Wednesday, June 26, 2013

၁၆ နှစ်ပြည့် ပေါ်ပြူလာ သွေးလှူဒါန်းကုသိုလ်ပြု



ဇွန်လ ၂၂ ရက်နေ့၊ မနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ လသာမြို့နယ်အတွင်းမှာ ရှိတဲ့ အမျိုးသားသွေးလှူဌာနမှာ ပေါ်ပြူ လာ ၁၆ နှစ်ပြည့် အထိမ်း အမှတ်အဖြစ် Asian Fame Media Group မှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းကုသိုလ်ပြုခဲ့ကြပါတယ်။

အဲဒီနေ့မနက်ခင်းမှာပဲ Asian Fame Media Group အဖွဲ့သားတွေဟာ စီမံရေးရာဌာနမှ ဦးပန်းဈာန်၊ ပေါ်ပြူလာအယ်ဒီတာချုပ်ကိုမျိုး (မြန်မာစာ) တို့နဲ့အတူသွေးလှူဒါန်းမှုအတွက် အားမာန်တက်ကြွစွာ စုရုံးဝိုင်းဖွဲ့နေကြပုံကို တွေ့မြင်ရတာကလည်း Asian Fame Media Group မှ ပေါ်ပြူလာ ၁၆ နှစ်ပြည့် မွေးနေ့ အကြိုကျက်သရေရှိတဲ့မြင်ကွင်းပုံရိပ် တစ်ခုလို့ဆိုရမှာပါ။ဒါ့အပြင် အမျိုး သားသွေးလှူဌာနကိုရောက် သွားတဲ့အခါ သွေးလှူမ ယ့်သူ တွေစုဝေးစာရင်းသွင်းရာ ဟော ခန်းမထဲကို ရောက်ရှိသွားခဲ့တော့ စာပေ ညီအစ်ကိုမောင်နှမအဖွဲ့တစ်ခုဖြစ်တဲ့ ရင်ခုန် သံသွေးအလှူရှင် အသင်းမှ လူငယ်တွေက လုပ် ငန်းအဆင့်ဆင့်အတိုင်းတစ်ဆင့်ပြီးတစ်ဆင့်လိုက်နာဆောင်ရွက်ကြတဲ့မြင်ကွင်းပုံရိပ်တွေက သဒ္ဓါတရား ထက်သန် စိတ်နဲ့ဖြူစင်လှတဲ့မေတ္တာ တရားတွေအထင်းသားပေါ်လွင်စေပါတယ်။

ဒီနောက်မှာတော့တစ်တပ်တစ်အား ပါ ဝင်အား ဖြည့်ကူညီပေးဖို့ ပေါ်ပြူလာဝိုင်းတော် သားတွေရဲ့ ဖိတ်မန္တကပြုမှုနဲ့အတူ အနုပညာ ရှင်တွေ ဖြစ်တဲ့ အေးမြတ်သူ၊ နန်းခင်ဇေယျာနဲ့ ချမ်းမီမီကိုတို့ရောက်ရှိလာကာ သွေးလှူဒါန်း ကြတဲ့ Asian Fame Media Group အဖွဲ့ သားတွေကိုလိုက်လံ အားပေးခဲ့ကြတာက လည်း ကြည်နူးဆွတ်ပျံ့ဖွယ်မုဒိတာ မြင်ကွင်းပုံရိပ် တစ်ခုဖြစ်စေခဲ့ပါတယ်။ ပေါ်ပြူလာ ၁၆ နှစ် ပြည့်အထိမ်းအမှတ် သွေး လှူဒါန်းမှုကို mntv ကလည်းပေါ်ပြူလာအဖွဲ့သားတွေနဲ့အတူ မရပ် မနားလှုပ်ရှားဓာတ်ပုံဗီဒီယိုမှတ်တမ်း ရိုက်ကူး နေတာကြည်နူးပီတိဖြစ်စရာပါ။

