖောက်ပြန်ကြသူ များ’ ဆိုတဲ့ အိမ်ထောင်ရေးဇာတ်ကားလေး ရိုက်ကူးနေ ပါတယ်။ ကိုယ့်ရဲ့ဇာတ်ကားတွေ ကို ပြန်ကြည့်ဖြစ်ပေမယ့် တခြား ကြည့်ဖြစ်တဲ့ ဇာတ်ကားတွေနဲ့ပတ် သက်ပြီးလည်း အမြင်ကို.. “ကဗျာရဲ့ ဇာတ်ကားတွေကိုတော့ ပြန်ကြည့် တယ်။ ကားတိုင်းတော့ မကြည့်ဖြစ်ဘူး။ တခြားကားတွေက ကဗျာ့အမေနဲ့ သမီးက တအားအခွေကြည့်ဖြစ်တော့ သူတို့ ကောင်းတယ်ဆိုတာလေးတွေ ကြည့် ဖြစ်တယ်။ ဇာတ်ကား တွေက တိုးတက်တဲ့ကားတွေလည်း ရှိပါတယ်။ ဝေဖန်တာ တော့ မဟုတ်ပါဘူး။ အခြေအနေအကြော င်းကြောင့် ပေါ့ နော်။ လူတိုင်းကတော့ အကောင်းဆုံး ဖန်တီးချင်ကြတာပဲ။ အဓိကကတော့ ခေတ်ရေစီးကြောင်းက ပြောင်းလာပြီဆို တော့ ဖန်တီးမှုလေးတွေ က ခေတ်နဲ့ နည်းနည်းလိုက် စေချင်တယ် ။ရှေးဆန်တာ၊ပညာသားပါတာတွေ အများ ကြီးရှိပါသေးတယ်။ရှေ့က လူတွေက စော်ကားတာ မဟုတ် ပါဘူ။ခေတ်အရတော့ရိုက်ချက်လေးတွေ၊ လိုကေးရှင်းလေး တွေပေါ့။ ကဗျာသတိထား မိတာတစ်ခုရှိတယ်။ ကိုလူမင်း ကားတွေဆိုအမြဲကြည့်ဖြစ် တယ်။ ကိုယ်မသိတဲ့နေရာလေး တွေ တွေ့ရ တယ်။ အဲဒီတော့ ကြည့်ရတာ ဆန်းတယ်။ အဲဒီလိုမျိုး လေးတွေ ရိုက်စေချင် တယ်။ ဒါက ငွေကြေးအပေါ် လည်း မူတည်တာပေါ့။ အရင်တုန်းကဆိုရင် ဒီလိုင်းထဲကပဲ ကြည့်နေရာတာလေ။ အခုဆင်ဆာက ခွင့် ပြုလာပြီဆိုတော့ ဇာတ်အဆန်းလေးတွေ ကြည့်ရ တယ်” လို့ ပြောပြပါတယ်။ မေကဗျာက ပုပ္ပား၊ မော်လမြိုင်တို့မှာ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိပြီး မြင်းခြံမှာ သီချင်းဆိုဖို့လည်း ရှိတယ်လို့ပြောပြပါတယ်။

မေမွန်မောင်

Credit To > Popular Journal

0 comments:

Post a Comment