မန်ယူ နည်းပြ မိုရက်စ်သည် ဘာစီလိုနာမှ ကွင်းလယ်လူ
ဖာဘရီဂတ်စ်ကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူရန် အာဆင်နယ်နှင့် အပြိုင်
ဖြစ်နေကြောင်း သိရသည်။ မန်ယူ အသင်းသည် ဘာစီလိုနာတွင် နေရာ မရ ဖြစ်နေသည့် စပိန် ကွင်းလယ်လူ
ဖာဘရီဂတ်စ်ကို အရခေါ်ယူရန် မျှော်လင့်ထားသည်။ ဖာဘရီဂတ်စ် ကမူ ၎င်းအနေဖြင့်
ဘာစီလိုနာ အသင်းမှ ပေါင် သန်း ၅၀ ဖြင့် တိုက်စ်မှူး နေမာကို
ခေါ်ယူခဲ့သော်လည်း ဘာစီလိုနာမှာ နေရာရရန် ဆက်လက် ကြိုးစားမည်ဖြစ်ကြောင်း
ဆိုသည်။ မန်ယူ အသင်းသည် ပေါလ်စခိုး ကစားရာ ကွင်းလယ်တွင် လိုအပ်နေပြီး
ပေါလ်စခိုးမှာလည်း ယမန်နှစ် ရာသီတွင် ကစားသမား ဘ၀မှ နားသွားပြီ ဖြစ်၍ ယင်း
နေရာအတွက် အစားထိုးရန် လိုအပ်နေသည်။ အာဆင်နယ် အသင်းကလည်း ၎င်းတို့
ကစားသမားဟောင်း ဖာဘရီဂတ်စ်ကို အသင်းသို့ ပြန်လည် ခေါ်ယူလိုကြောင်း သိရသည်။
0 comments:
Post a Comment