Friday, June 14, 2013

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

၁၃.၆.၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မင်္ဂလာတောင်ညွှန့် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီး၍ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ယုဇနပလာဇာကားမှတ်တိုင် အနီး စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသူ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နေ အေးမောင်နှင့် ရှမ်းပြည်မြောက်ပိုင်း၊ သိန်းန္နီမြို့နေ မယေ့လုံ တို့နှစ်ဦးအား စစ်ဆေးရှာဖွေရာ အေးမောင် ကိုင်ဆောင်ထားသော မရမ်းရောင်လက်ဆွဲ အိတ်အတွင်းမှ အနက်ရောင်အိတ်အရှည် (၄)လုံးဖြင့်ထည့်ထားသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၃၅၀) ပြား၊ အလေးချိန် (၁၁၃၅) ဂရမ်၊ တန်ဘိုး ၅၆၇၅၀၀၀၀ိ/- ကျပ်နှင့် မယေ့လုံ၏ လက်အတွင်း မှ
HUAWEI အမျိုးအစား လက်ကိုင်ဖုန်း (၁) လုံးအားရှာဖွေတွေ့ရှိ သဖြင့် အေးမောင်နှင့် မယေ့လုံတို့ နှစ်ဦးအား
မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း မယ(ပ) ၁၇/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

0 comments:

Post a Comment