Wednesday, June 12, 2013

ခြေစစ်ပွဲအောင်မြင်ရေး အတွက် ရုန်းကန်ရမည့် သြစတြေးလျနှင့် ဂျော်ဒန်

၂၀၁၄ ကမ္ဘာ့ဖလား အတွက် အာရှဇုန် ခြေစစ်ပွဲများကို ယနေ့ ဆက်လက်ကျင်းပမည် ဖြစ်ရာ အုပ်စုA မှာ တောင်ကိုးရီးယားနှင့် ဥဇဘက်ကစ္စတန်၊ အီရန်နှင့် လက်ဘနွန် ၊ အုပ်စု Bမှ သြစတြေးလျနှင့် ဂျော်ဒန် ၊ အီရတ်နှင့် ဂျပန်တို့ ကစားကြ မည် ဖြစ် သည်။
   အုပ်စု A တွင် တောင်ကိုးရီးယားနှင့် ဥဇဘက်က ၁၁ မှတ်စီ၊ အီရန်က ၁၀ ရရှိထားကြပြီ ဖြစ်ပြီး အုပ်စုB တွင် ဂျပန်က ၁၄ မှတ်ဖြင့် ခြေစစ်ပွဲကြိုအောင်ထားပြီး ဖြစ်ကာ အိုမန်က ၉ မှတ်၊ သြစတြေးလျနှင့် ဂျော်ဒန်က ၇ မှတ်၊ အီရတ်က ၅ မှတ် ရရှိထားကြသည်။ သြစတြေးလျမှာ ယခုပွဲကို အိမ်ရှင် အခွင့်အရေးနှင့် အတူ အနိုင်ရရှိအောင် မကစားနိုင်ခဲ့ပါ က ခြေစစ်ပွဲ အောင်နိုင်ရေးနှင့် ဝေးသွား မည့် အနေအထားတွင် ရှိနေသည်။ အုပ်စု A မှ တောင်ကိုရီးယားနှင့် ဥဇဘက် ပွဲတွင်လည်း ၂ သင်းစလုံး အမှတ်တူ ဖြစ်နေ၍ ရှုံးနိမ့်သော အသင်း အနေနှင့် တိုက်ရိုက် ခြေစစ်ပွဲအောင်ရန် အခွင့်အရေး နည်းသွားမည် ဖြစ်သည်။ ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ်များကို လာမည့် ၁၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

0 comments:

Post a Comment