Sunday, June 9, 2013

မွန်တီနီဂရိုး ရှုံးပွဲတွေ့၍ အင်္ဂလန် အသင်း တိုက်ရိုက် ခြေစစ်ပွဲ အောင်ရန် မျှော်လင့်ချက် ရှိလာ

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များကို ယမန်နေ့က ကစားခဲ့ရာ အုပ်စု H ထိပ်ဆုံးမှ မွန်တီနီ ဂရိုးမှာ ယူကရိန်း အသင်းကို ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့၍ ဒုတိယ နေရာမှ တစ်ပွဲလျော့ အင်္ဂလန် အသင်းမှာ တိုက်ရိုက် ခြေစစ်ပွဲအောင်ရန် နီးစပ်သွားစေခဲ့ပြီ ဖြစ်သည်။
   အုပ်စု H တွင် ထိပ်ဆုံး ၄ သင်းမှာ မွန်တီနီဂရိုး ၇ ပွဲ ကစား ၁၄ မှတ်၊ အင်္ဂလန် ၆ ပွဲ ကစား ၁၂ မှတ်၊ ယူကရိန်း ၆ ပွဲ ကစား ၁၁ မှတ်၊ ပိုလန် ၆ ပွဲ ကစား ၉ မှတ်တို့ဖြင့် အစဉ်လိုက် ရပ်တည်လျက် ရှိသည်။ မွန်တီနီဂရိုးနှင့် ယူကရိန်း ပွဲစဉ်တွင် ပထမပိုင်း ပြီးခါနီး၌ ယူကရိန်းမှ ဇိုဇူယာ အထုတ်ခံခဲ့ရသည်။ ဒုတိယပိုင်း ၅၂ မိနစ်တွင် ယူကရိန်းမှ ဂါမက်ရှ်က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ၆၆ မိနစ်တွင် မွန်တီနီဂရိုးမှ ဗိုကော့ဗ် ၂ ၀ါ ၁ နီဖြင့် ထွက်ခဲ့ရသည်။ ၇၇ မိနစ်တွင် ယူကရိန်း ဒုတိယဂိုး သွင်းယူခဲ့ပြီး ၂ မိနစ် အကြာတွင် မွန်တီနီဂရိုးမှ ပါဗီစ်ဗစ် အထုတ်ခံရပြန်သဖြင့် ၉ ယောက်နှင့် ၁၀ ယောက် ကစားရသော ပွဲဖြစ်ခဲ့သည်။ လူအသာ၊ ဂိုးအသာ ရထားသော ယူကရိန်းက ၈၅ မိနစ်နှင့် နာကျင်အချိန်ပိုတို့တွင် ၁ ဂိုးစီ ထပ်မံ သွင်းယူခဲ့သည်။ အုပ်စု H ၏ လာမည့် ပွဲစဉ်များကို စက်တင်ဘာနှင့် အောက်တိုဘာလများတွင်မှ ဆက်ကစားရမည် ဖြစ်သည်။

0 comments:

Post a Comment