Thursday, June 13, 2013

အမြန်လမ်းမအနီး ခေါင်းဖြတ်သတ်ခံရသည့် အမျိုးသမီးအမှုမဖေါ်ထုတ်နိုင်သေး

ရန်ကုန်  ဇွန်  - ၁၁ ။        ။ဖြူးမြို့နယ် အမြန်လမ်းမကြီးအနီးတွင် ခေါင်း ဖြတ်အသတ်ခံရသည့် အမျိုးသ မီးအမှုနှင့်ပတ်သက်၍ သုံးလကျော် လေးလအတွင်း ဝင်ရောက် လာပြီ ဖြစ်သော်လည်း သေဆုံးသူအမျိုး သမီးမှာ မည်သူမည်ဝါမှန်း မသိ ရသေးသကဲ့သို့  လူသတ်တရားခံ ကိုလည်း စုံစမ်းမဖော်ထုတ်နိုင် သေးသည့် လူသတ်မှု အတွက် တောင်ငူခရိုင်ရှိ အမျိုးသမီးများ ၏လက်ဗွေနှင့် နိုင်ငံသားကိုယ်ရေး ရာဇဝင်တစ်သိန်းနီးပါးကို တိုက် ဆိုင်စစ်ဆေးခဲ့သော်လည်း တရား ခံနှင့် ပတ်သက် သည့် အချက်အ လက်များမရရှိသေးကြောင်း တောင် ငူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ပြောဆိုချက်အရ သိရ သည်။
ယင်းအမှုကို စီအိုင်ဒီနှင့် တောင်ငူ ခရိုင်လဝကတို့ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မေလ ကုန်ခါနီး ရက်သတ္တပတ်အလိုတွင် စစ်ဆေးခဲ့ရာ နှစ်ပတ်နီးပါးကြာ မြင့်ခဲ့ ကြောင်းသိရသည်။
ယင်းသို့အမျိုးသမီးများ၏ လက်ဗွေရာနှင့် ကိုယ်ရေးအကျဉ်း တို့ကိုစစ်ဆေးရခြင်းမှာ သေဆုံး သူ အမည်မသိအမျိုးသမီး၏ အမှုအတွက် သက်သေခံအချက် အလက် များ ခြေရာခံရရှိနိုင်စေ ရန် ယင်းကဲ့သို့စစ်ဆေးခြင်းဖြစ် ကြောင်း၊ သေဆုံးသူအမျိုးသမီး မှာ တောင်ငူခရိုင် ဖြူးမြို့နယ်အ တွင်းရှိ အမျိုးသမီးများနှင့်ပတ် သက်ဆက် နွှယ်မှု ရှိနိုင် မရှိနိုင်ကို သိရှိနိုင်ရန်ဖြစ်ကြောင်း သိရသည်။ 
ယင်းကိစ္စနှင့်ပတ်သက်၍ တောင်ငူခရိုင်ရဲရုံးမှ တာဝန်ရှိသူ က ''ဒီလူသတ်မှုကို မြန်မာတစ်နိုင်ငံ လုံးက ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်း ဆောင်ရွက်နေပါတယ်။ အခု လက် ဗွေရာ နဲ့ ကိုယ်ရေး အကျဉ်းတွေ ကို တိုက်ဆိုင်စစ်ဆေးနေတာလဲ ထူးခြားမှုတော့ မတွေ့သေးဘူး။ မကြာခင်တော့ တရားခံရဲ့အား နည်းချက်ကို သိရမယ်လို့တော့ ထင်တယ်။ ပြည်သူ တွေအ နေနဲ့လဲ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်'' ဟု ဆက်လက်ပြောသည်။
အသတ်ခံရသည့် အမျိုး သမီးသတင်းနှင့်ပတ်သက်၍ ပြည် သူများသိရှိထားစေရန်နှင့် ပူးပေါင်း ပါဝင်ရန်လိုအပ်ကြောင်း၊ ရန်ကုန် တိုင်းရဲရုံးမှ တာဝန်ရှိသူက  '' ပြည်သူ တွေပါ ပူးပေါင်းပါဝင်ရင်တော့ ဒီအမှုကမိမှာပါ။ မြန်မာတစ်နိုင်ငံ လုံးရဲ့ရဲစခန်းတွေမှာ ဒီအမျိုးသမီး အသတ်ခံရမှုနဲ့ပတ်သက်ပြီး အ ချက်တွေ အလက် တွေကို တတ် နိုင် သမျှစုံ စမ်းနေပါတယ်။ အဓိက စစ်ဆေးနေတာကတော့ မှုခင်း တပ်ဖွဲ့စီအိုင်ဒီပါ''ဟု ပြောသည်။

ကျော်မြတ်ဇံ

0 comments:

Post a Comment