Friday, June 7, 2013

ဇာတ်ပို့ ဇာတ်ရံတွေကိုလည်း အားပေးစေချင်တယ် ယွန်းရွှေရည်

ဆံပင်အတိုလေးနဲ့ တစ်မျိုးဆန်းနေတဲ့ သရုပ်ဆောင် ယွန်းရွှေရည်ကို တွေ့ဆုံတဲ့အခိုက် ယွန်းရွှေရည်က “ဆံပင်ကို ပထမ အတိုညှပ်လိုက်တယ်။  အဲဒါ နည်းနည်း ရှည်နေတယ် ထင်သေးလို့ နောက်တစ်ခေါက် ညှပ်လိုက်တာ။ ဆံပင်ရှည်ကြီးပဲ အမြဲဖြစ်နေလို့ ပုံလေးလည်း ပြောင်းသွားအောင် အမြင်ဆန်းသွားအောင် ညှပ်ဖြစ်ခဲ့တာပါ။ မေလ ၂၄ ရက်နေ့က ပြင်ဦးလွင်ကနေ ပြန်ရောက်ပြီး “ဘေဘီပွစီ” ဇတ်ကားမှာ ပထမဦးဆုံး ပြန်ရိုက်တာပါ။ ဒီအနုပညာအလုပ်ကို ငယ်ငယ်ကတည်းက အရမ်းစွဲလမ်းပြီး အရမ်းနှစ်သက်ခဲ့ရတာမို့လို့ ကိုယ်လုပ်နေ တဲ့ အလုပ်ကို ရှေ့ဆက်ပြီး အောင်မြင်အောင် ကြိုးစားသွားမှာပါ။

ပရိသတ်တွေရဲ့ အားပေးမှုနဲ့ တန်အောင် အနုပညာနဲ့ ပြန်ပေးဆပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။ အခု ယွန်းရွှေရည် ရောက်နေတဲ့ နေရာကိုလည်း ကျေနပ်တယ်လို့ ပြောရမှာပါ။ ဒီထက်ပိုပြီး နေရာရလာအောင် ကိုယ့်ဘက်က ပိုပြီးသူများထက် ကြိုးစားရမှာပါ။

အလုပ်အပေါ်မှာ အခုနောက်ပိုင်းပိုပြီး ဂရုတစိုက်နဲ့ လုပ်တတ်လာတယ်။ တန်ဖိုးထားတတ်လာတယ်။ ဒီအနုပညာအလုပ်က ကိုယ်လုပ်ရင် လုပ်နိုင်သလို ကိုယ့်အတွက် ပိုပြီး အကျိုးရှိတယ်။ ဒီအလုပ်က အလုပ်များလာလေပိုပြီး လုပ်ရလေ ကိုယ့်အတွက် ပိုခက်ခဲလေးပဲ။ အသေးစိတ် သိလာလေ လုပ်ရတာ ခက်ခဲလေပါပဲ။ တော်ရုံတန်ရုံ ဘယ်လိုမှ လုပ်လို့မရတဲ့ အလုပ်ပါ။ ဗဟုသုတတွေကတော့ အများကြီးပါပဲ။ အပြင်မှာရှိတဲ့ ကာရိုက်တာတွေ ရိုက်တာလည်းရှိသလို အပြင်မှာ မရှိတဲ့ ကာရိုက်တာတွေ ရိုက်တဲ့အခါ အသိအမြင်တစ်ခုတော့ ရတာပေါ့။ ပရိသတ်အနေနဲ့ကတော့ ဗီဒီယိုတစ်ကားဆိုရင် တီဗွီဖန်သားပြင်မှာ ကြည့်ရတာ နှစ်နာရီလောက်ပဲ ကြာတယ်။ ရုပ်ရှင်ဆိုရင်တော့ သုံးနာရီလောက် ကြည့်ရတယ်ဆိုတော့ ခဏလေးလိုပဲ မြင်ရတယ်။ တကယ်တော့ နှစ်နဲ့ချီပြီးကြာအောင် ရိုက်ထားတဲ့ကားတွေ၊ လနဲ့ကြာအောင် ရိုက်ထားတဲ့ကားတွေလည်း ပါတယ်။ ဗီဒီယို ကားတစ်ကားကို ဆယ်ရက်လောက် ရိုက်ရတယ်ဆိုပေမယ့် အဲဒီဆယ်ရက်အတွင်းမှာ အဝတ်အစားတွေ၊ မိတ်ကပ်တွေ အပြင်အဆင်တွေ၊ ဇာတ်ကောင်စရိုက်တွေ ပြင်ဆင်ရတယ်။ တချို့က ပေါ့ပေါ့းပါးပါးပဲ ထင်ပေမယ့် နောက်ကွယ်မှာ ခက်ခဲတဲ့ အရာတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် ဇာတ်ပို့ဇာတ်ရံတွေကိုလည်း အားပေးစေချင်ပါတယ်။

0 comments:

Post a Comment