ယျာတင် (MYARF)
၃၊ ၆၊ ၂၀၁၃။ ၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင် နှစ်၏ နိဒါန်းပြုနေ့။
အ.ထ.က (၁) မောင်တောမြို့။ ဖြစ်ပျက် ခဲ့ပုံက ထူးဆန်း လှသည်။
ကျောင်းဖွင့်စနေ့ ဆိုတော့ ကျောင်းစည်းကမ်းကို အစပြု ဖော်ဆောင် နေ၏။ အချိန်က နံနက် ၁၀-နာရီ တိတိ။ ခေါင်းလောင်း ထိုးသံနှင့် တပြိုင်နက် ကျောင်းသား/သူ များအားလုံး ကျောင်းရှေ့ တည့်တည့်က နိုင်ငံတော် အလံရှေ့ မှောက်၌ တန်းစီ၍ နေရာယူ ကြလိုက်၏။ ကျောင်းအုပ် ဆရာကြီးက ဦးဆောင်၍ နိုင်ငံတော်အလံ ကို အလေးပြု ကြသည်။ ပြီးလျှင် ကျောင်းအုပ် ဆရာကြီးက ကျောင်းသား/သူ များကို နိုင်ငံတော် သီချင်း စဆိုရန် အချက် ပေးလိုက်သည်။ သို့သော် ကျောင်းသား/သူ အများစု တို့က နိုင်ငံတော် သီချင်းကို ရွတ်ဆိုခြင်း မပြုဘဲ ငြိမ်သက် နေလေသည်။ (အနည်းငယ်သော ကျောင်းသားများ ကတော့ ရွတ်ဆို နေဆဲ)။ နိုင်ငံတော် သီချင်းကို ရွတ်ဆို ပြီးလျှင် ပြီးပြီးချင်း ကျောင်းအုပ် ဆရာကြီး ဦးကျော်ဇောထွန်းက နိုင်ငံတော် သီချင်း မရွတ် ဆိုခဲ့သော ကျောင်းသား/သူ များကို အံ့သြစွာနှင့် မေးကြည့် လိုက်သည်။
“ဘာဖြစ်လို့ ဒီနေ့ နိုင်ငံတော် သီချင်းကို မရွတ်ဆို ခဲ့တာလဲ”
ကျောင်းသား/သူများ အားလုံး ငြိမ်သက်၍ တိတ်နေ၏။ ဆရာကြီးက မဲ့ပြုံး တစ်ချက် ပြုံးလိုက် မိသည်။ ဒီ ကလေးတွေ နိုင်ငံတော် သီချင်း မရွတ်ဆို တတ်ဘူးဟု ထင်မိပြီး-
“သားတို့ သမီး တို့ရေ . . . နိုင်ငံတော် သီချင်းကို အလွတ် ရအောင် အားလုံး ကြိုးစား ကြပါ” တဲ့။
ကျောင်းအုပ် ဆရာကြီး၏ အားမလို အားမရ သံကို ကြားရပြီး ကျောင်းသား/သူများ ပြုံးစိစိ လုပ်နေကြ သည်။ ကျောင်းသား/သူ များ၏ ရင်ထဲက ခံစားချက် စစ်စစ်ကို အ.ထ.က ကျောင်းအုပ်ကြီး လုပ်သူက မဖတ် တတ်ခဲ့ပေ။
ကျောင်းစဖွင့် နေ့ဆိုတော့ စာသင်ချိန် တစ်ချိန် ပြီးသည်နှင့် ကျောင်းလွှတ် ခေါင်းလောင်း ထိုးသံ ကြားနေရ သည်။ ကျောင်းဂိတ်ဝမှ ထွက်လာသော ကျောင်းသား/သူ များ၏ ပါးစပ် မှာတော့ တီးတိုး သံတွေ . . .။
“လာရှိုးမြို့မှာ အကြမ်းဖက် သမားတွေ အကြမ်းမဖက်ခင် ဒီနိုင်ငံတော် သီချင်းကို ပြိုင်တူ ရွတ်ဆို ခဲ့တယ်။ အကြမ်းဖက် သမားတွေ လိုဂို အဖြစ် သုံးနေတဲ့ ဒီနိုင်ငံတော် သီချင်းကို အပြစ် မဲ့သော၊ ရိုးသာ့း ဖြူစင်စိတ် ရှိသော ကျောင်းသား/သူ များအနေဖြင့် ဒီလို အမွန်မြတ် ဆုံးသော နေရာ ဖြစ်တဲ့ စာသင်ကျောင်း ခြံဝင်း၌ မဆိုအပ် သင့် ဘူးလေ”။
လောကကြီးရဲ့ မာယာအောက် သိပ်မရောက် ဖြစ်ခဲ့သော လူငယ် ကျောင်းသား များ၏ ရင်ထဲ၌ နိုင်ငံတော် သီချင်းကို အကြမ်းဖက် သမားသုံး နိုင်ငံတော် သီချင်း ဟူ၍ ရွက်ဆိုရန် ငြင်းပယ် နေခြင်း၏ နောက်ကွယ်မှာ နိုးဆွပေးသူ၊ လှုံ့ဆော် ပေးသူ၊ စည်းရုံး ခဲ့သူ များရှိ နေသလားဟု စုံးစမ်း ခဲ့သော်လည်း ဘယ်သူမှ ရှိပုံ မပေါ်ခဲ့ပေ။
ဤစကားကို ကြားပြီး ကျွန်တော်သည် ကျောင်းသား တစ်ဦးနှင့် တွေ့ဆုံ၍ လွတ်လပ်စွာ ပြောပိုင် ခွင့်မရှိ ရှာသော နိုင်ငံမှ ကျောင်းသား ငယ်များ၏ ရင်ထဲက ခံစားချက် နုနုလေးကို ဘာသာပြန် ရေးဖို့ စိတ်ကူး ရရှိ၍ ဤ ဆောင်းပါးကို ရေးဖြစ်ခြင်း ဖြစ်သည်။
မကြာမကြာ တွေ့ဦးမှာမို့ စောင့်မျှော်ပြီး ဖတ်ကြည့်ပါဟု တိုက်တွန်းရင်း။
စာဖတ်သူများ ကျန်းမာ ချမ်းသာ ကြပါစေ။
ကျေးဇူးတင်လျက်
(ယျာတင်)
0 comments:
Post a Comment