တောထွက် ရဟန်းလေး တစ်ပါးရဲ့ ဖြစ်ရပ်ပါ။
ဦးဇင်းလေးဟာ တောထဲမှာ ရှိတဲ့ စေတီလေးမှာ တရား အားထုတ်ဖို့ရာ တံမြက်စည်း လှဲတဲ့ အခါကျတော့ ...
မျောက်အိုကြီးက လာပြီး မစင်တွေ ပြန့်ကျဲ နေအောင် စွန့်သွား လိုက်တာ၊ တရားထိုင်လို့ မရပြန် ဘူးပေါ့ ။ နောက်တစ်နေ့ တံမြက်စည်းလှဲ နေတုန်းမှာ နွားအိုကြီးက တခါလာပြီး မစင်တွေ စွန့်သွား ပြန်ရော။ နောက် တစ်ရက်လည်း ဒီလိုဘဲ့ မျောက်အိုကြီးက တခါ လာပြန်ပြီး စွန့်သွား ပြန်ရော တရားထိုင်လို့ မရပြန် ဘူးပေါ့။
နောက်ရက်တော့ တအား ရုပ်ဆိုးတဲ့ သူကို တခါမှ မတွေ့ဖူးဘူးတဲ့။ ဒီကောင်တော့ မာန်နတ်ဘဲ့ ဖြစ်လိမ့်မယ် ဆိုပြီး “အသင် မာန်နတ် မဟုတ်ဘူးလား” ဆိုတော့ “ဟုတ်တယ်တဲ့”။ (မာန်နတ်က မုသား မပြောဘူး အမှန် ဝန်ခံပါတယ်။)
ဦးဇင်းလေးက (၃)၊(၄)ရက် လောက်နှောက်ယှက် ခဲ့တဲ့ မာန်နတ်ကို စိတ်မဆိုးဘူး။ “အသင်မာန်နတ်” သင်က ဘုရားကို မြင်ဖူးတယ်။ ဦးဇင်းတို့ ကတော့ ဘုရားကို မမြင်ဖူးဘူး ဆိုတော့ ဘုရား အရာကို “ဖန်ဆင်းပြပါ” ။ သူကြည်ညိုချင်လို့ ဆိုတော့ မာန်နတ်က “လုံးဝ တူအောင်တော့ မတတ်နိုင်ပါဘူး”. တစိတ်တပိုင်းလောက် ဘုရားနှင့် တူအောင် ဖန်ဆင်းနိုင် တယ်လို့ မာန်နတ်က ပြောပါတယ်။
ဦးဇင်းလေးက ဘုရားနှင့် ချွတ်စွတ် တူအောင်တော့ မတတ်နိုင် လည်း ရပါတယ်၊ တစိတ် တပိုင်းလေး ရရင်လည်း ဖန်ဆင်းပြပါ ဆိုတော့ မာန်နတ်က ဘုရား
ပုံစံ ဖန်ဆင်းပြ လိုက်ရော .............
“ ဟာ.......... ကြည်ညိုစရာ ကောင်းလိုက်တာ”
“ ကြည်ညိုစရာ ကောင်းလိုက်တာ ”
တကယ့်ကို ကြည်ညိုစရာ ကောင်းတော့...
... ဒီမှာ တခါတည်း စိတ်ထဲက ကြည်ညို ပြီးတော့ ပီတိတွေ ဖြစ်တာပေါ့ ။
ပီတိတွေ ဖြစ်ပြီး တရားထိုင် လိုက်တာ ဒီမှာ တခါတည်း တရားပေါက်ပြီး တရား ရသွားတာဗျာ့။
ဦးဇင်းလေးက မာန်နတ်ကို “မင့်က ဘာတဲ့ ညာတဲ့” ဆိုပြီး စိတ်ဆိုး လိုက်ရင် တရားက တခါတည်း ကုန်ရော။
ဟိုမှာ ၃ရက် ၄ရက်လောက် လုပ်နေတာကို ဦးဇင်းလေးက စိတ်မဆိုး ဘူးဗျာ့။ နောက်တော့ မေးတော့လည်း မာနတ်က အမှန်ဘဲ့ ပြောတယ်လေ။ တွေ့လား ဒီမှာ မာန်နတ်က “အမှန်ကို ဝန်ခံရဲတဲ့ သူဗျာ့။”
“မင့်တို့ အပြစ်ကို မင့်တို့ ဝန်မခံရဲဘူး”
ကဲ ဘုန်းကြီးက မေးမယ်။ ဒီနေ့ စောစောက တနေ့လုံး ဘာတွေ ကြံခဲ့လဲဆို မင့်တို့က “ မှန်တာတွေ မပြောရဲဘူး” မာန်နတ်က “ပြောရဲတယ်ဗျာ့” ။ မာန်နတ်က တခြားသူတွေကို မကောင်းတာ တွေသာ သူလုပ်နေ ရတာဗျာ့။ “မုသားတွေ မပြောဘူး” (ကိုယ် လုပ်ခဲ့တဲ့ အပြစ်တွေကို ကိုယ် ပြောရဲတယ်ဗျာ့။)
ဦးဇင်းလေးကလည်း “သည်းခံတယ်၊ သည်းခံတယ်”
မျောက်အိုကြီး လုပ်လည်း စိတ်မဆိုးဘူး ။နွားအိုကြီး လုပ်လည်း စိတ်မဆိုးဘူး။ အမျိုးမျိုး လုပ်နေတာ ကိုလည်း စိတ်မဆိုးဘူး။ တော်ရုံ တန်ရုံ လူဆို (၂)ရက် လောက်ဆို စိတ်ဆိုးပြီပေါ့။
ဒါကြောင့်မို့လို့ မင့်တို့ အလုပ်တွေ လုပ်ရာမှာ လူငယ်တွေ ဖြစ်တဲ့ အတွက် တအား လုပ်ရမှာ။ ဒါကြောင့် ဒီ “ခန္တီ” ဆိုတဲ့ “သည်းခံမှု” ပါလို့ရှိရင် တရား လုပ်တဲ့ နေရာမှာရော၊ စီးပွားရေး လုပ်တဲ့ နေရာမှာပါ “အများကြီး” ရတာဗျာ့။
တရားလည်း တအား တိုးပွားသလို စီးပွားရေး မှာလည်း “ကြီးပွားတယ်ဗျာ့။”
(သက်တော်ရှည် ဆရာတော်)
0 comments:
Post a Comment