Thursday, June 6, 2013

ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် ၂ ခုအား ယခုလ နောက်ဆုံးပတ် အတွင်း ရွေးချယ် ထုတ်ပြန်သွားရန်ရှိ

Thursday, June 06, 2013


ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း လိုင်စင် ၂ ခုအား ယခုလ နောက်ဆုံးပတ် အတွင်း ရွေးချယ် ထုတ်ပြန် သွားရန်ရှိဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လိုင်စင် ၂ ခုအား ယခုလ နောက်ဆုံးပတ်အတွင်း ရွေးချယ်ထုတ်ပြန်သွားရန်ရှိ Thursday 6th June 2013 မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းများအရ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ၂ ခု အတွက် လုပ်ကိုင်ခွင့်ကို ယခုဇွန်လ ၂၇ ရက်နေ့မှာရွေးချယ် ထုတ်ပြန်ပေး သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အခုလို ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း လိုင်စင် ၂ ခု ခွင့်ပြုပေးဖို့ အတွက် Tender Application များ ဖွင့်ဖောက်မှုကို ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှိ မှာတော့ မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍမှာ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်ရရှိဖို့ အတွက် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတွေ ဖြစ်တဲ့ KDDI Corporation ၊ Sumitomo Corporation ၊ MICTDC နဲ့ A1 Construction တို့ပါဝင်တဲ့ လုပ်ငန်းစု၊ France Telecom Orange နဲ့ Maruheni Corporation တို့ ပါဝင်တဲ့ လုပ်ငန်းစု၊ Singtel ၊ Royal Myanmar Transport Co(KBI) နှင့် M-Tel တို့ ပါဝင်တဲ့ လုပ်ငန်း စုတွေ အပါအ၀င် စုစုပေါင်း နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ ၁၁ ခု တို့မှ လျှောက်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီကုမ္ပဏီတွေထဲမှ လုပ်ငန်း ၂ ခုကိုတော့ ယခုလ နောက်ဆုံး ပတ်မှာ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် အတွက် ချထားပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး အနေနဲ့
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ဈေးကွက် ယှဉ်ပြိုင်မှု ပြုလုပ်ပြီး တယ်လီဖုန်း သိပ်သည်းဆကို ၂၀၁၅-၂၀၁၆ မှာ တစ်နိုင်လုံးရဲ့ ၇၅ ရာခိုင်နှုန်း အထိ ရောက်ရှိစေဖို့နဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု များကို သင့်တော်တဲ့ နှုန်းထားနဲ့ ပြည်သူများ ရရှိခံစား နိုင်စေရေးစတဲ့ ရည်မှန်း ချက်များနဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလိုင်စင် ၂ ခုကို ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4

0 comments:

Post a Comment