"ညီမ အရင်နှစ်လလောက်ကပဲ သွေးလှူ ထားတာဆိုတော့ ဒီတစ်ခေါက် ပေးမလှူတော့ ဘူး။ သွေးလှူရခြင်းက တအားကို မြင့်မြတ် ပါတယ်။ ကိုယ့်သွေးနဲ့သူများကို အသက်ပေးဆက် တာပဲ။ကိုယ့်သွေးနဲ့တစ်ဖက်က အသက်ရှင် ခွင့်ရတာ တအားကို ကုသိုလ်ရပါတယ်" လို့ နန်းခင်ဇေယျာ က သွေးလှူဒါန်းမှုမှာ ကူညီ အားဖြည့်ပေးရင်းနဲ့ သွေးကုသိုလ်ပြုရခြင်းက မွန်မြတ်တဲ့ အလုပ်ဖြစ်ကြောင်းပြောပြခဲ့ ပါတယ်။

သွေးလှူဒါန်းသူများကို လာရောက်အား ပေးစကားပြောတဲ့ အေးမြတ်သူကလည်း "သွေး မေတ္တာအဖွဲ့မှာ အဖွဲ့ဝင်ထားတယ်။လှူ တိုင်း တော့ မရောက်ဖြစ်ဘူး။နယ်မှာရောက်နေတာ နဲ့ ရန်ကုန်မှာမရှိတာများတော့ မရောက်ဖြစ် ဘူး။ ဒီတစ်ခါတော့ အေးမြတ်သူ သွေးလှူ ပွဲ ကို ပထမဆုံးေ ရာက်ဖြစ်တာပါ။ အေးမြတ်သူ လည်း သွေးလှူချင်ပါတယ်။ နောက်နောင် ပေါ်ပြူလာကပဲဖြစ်စေ၊ မည်သည့်ပရဟိတ အဖွဲ့က မဆိုသွေးလှူဒါန်း မယ်ဆိုရင် တစ် နေ့နေ့တော့ ကိုယ်တိုင်ကိုယ်ကျသွေးလှူဒါန်း ချင်ပါသေးတယ်။ ပေါ်ပြူလာရဲ့ ၁၆ နှစ်ပြည့် သွေးလှူဒါန်းပွဲကို လာရတဲ့အတွက် ဝမ်းသာ ပါတယ်။ပေါ်ပြူလာမိသားစုရဲ့ အလှူဆိုတာ ကလည်း အေးမြတ်သူတို့အလှူလိုပါပဲ။ အနု ပညာရှင်နဲ့ ဂျာနယ်တွေကအမြဲတမ်း မိသားစု လိုနေနေရတော့အေးမြတ်သူပါဝင်ရတဲ့အတွက် ဝမ်းသာပါတယ်။ ပေါ်ပြူလာ ၁၆ နှစ်ပြည့်က စပြီး ပြည်သူတွေသိသင့်၊ သိအပ်သောအရာ တွေ အားလုံးကို ဒီထက်မကရှာဖွေပြီး အသိ ပေးနိုင်ပါစေလို့ ဆုတောင်းပေး ပါ တယ်" လို့ပြောပါတယ်။ဆက်လက်ပြီး သွေးလှူဒါန်းနေ သူများကိုလိုက်လံ အားပေးစကား ပြောကြားပေးခဲ့ တဲ့ ချမ်းမီမီကိုက

"ချမ်းမီလည်း ငယ်ငယ်တုန်းက သွေးလိုအပ်ခဲ့ တယ်။ဘုန်းကြီးတစ်ပါးရဲ့ သွေး ကို ချမ်းမီယူခဲ့ဖူးတယ်။ ချမ်းမီ က ဗသွေး။ကိုယ့်လိုပဲသွေးလိုအပ် တဲ့သူတွေက အများကြီးပဲလေ။ အခုလိုမျိုး ပေါ်ပြူလာဂျာနယ်က စု ပေါင်းသွေးလှူကြတဲ့အတွက် တအားလည်းဂုဏ်ယူပါ တယ်။ သွေးလိုအပ် နေ တဲ့လူနာရှင်တွေလည်းချမ်းမီလိုပဲ တအားဝမ်း သာကြမှာပါ" လို့ ပြောပြခဲ့ပါတယ်။

