မန်ချက်စတာ
ယူနိုက်တက် ကစားသမားဟောင်း (၄)ဦးဖြစ်သည့် အန်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊
လီရှပ်၊ ကလေတန် ဘလက်မိုးတို့ ပါဝင် ကစားမည့် Myanmar Senior National Team
နှင့် MNL Foreigners Team တို့၏ ရံပုံငွေ ခြေစမ်းပွဲတွင် Myanmar Senior
National Team နည်းပြအဖြစ် မကွေးအက်ဖ်စီ အသင်းနည်းပြ ဦးကြည်လွင်မှ တာဝန်ယူ
ဆောင်ရွက်သွား မည်ဖြစ်သည်။
မူလက ချင်းယူနိုက်တက် အသင်းနည်းပြ ဦးဆန်းဝင်းမှ နည်းပြအဖြစ်
ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း ကလပ်အသင်း အရေးကြီး ပွဲစဉ် များကြောင့်
တာဝန်မယူ ဖြစ်တော့ဘဲ ဦးကြည်လွင်ကိုအစားထိုး တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
ဇွန်လ ၉ ရက်နေ့ ညနေ ၄နာရီ အချိန်တွင် သုဝဏ္ဏ
ဘောလုံးကွင်း၌ အဆိုပါ ခြေစမ်းပွဲကို ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး လက်မှတ်
များအား ၁၀၀၀၊ ၅၀၀ ကျပ်နှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကာ ရရှိသည့်
ကွင်းဝင်ကြေးများအား ပြန်လည် လှူဒါန်း သွားမည် ဖြစ်သည်။
Myanmar Senior National Team တွင် နည်းပြချုပ် အဖြစ် ဦးကြည်လွင် နှင့်အတူ လက်ထောက် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်း၊ ဂိုးနည်းပြ အဖြစ် ဦးအောင်ကျော်ကျော်တို့က တာဝန်ယူမည် ဖြစ်ပြီး MNL Foreigners Team တွင်မူ နည်းပြအဖြစ် ဆီဗာဂျီ (ကမ္ဘောဇ)၊ လက်ထောက် နည်းပြ ဦးမင်းဇော်ဦး၊ ဂိုးနည်းပြ လော့စ်ဆန်နီ (ရန်ကုန်) တို့က တာဝန်ယူ သွားမည် ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အသင်းတွင် ကစားသမားဟောင်း စိုးမြတ်မင်း ပါဝင်ကစားမည် ဖြစ်သကဲ့သို့ ကမ္ဘောဇ အသင်း ရှေ့တန်းလူ မိုင်အိုက် နိုင် ကိုလည်း ထပ်မံ အားဖြည့် ရွေးချယ်ထားကြောင်း တွေ့ရသည်။ အဆိုပါ ရံပုံငွေ ပွဲစဉ် အတွက် လက်မှတ်များအား ၁၀၀၀၊ ၅၀၀ ကျပ်နှုန်းများဖြင့် ရောင်းချပေးသွားမည် ဖြစ်ကာ ရရှိသည့် ကွင်း ၀င်ကြေးများအား ပြန်လည် လှူဒါန်းသွားမည် ဖြစ်သည်။
Myanmar Senior National Team လူစာရင်း
နည်းပြချုပ် - ဦးကြည်လွင်
လ/ထနည်းပြ - ဦးမျိုးလှိုင်ဝင်း
ဂိုးနည်းပြ - ဦးအောင်ကျော်ကျော်
ကစားသမားများ
ဂိုး - သီဟစည်သူ၊ နိုင်ဇေယျာထွန်း
နောက် - ခင်မောင်လွင်၊ မိုးဝင်း၊ ဇော်လင်းထွန်း၊ ၀င်းမင်းထွဋ်၊ မင်းသူ
လယ် - အောင်မိုး၊ ပိုင်စိုး၊ ရန်အောင်ကျော်၊ စိုးမြတ်မင်း၊ အောင်ကျော်မိုး၊ ဇော်ထက်အောင်၊ အောင်မြင့်အေး၊ ရာဇာဝင်းသိန်း
ရှေ့ - ရန်ပိုင်၊ စည်သူဝင်း၊ စိုးမင်းဦး၊ မိုင်အိုက်နိုင်
MNL Foreigners Team လူစာရင်း
နည်းပြချုပ် - ဆီဗာဂျီ
လ/ထနည်းပြ - ဦးမင်းဇော်ဦး
ဂိုးနည်းပြ - လော့စ်ဆန်နီ
ကစားသမားများ
ဂိုး - ကျော်ဇင်ထက်၊ ယဉ်မင်းအောင်
နောက် - ဘန်ဆန်၊ မာတင်၊ နီကိုလာ၊ ကမ်ဘူး၊ အီဗရာဟင်၊ ဟန်ဆန်၊ ဂျောင်
လယ် - အိုင်ဗန်၊ ကိုနေး၊ ချူကွာဇူ၊ အီနာမာ၊ နူးနက်စ်
ရှေ့ - မန်ဒန်ဂူ၊ အဆာလေ၊ ဆီဇာ၊ ဆာဆာ
0 comments:
Post a Comment