လူ့အသက်အရွယ် ၁၆နှစ်ကျော် ဆယ် ကျော်သက်အရွယ်၊ ၁၇နှစ်အရွယ်တွေသွေး လှူဒါန်းမှုပြုလုပ်နိုင်ခွင့်နဲ့သွေးလှူဒါန်း သူတစ် ယောက်အနေ နဲ့လိုအပ်မှုတွေကို အမျိုးသားသွေး လှူဌာန (တာဝန်ခံ) ဒေါက်တာ သီတာအောင် က "ပထမဆုံးက ဆုံးဖြတ်ပိုင်ခွင့် ပေါ့။ ၁၈နှစ် ဆိုရင်ဆုံးဖြတ်ပို င် ခွင့်ရှိပြီ။ နောက်တစ်ခုက ကျန်းမာရေးပေါ့။ သူ့ရဲ့ခန္ဓာကိုယ်ရဲ့ဖွံ့ဖြိုးမှုက ၁၆နှစ်ဆိုပြည့်ပြီ။ ဒါပေမဲ့သူ့မှာ ဆုံးဖြတ်ပိုင် ခွင့်မရှိသေးဘူး။သူ့ရဲ့ကျန်း မာရေးအတွက် ပြည့်စုံပြီးတဲ့၁၆နှစ်ရယ်၊ ဆုံးဖြတ်ပိုင် ခွင့်ရှိတဲ့ ၁၈နှစ်ရယ်ကိုသတ်မှတ် လိုက် တယ်။တကယ်လို့ မိဘကလည်း ခွင့်ပြု လက်ခံတယ်ဆို ၁၇နှစ်ပြည့် ရင်လှူခွင့်ပြုတယ်။သွေးလှူတဲ့ သူတိုင်းသည် အဓိကကှနထနဲ့ မူးယစ်ဆေးဝါးကို လုံးဝရှောင်နိုင်တဲ့ သူ ဖြစ်မှသာ သွေးအလှူရှင်ေ ကာင်းတစ် ယောက်၊ အမြဲလှူနိုင်တဲ့သူတစ်ယောက်ဖြစ်မှာပါ။ ဆရာမ တို့ရဲ့သွေးအလှူရှင် New Generation လေးတွေကို အဓိကပြောချင်တာက ကျန်းမာ ရေးကောင်းအောင်နေပေးကြပါ။အန္တရာယ်ရှိ မယ့် စရိုက်တွေကိုလုံးဝရှောင်ပေးကြပါ။ဒါဆို သူများကိုလည်းကယ်နိုင်မယ်။ ကိုယ့်ရဲ့အ နာဂတ် လေးလည်းတောက်ပလာမှာပါ" လို့ပြောပါတယ်။

အဆိုပါသွေးလှူဒါန်းကုသိုလ်ပြုမှုနဲ့အတူ Asian Fame Media Group ရဲ့ နှစ်စဉ် လူမှုရေးလှူဒါန်းငွေ ကျပ် သိန်း၁၂ဝအနက် လက်ကျန်ငွေကျပ် ၁၆ သိန်းကို သွေးလှူ ဘဏ်သို့ သွေးလှူရှင်များလာရောက်စောင့် ဆိုင်းရာတွင်အဆင်ပြေမည့် နည်းပညာရပ် များ ဖော်ဆောင်နိုင်ရေး အသုံးပြု ရန်အတွက်အပြီးသတ်ပေးအပ်လှူဒါန်းခဲ့ပါတယ်။

Credit To > Popular Journal

0 comments:

Post a Comment